Author: Baby Yit Lone

  • နောက်ဆုံးတော့ အကြွေးပေးပါတော့မယ်တဲ့

    နောက်ဆုံးတော့ အကြွေးပေးပါတော့မယ်တဲ့

    အခု Aung Kaung Mahn တို့ဘက်ကဆက်သွယ်လာပါတယ်ရှင့်

    သူတို့ဘက်ကပိုက်ဆံ (၁၀)သိန်းပြန်ပေးမယ်ပြောလာပါတယ်ရှင့်

    သူတို့နဲ့ ၅ လပိုင်း ၁၀ ရက်နေ့ချိန်းထားပါတယ်

    သူတို့ဘက်ကပေးမယ်လို့ပြောလာတဲဲ့အတွက် ဇင်ဇင် post တွေကို only me လုပ်လိုက်ပါပြီ အဓိကကပိုက်ဆံပြန်ရရင်တော်ပါပြီ

    သူတို့နဲ့ ၅ လပိုင်း ၁၀ ရက်နေ့တွေ့ပြီးလို့ ပိုက်ဆံတွေပြန်ရရင် post တွေအကုန်ဖြတ်ပြစ်မှာပါ

    ဒီလောက်ပါပဲ

    Edit —သူတို့ဘက်ကဒီနေ့ချက်ချင်းပေးမယ်ပြောပါတယ်

    ဇင်ဇင်ကဒီနေ့သွားတွေ့ဖို့မအားတဲ့အတွက်သူတို့လည်းမနက်ဖြန်မအားတဲ့အတွက်နှစ်ဦးနှစ်ဖက်အားတဲ့ရက်ကိုရွေးလိုက်တာပါရှင့်

