Author: Baby Yit Lone
-

မြင်းခြံတွင် မင်းအောင်လှိုင်စစ်ကြောင်းကို PDF ၂ ဦးတည်း ဝင်ပစ်၊ စစ်သားငါးဦးသေဆုံးဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ထိုးနေသော စစ်ကြောင်းကို PDF ရဲဘော်နှစ်ယောက်တည်းက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဩဂုတ် ၁၂ရက်၊ နံနက် ၉နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်အတွင်း အင်အား၃၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် သုံးကြောင်းခွဲ၍ ထိုးလာခဲ့ရာ ခြေဆေးရွာအရှေ့ဘက်၌ PDF ရဲဘော်နှစ်ယောက်တည်းက ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Myingyan Black Tigerအဖွဲ့က သတင်းထုတ်ပြန်သည်။ ” စစ်ကြောင်းက ခြေဆေးရယ် ကံဆင့်ရယ်ဘက်ကနေ စစ်ကြောင်း ၃ကြောင်း ဖြန့်ထွက်လာတဲ့စစ်ကြောင်းဗျ။ တိုက်ခိုက်မှုက ခြေဆေးရွာရဲ့အရှေ့ဘက်လောက်မှာ ဖြစ်ခဲ့တာဗျ။ ရဲဘော်နှစ်ယောက်တည်းနဲ့ အနီးကပ် ပြောက်ကျားနည်းစနစ်ကို သုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အပြန်အလှန်ပစ်ခတ်တာမဟုတ်ဘူးဗျ။ သူတို့ဘက်က တစ်ချက်မှကို ပြန်မပစ်နိုင်ခဲ့ဘူး” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။…
-

စစ်ခေါင်းဆောင်ကို ဝရမ်းထုတ် အရေးယူနိုင်မယ့် အချက်အလက်တွေ ထပ်ထွက်လာ (ရုပ်သံ)
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ တရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ တရားဝင် ဖမ်းဝရမ်းထုတ်နိုင်ရေးနဲ့ အရေးယူနိုင်ရေးအတွက် သက်သေအထောက်အထားတွေနဲ့ စိစစ်တွေ့ရှိချက်တွေကို ရရှိထားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဆိုပါတယ်။ တွေ့ရှိချက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေဆီ မျှဝေပေးနေတယ်လို့ ဩဂုတ်လ ၁၂ ရက်မှာထုတ်ပြန်တဲ့ IIMM ရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုထင်ရှားတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်နိုင်ရေး တရားလိုရှေ့နေ လျောက်ထားရာမှာ သက်ဆိုင်ရာ သက်သေ အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို ပံ့ပိုးပေးခဲ့ပြီး ဆက်လက်ပြီးတော့လည်း ပံ့ပိုးမျှဝေပေးနေတယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေသာမက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှင်းပန်းနှိပ်စက်နေတာတွေကို…
-

ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး
ပြည်တွင်းထုတ်ကုန်များသုံးစွဲရန်အတွက် ပြည်ပသွင်းကုန်များကို စစ်ကော်မရှင်က ကန့်သတ်ပြီး ထိုင်းကုန်စည်လမ်းကြောင်းများကိုဖမ်းဆီး
-

တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး
တောင်ကြီးမှ စစ်မှုထမ်း တပ်သား မောင်ချမ်းမြေ့အောင် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ မိသားစုကို အသိ ပေး၊ ကန်ကြီးထောင့်မှ စစ်မှုထမ်းတပ်သား ဇင်ဘိုဘို သေဆုံးမှုအတွက် မည်သည့်ခံစားခွင့်မှ မပေးဟု စစ်တပ်က အကြောင်းကြား အကြမ်းဖက်စစ်တပ်က လူငယ်များကို စစ်မှုထမ်းတပ်သားများအဖြစ် ရှေ့တန်းတွင် သေဆုံးမှု ၆ လကျော်မှ စစ်တပ်က မိသားစုကို အသိပေးအကြောင်းကြားပြီး သေဆုံးစစ်မှုထမ်းတပ်သားများအတွက် မည်သည့်ခံစားခွင့်မှ ပေးရန်မရှိဟု စစ်တပ်က တရားဝင် အကြောင်းကြားလာကြောင်း သေဆုံးစစ်မှုထမ်းတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်တချို့နှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး လမ်းမတော်ရပ်ကွက်မှ အသက် ၃၀ အရွယ် မောင်ချမ်းမြေ့အောင် (ခ) အောင်အောင်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် စစ်မှုထမ်း အပတ်စဉ် ၁ အတွက်…
-
