📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူကို ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထု၍ သတ်ဖြတ်မှုဖြစ်ပွား

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ တက္ကသိုလ်ဘုရားလမ်းတွင် ဇူလိုင်လ (၁၇) ရက် ညနေပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး၊ ငရုတ်ကျည်ပွေ့ဖြင့်ထုရိုက်သဖြင့် အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

​ဖြစ်စဉ်မှာ ဇူလိုင် (၁၇) ရက် ညနေ (၅) နာရီခန့်တွင် အသက် (၄၆) နှစ်အရွယ် ဒေါ်နွဲ့နွဲ့စန်းနှင့် အမျိုးသားဖြစ်သူ အသက် (၄၃) နှစ်အရွယ် ဦးဇော်မင်းတို့သည် နေအိမ်၌ ရှိနေစဉ် စကားများ ရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

​”လင်မယားချင်းစကားများရင်းနဲ့ ယောက်ျားဘက်က လက်လွန်တာလို့သိရတယ်။ သားသမီးတွေအပြောအရ လင်မယားချင်းက မကြာခဏစကားများတာရှိတယ်။ အဖေလုပ်သူကလည်း အသောက်အစားရှိတယ်။ သိရသလောက်က စကားများတော့ ယောက်ျားက မိန်းမကို ခေါင်းကိုအရင်ထုတယ်။ ပြီးမှ ဓါးနဲ့ထိုးတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

​အလုပ်မှ ပြန်လာသည့် သားသမီးဖြစ်သူများ နေအိမ်သို့ ရောက်ရှိချိန်တွင် မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့စန်းမှာ ဝဲဘက်ရင်ညွန့်နှင့် ချိုင်းအောက်တို့တွင် ဓားထိုးသွင်းဒဏ်ရာများ၊ နဖူးထိပ်နှင့် ခါးနောက်ကျောတို့တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

​သားသမီးများမှ ပတ်ဝန်းကျင်နှင့် ရပ်ကွက်တာဝန်ရှိသူများကို အကြောင်းကြားသဖြင့် လာရောက်စစ်ဆေးရာ လူသတ်မှုဖြစ်ပွားသည့်နေရာ အနီးမှ သွေးစွန်းနေသည့် ဓားနှင့် ငရုတ်ကျည်ပွေ့တို့ကို သိမ်းဆည်းရမိခဲ့သည်။

​ဇနီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားသည့် အမျိုးသားဖြစ်သူ ဦးဇော်မင်းကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ည (၈) နာရီခန့်တွင် ရပ်ကွက်အတွင်းရှိ အသိတစ်ဦး၏ နေအိမ်၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် အမှတ် (၃) နယ်မြေရဲစခန်း၌ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

​(သတင်း – ကျော်ကြီး)

​#BagoNews #DomesticViolence #CrimeNews #ပဲခူးသတင်း #လူသတ်မှု #ပြည်တွင်းသတင်း

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်