    Zin Han Thu

    🚨Attention please 🚨

    Aung Kaung Mahn နင်နဲ့ငါနဲ့ဘာမှမပတ်သတ်တော့ဘူး

    နင်ငါနဲ့တွဲတုန်းကတောင်းခဲ့ပိုက်ဆံတွေစုစုပေါင်း(၁၀သိန်း)ပြန်လာပေးပါ

    ငါနင်ကိုအမ်းခဲ့တာမဟုတ်သလို ပေးခဲ့တာလည်းမဟုတ်ဘူး

    နင်ပြန်ပေးပါ့မယ်လို့ပြောလို့နင်ဒုက္ခရောက်နေတယ်ပြောလို့ကူညီခဲ့တာပဲရှိတယ်

    နင့်ကိုအချိန်တွေလည်းပေးထားပြီးပြီ

    နင့်ဘက်ကဆက်သွယ်လာတာလည်းမရှိသလို ညှိနိူင်းလာတာလည်းမရှိဘူး

    ငါ့ကိုဟိုနေရာကBl ဒီနေရာကBlနဲ့ နင်ရှောင်မနေနဲ့

    နင်နဲ့ငါပြတ်ပြီဆိုတော့ပိုက်ဆံအကုန်ပြန်လာပေးပါ

    ငါနင်နဲ့ထပ်မပတ်သတ်ချင်တော့ဘူး

    ဒီpost ကိုတွေ့ရငါပိုက်ဆံလာပေးပါ

    နင်ထပ်ရှောင်နေရင် ငါ့ရှေ့နေနဲ့ပဲစကားပြောကြတာပေါ့

    ငါနင့်ကိုတရားဆွဲမှာ ငါမလုပ်ဘူးမထင်နဲ့ ငါတကယ်လုပ်မှာ

    လမကုန်ခင်ငါ့ပိုက်ဆံတွေအကုန်ပြန်လိုချင်တယ်

    အံ့ဩတယ် တကယ် နင်ငါ့အပေါ်ဘာများလုပ်ပေးဖူးလို့လည်း

    first dateတုန်းကငါသောက်တဲ့အအေးဖိုးရယ်ရုပ်ရှင်လက်မှတ်ရယ်ပဲနင်ထုတ်ဖူးတာပါ

    ကျန်တာတွေ့တာ၂ခါလုံးငါပဲရှင်းခဲ့ရတာပါ

    grabအသွားအပြန်ခတွေနင်အိမ်ပြန်ဖို့တောင်ငါပေးခဲ့ရတာပါ

    တစ်ခါတွေ့ရင်၁သိန်းကျော်လောက်ကုန်တယ်

    နင့်ကိုတောင်းတဲ့၁၀သိန်းကလည်းနင်Kpayတောင်ထားတာတွေပဲရှိသေးတယ်နော်

    ကျန်တာတွေငါထည့်မတွက်ထားရသေးဘူး

    ၁လပြည့်မှာလည်းအကျီလေးသဘောကျတယ်

    ပြောတော့ငါဝယ်ပေးခဲ့ရတာလေ

    နင်ငါကိုဘာပေးလဲဘာမှပြန်ပေးခဲ့တာမရှိဘူးနော်

    ဆေးကြောင်ပြီးလျှောက်ရေးမနေနဲ့

    နင့်အကြောင်းတွေငါအကုန်သိသွားပြီနော်

    နင်ကောင်မလေးတွေကိုလိုက်ကြောင်တာတွေ

    ရည်းစားရှိတယ်ပြောတာတောင်အတင်းလိုက်ကပ်တာတွေ

    အပြင်ခေါ်တာတွေ

    ငါအကုန်သိပြီးပြီနော်

    barတွေclubတွေသွားရင်လည်းတစ်ခါလာတစ်ယောက်ဆိုတာတွေအကုန်ငါသိပြီ

    နင်ကလူလိမ်ကောင်အကြီးစားကြီးပဲ အဲ့လိုပဲလိုက်လိမ်စားနေတာတဲ့နင်က၂၀၂၀ ကတည်းကနာမည်ဆိုးနဲ့ကျော်ကြားနေတာလေ

    ငါ့ကိုလျှော့မတွက်နဲ့

    ငါဘက်မှာလူတွေအများကြီးပဲ

    ငါ့background ကလူတွေနဲ့သာဆိုနင်ပြေးမလွတ်ဖူးသိလား

    အခုလည်းနင်ကိုငါပိုက်ဆံအေးအေးဆေးဆေးတောင်းနေတာ နင်ကကိုပြဿနာဖြစ်ချင်နေတာ

    Screenshot

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot

    Screenshot
    Screenshot
  • သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    အရေးပေါ် အထူးသတိရှိကြပါ

    သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    မေးခိုင်ပိုး ဝင်သွားပြီး ပိုးက တစ်ကိုယ်လုံးထိ ပြန့်သွားခဲ့တယ်လို့ သိရပါတယ်။

    ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အထူးသတိထားကြပါ။

    ဖြစ်နိုင်ရင် ဆေးခန်း၊ ဆရာဝန်တွေထံမှာပဲ သွားရောက်ကုသကြပါ။

    ကိုယ်တိုင် မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြပါနဲ့။

    အဲ့လို မတော်တဆဖြစ်စဉ်မျိုးတွေ မဖြစ်ရအောင် အားလုံး သတိထားကြဖို့ လိုပါတယ်။

    ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်တာမဟုတ်ဘဲ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဆိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

  • ‘လူကိုယ်တိုင်လာမှ ငွေထုတ်ပေးမည်’ ဆိုသဖြင့်

    ‘လူကိုယ်တိုင်လာမှ ငွေထုတ်ပေးမည်’ ဆိုသဖြင့်

    ‘လူကိုယ်တိုင်လာမှ ငွေထုတ်ပေးမည်’ ဆိုသဖြင့် ကွယ်လွန်သူအမဖြစ်သူ၏ အလောင်းကို ဘဏ်သို့ ထမ်းသယ်လာသည့် အိန္ဒိယအမျိုးသား

    အိန္ဒိယနိုင်ငံ၊ အိုဒီးရှားပြည်နယ်၊ ကီယွန်ဂျာခရိုင်၌ မျိုးနွယ်စုဝင် အမျိုးသားတဦးသည် ကွယ်လွန်သွားပြီဖြစ်သည့် အမဖြစ်သူ၏ ဘဏ်အကောင့်ထဲမှ ငွေကို ထုတ်ယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဘဏ်ဘက်မှ ထုတ်မပေးသည့်အတွက် အမဖြစ်သူ၏ အလောင်းကို သင်္ချိုင်းမှပြန်တူးကာ အရိုးစုကို ဘဏ်သို့ ယူဆောင်လာခဲ့သည့် တုန်လှုပ်ဖွယ် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သည်။

    အဆိုပါဖြစ်ရပ်သည် ပတ္တနာမြို့နယ်ရှိ Odisha Grameen ဘဏ်၏ မာလီပိုဆီဘဏ်ခွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ အမျိုးသားမှာ ဒီယာနာလီ ရွာမှ အသက် ၅၀ အရွယ် ဂျီတူး မွန်ဒါ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ၂၀၂၆ ၊ ဇန်နဝါရီ ၂၆ ရက်က ကွယ်လွန်သွားခဲ့သော အမဖြစ်သူ ကာလ်ရာ မွန်ဒါ (အသက် ၅၆ နှစ်) ၏ ဘဏ်အကောင့်ထဲ၌ အပ်နှံထားသည့် ရူပီး ၂၀,၀၀၀ ကို ထုတ်ယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

    “ကျွန်တော် ဘဏ်ကို အခေါက်ခေါက်အခါခါ သွားခဲ့တယ်။ အဲဒီဘဏ်ကလူတွေက ပိုက်ဆံထုတ်ချင်ရင် အကောင့်ပိုင်ရှင်ကို ခေါ်လာခဲ့ပါလို့ ပြောတယ်။ အကောင့်ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်အမက ဆုံးသွားပြီလို့ သူတို့ကို ပြောပြပေမယ့် သူတို့က နားမထောင်ဘဲ ဘဏ်ကိုခေါ်လာဖို့ပဲ ဇွတ်ပြောနေခဲ့ကြတာ။ ဒါကြောင့် စိတ်ပျက်လွန်းလို့ အမရဲ့ဂူကို ပြန်တူးပြီး သူသေဆုံးသွားပြီဆိုတာကို သက်သေပြဖို့ အရိုးစုကို ယူလာခဲ့တာပါပဲ” ဟု ဂျီတူး မွန်ဒါက သတင်းထောက်များကို ပြောသည်။

    သို့သော် Odisha Grameen ဘဏ်၏ ထုတ်ပြန်ချက်တွင်မူ မာလီပိုဆီဘဏ်ခွဲ၌ နှောက်ယှက်ဒုက္ခပေးမှုတို့ ရှိနေသည်ဆိုသော ပျံ့နှံ့နေသည့် သတင်းများမှာ အထင်အမြင်လွဲမှားစေနိုင်ကြောင်း ရှင်းလင်းထားသည်။

    ဂျီတူး မွန်ဒါသည် မူးယစ်နေသည့် အခြေအနေဖြင့် အမဖြစ်သူ၏ အကောင့်ထဲမှ ငွေထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းများအရ ငွေထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း ဘဏ်က ပြောသည်။ ထို့ပြင် တရားဝင် သေစာရင်း တင်ပြပြီးပါက အကောင့်ကို ရှင်းလင်းပေးမည်ဖြစ်ကြောင်းလည်း ဆိုသည်။

    အဆိုပါဖြစ်ရပ်ကို သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က ဘဏ်သို့ ရောက်ရှိလာခဲ့သည်။

    ပတ္တနာရဲစခန်းမှ ရဲအရာရှိ ကီရန် ပရာဆတ် ဆာဟူး က ပြောကြားရာတွင် “ဂျီတူးဟာ စာမတတ်တဲ့ မျိုးနွယ်စုဝင်တယောက်ပါ။ တရားဝင်အမွေဆက်ခံသူ ဒါမှမဟုတ် အကျိုးခံစားခွင့်လွှဲအပ်ခံရသူ ဆိုတာတွေကို သူ နားမလည်ပါဘူး။ ဘဏ်တာဝန်ရှိသူတွေအနေနဲ့လည်း ကွယ်လွန်သွားတဲ့သူရဲ့ အကောင့်ကနေ ငွေထုတ်ယူဖို့ လုပ်ငန်းစဉ်တွေကို သူ့ကို နားလည်အောင် မရှင်းပြနိုင်ခဲ့ကြဘူး” ဟု ပြောသည်။

    ဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် ရဲတပ်ဖွဲ့က ငွေထုတ်ယူနိုင်ရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးမည်ဟု ဂျီတူးကို အာမခံခဲ့သည်။ အလောင်းအရိုးစုကိုလည်း ရဲအရာရှိများ၏ ရှေ့မှောက်တွင်ပင် သုသာန်၌ ပြန်လည်မြှုပ်နှံခဲ့သည်။

    “ဒီအကြောင်းကို ဒီနေ့မှပဲ ကျွန်တော် သိရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရှုဆောင်ရွက်ပေးသွားမှာပါ” ဟု ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ မာနတ် ဒန်ပတ်က ပြောသည်။

    သတင်းရင်းမြစ်များ၏ အဆိုအရ ကာလ်ရာ မွန်ဒါ၏ ဘဏ်အကောင့်တွင် အမည်စာရင်းသွင်းထားသည့် အကျိုးခံစားခွင့်ရှိသူ သည်လည်း ကွယ်လွန်သွားပြီဖြစ်ရာ ဂျီတူး မွန်ဒါတဦးတည်းသာလျှင် ငွေကြေးတောင်းခံပိုင်ခွင့်ရှိသူအဖြစ် ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရသည်။

    ဂျီတူးအနေဖြင့် ဥပဒေကြောင်းအရ ငွေကို အမြန်ဆုံးရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဘဏ်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။

  • မေလထဲမှာ မုန်တိုင်းလာဖို့ရှိသလို မုတ်သုံလည်းစဝင်တော့မယ်…

    မေလထဲမှာ မုန်တိုင်းလာဖို့ရှိသလို မုတ်သုံလည်းစဝင်တော့မယ်…

    🚨 မေလထဲမှာ မုန်တိုင်းလာဖို့ရှိသလို မုတ်သုံလည်းစဝင်တော့မယ်…

    ပူပြင်းလွန်းတဲ့ နွေရာသီကို ဖြတ်သန်းနေရတဲ့ ပြည်သူတွေအတွက် မိုးသက်လေနှင်းတွေ ယူဆောင်လာမယ့် မုတ်သုံလေ စတင်ဝင်ရောက်မယ့် ရက်တွေ ထွက်ပေါ်လာပါပြီ။

    ဒါပေမယ့် သတိထားရမယ့် မုန်တိုင်းအန္တရာယ်နဲ့ အပူချိန်မြင့်တက်မှုတွေလည်း ရှိနေပြန်ပါတယ်။

    မိုး/ဇလရဲ့ ယနေ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလအတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံကို အဆင့်ဆင့် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

    🌧️ မုတ်သုံလေ ဝင်ရောက်မည့် ရက်နှင့် ဒေသများ 🌧️

    မေ (၁၃) မှ (၁၈) ရက်အထိ – မြန်မာနိုင်ငံတောင်ပိုင်း

    မေ (၁၉) မှ (၂၄) ရက်အထိ – မြစ်ဝကျွန်းပေါ်ဒေသ

    မေ (၂၅) မှ (၃၀) ရက်အထိ – မြန်မာနိုင်ငံအလယ်ပိုင်း

    မေ (၃၁) မှ ဇွန် (၅) ရက်အထိ – မြန်မာနိုင်ငံမြောက်ပိုင်း

    ⚠️ အထူးသတိပြုရန် အချက်များ ⚠️

    🌊 မုန်တိုင်းနှင့် မြစ်ရေ – ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။

    မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေဟာ လက်ရှိရေမှတ်ထက် (၅) ပေမှ (၁၂) ပေအထိ ရုတ်တရက် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းနံဘေး နေထိုင်သူတွေ ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။

    💡 မိုးလေဝသ အခြေအနေတွေ ရုတ်တရက် ပြောင်းလဲနိုင်တာမို့ မိသားစု၊ မိတ်ဆွေတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ဒီသတင်းလေးကို အခုပဲ Share လုပ်ပြီး သတိပေးလိုက်ပါဦးနော်။

  • မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

    မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

    မြဝတီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက် မကိုင်ဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာတပ်ရင်း/ဌာန၊ စည်းကမ်းထိန်းသိမ်းရေးရုံးတွေကို အပ်နှံထားဖို့ စစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။

    နောက်ပြီး မြို့တွင်း စားသောက်ဆိုင်တွေ/ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း စစ်တပ်က အမိန့်ထုတ်ပါတယ်။

    မြဝတီမြို့စောင့်တပ်လို့ လူသိများတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ ၂၇၅)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ဧပြီ ၂၃ ရက်မှာ အချက် ၈ ချက် ပါတဲ့ အမိန့်စာကို ထုတ်ခဲ့တာပါ။

    ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်တယ်လို့ဆိုပြီး စာထဲမှာရေးသားထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ DKBA နဲ့ နီးစပ်သူက “တိုင်းမှူးရော၊ တပ်မမှူးရော အသစ်ဆိုတော့ … ဒီအမိန့်တွေ ထုတ်တာက ကရင်လက်နက်ကိုင်တွေကို သူထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပြတာ” လို့ ပြောပါတယ်။

    ထိုင်း- မြန်မာကုန်သွယ်ရေးအတွက် အဓိက လမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်တဲ့အခါမှာလည်း မြို့ပေါ် က တရားမဝင် ဂိတ်တွေကို ထိန်းချုပ်ထားဖို့အချက်ကိုလည်း အဲဒီထုတ်ပြန်စာမှာ ပါရှိပါတယ်။

    “မြို့စွန်မှာတော့ ဘယ်သူမှ ယူနီဖောင်း မဝတ်ရဲကြဘူး။ NCA ထိုးထားတဲ့ စစ်တပ်မဟာမိတ်တွေက ဂိတ်မှာ စိုးမိုးထားရင် ဌာနဆိုင်ရာ လွှတ်ပြီး ဂိတ်ဖွင့်လို့ ရတယ်လေ။ အဲဒါကြောင့် စိုးမိုးထားဖို့ ပြောတာ။ နောက်ပြီး ထိုင်းပစ္စည်းတွေကို ကြပ်ဖို့လည်း ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) အဖြစ် ဆက်ပြီး ကျန်ရှိနေတဲ့ BGF တပ်နယ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်ရဲ့လက်အောက်ခံ တပ်ရင်းတစ်ရင်းသာ ကျန်ရှိပါတယ်။ ဗိုလ်ချုပ် စောချစ်သူနဲ့ စောတင်ဝင်းတို့ကတော့ ကရင်အမျိုးသားတပ်(KNA) အဖြစ်မပြောင်းလဲခင်မှာပဲ စစ်တပ်ထံမှာ BGF ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ KNA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်လျှင် အရေးယူမည်ဟု အမိန့်ပေးမှုကြောင့် စစ်တပ်နှင့်ကရင်လက်နက်ကိုင်အဖွဲ့တချို့အကြား ဆက်ဆံရေး မပြေလည်

    ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်ပါက အရေးယူမည်ဟု စစ်တပ်က ပေါ်တင်အမိန့်ပေးလာသဖြင့် စစ်တပ်နှင့် မိတ်ဖက် ကရင်လက်နက်ကိုင်အဖွဲ့ တချို့အကြား ဆက်ဆံရေး မပြေလည်ဘဲ တင်းမာမှုများရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဧပြီလ ၂၃ ရက်နေ့ မြ၀တီမြို့စောင့်တပ်ဖြစ်သော ခလရ ၂၇၅ တွင် စစ်တပ်က မိတ်ဖက်ဖြစ်နေသော ကရင်လက် နက်ကိုင်အဖွဲ့များဖြစ်သည့် KNA ၊ BGF ၊ DKBA ၊ KNU/KNLA PC အပါအဝင် ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်ကို ချမှတ်လာကြောင်း၊ ယင်းစည်းကမ်းများအနက်မှ မြ၀တီမြို့အတွင်းသို့ ခွင့်ပြု ချက်မရှိဘဲ လက်နက်ကိုင်ဝင်ရောက်မှုများကို အရေးယူမည်ဆိုသော အချက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့ မကျေလည်ကြကြောင်း သိရှိရသည်။

    စစ်တပ်က ကရင်လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံ ညွှန်ကြားရာတွင် မြဝတီမြို့အတွင်း သွားလာရာတွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ယူနီဖောင်းများကို ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဝတ်ဆင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်စည်းကမ်းနှင့်အညီ သွားလာကြရန်၊ မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း နေထိုင်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မလိုအပ်ဘဲ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်နှင့် လက်နက်များကို သက်ဆိုင်ရာ တပ်ရင်း/ဌာန (သို့မဟုတ်) စည်းကမ်းထိန်းသိမ်းရေးရုံးများတွင် အပ်နှံထားရန်၊ အမှတ် ၂ ချစ်ကြည် ရေးတံတား ပြန်ဖွင့်ချိန်တွင် တရားမဝင်ဂိတ်များအား ပြန်လည် ထိန်းချုပ်ပေးရန်၊ မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားသည့် လက်နက်များကို စစ်ဆေးတွေ့ရှိပါက တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က အမိန့်ပေး ညွှန်ကြားသည်။

    ယင်းအပြင် ဌာနဆိုင်ရာများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်သည့် နေ့များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ယူနီဖောင်းများကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ကြရန် (လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လွဲ၍ လက်နက် ကိုင်ဆောင်လာခြင်း မပြုရန်)၊ မြို့တွင်း စားသောက်ဆိုင်များ / KTV များတွင် ယူနီဖောင်း ဝတ်ဆင်ပြီး လက်နက်များ ကိုင်ဆောင်ကာ ဝင်ရောက်စားသောက်ခြင်း မပြုရန်၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ / KTV များတွင် တပ်ဖွဲ့ဝင်များအား ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်များကိုင်ဆောင်ကာ လုံခြုံရေးချထားခြင်း မပြုရန်၊မြို့ပေါ်တွင် ကားများ စည်းကမ်းမဲ့ တရကြမ်းမောင်းနှင်ခြင်းနှင့် လက်နက်များ ထောင်ပြီး ကိုင်ဆောင်သွားလာခြင်း မပြုရန် တို့ကိုလည်း စစ်တပ်က ညွှန်ကြားသည်။

    စစ်တပ်၏ ညွှန်ကြားချက်အနေဖြင့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး လမ်းစဉ်တွင် ဆူးငြောင့်ခလုတ်မဖြစ်စေရန် ဆိုသော အချက်လည်း ပါဝင်ကြောင်း သိရှိရသည်။

    “အခု တင်းမာမှုဖြစ်တာက DKBA နဲ့ ငြိနေတာ။မြ၀တီကိုလာရင် လက်နက်ကို ခွင့်ပြုချက်နဲ့လာရမယ်ဆိုတာ DKBA ဘက်က သိပ်မကျေလည်ဘူး။ နောက်တစ်ခါ ဂိတ်တွေကို ငွေမကောက်ခိုင်းတာ။ အဲဒါလည်း အမှတ် ၂ တံတားဖွင့်လို့ ကုန်သွယ်ရေးစရင် ပြဿနာဖြစ်လာနိုင်တယ်။ ကျန်တဲ့ လက်နက်ကိုင်တွေကတော့ စစ်တပ်အလိုအတိုင်းပဲ။ နောက်ပြီးတော့ စစ်တပ်က DKBA ရဲ့ နေရာတွေကို ဒရုန်းနဲ့ဗုံးကျဲတာ၊ လက်နက်ကြီးပစ်တာ။ စစ် ကြောင်းထိုးတာတွေရှိတယ်။ တိုက်ပွဲဖြစ်လောက်တဲ့အထိတော့ ဖြစ်မလာလောက်ဘူးလို့ထင်တယ်။ DKBA ကလည်း သူ့အကျိုးစီးပွားအတွက်ပဲ ရပ်တည်နေတာ။ စစ်တပ်ကို ခံချမှာတော့ မဟုတ်ဘူး။ မကျေလည်တာကတော့ မကျေလည်နေကြဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဝေါ်လေဗျူဟာကုန်းထံသို့ စစ်ကူပေးပို့နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြောင်း၊ ဝေါ်လေ ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းဖြင့် ဗုံးကျဲမှုများလည်း စစ်တပ်က တောက်လျှောက် လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။