Author: Baby Yit Lone
-

ဘူးသီးတောင်က အစုအပြုံလိုက် အလောင်းများ စစ်ကောင်စီတပ်သားများဖြစ်ဟု AA ပြော
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ထန်းရှောက်ခံရွာမှာ အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေဖြစ်ပြီး ရိုဟင်ဂျာတွေ အစုလိုက် အသတ်ခံရတဲ့ ပြောဆိုချက်က စွပ်စွဲချက်ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဘက်က တုံ့ပြန် ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်အတွင်းက ရုပ်အလောင်း ၆၀၀ နီးပါးလောက်ဟာ အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာတွေကို အစုလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက “အကြမ်းဖက်စစ်ကောင်စီက ဆောင်းတဲ့ ဦးထုပ်တွေ၊ နောက်ပြီး သေနေတဲ့ အလောင်းတွေရဲ့ အရိုးစုတွေမှာ ဝတ်ဆင်ထားတဲ့ စစ်ဖိနပ်တွေ၊ အဲဒါတွေက သက်သေတွေပဲဖြစ်ပါတယ်။ အခု စွပ်စွဲပြီး ပြောဆိုထားတဲ့ ဓာတ်ပုံတွေဟာ အကြမ်းဖက်စစ်ကောင်စီဘက်က…
-

လားရှိုးတွင် ၄ လောင်းပြိုင် သေဆုံးမှုဖြစ်ပွား
စစ်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဩဂုတ် ၁၀ ရက် နေ့ခင်းပိုင်းက ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင်တွေ ၄ လောင်းပြိုင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွဆီက သိရတယ်။ ဒေသခံ အမျိုးသားတယောက်က “ကလေးတွေကို ကြွက်ဆေးတိုက်ပြီး သေသွားကြတာလို့ပဲ သိရတယ်။ အသေးစိတ် မသိဘူး။ လားရှိုး ရပ်ကွက် ၇၊ နယ်မြေ ၉ ဘက်ဆိုတော့ ကွက်သစ်ကုန်းပါ်ဘက်မှာလေ။ တိုးချဲ့ထားတဲ့ဘက်” လို့ ပြောပါတယ်။ ဖခင်ဖြစ်သူက ဆေးကြောင်လို့ ဖြစ်နိုင်တယ်လို့သာ ယူဆကြရပြီး သေသွားပြီးမှ မြင်တာဆိုတော့ ဘာမှ အသေးစိတ် မသိနိုင်ဘူးလို့ ဆိုပါတယ်။ နောက်ထပ် ဒေသခံ အမျိုးသမီးတယောက်က “ဟုတ်ပါတယ်၊ အိမ်နားလေးကပဲ။ ကလေးလေးက လက်အုပ်ချီပြီး သေနေတာ။…
-

သန်းရွှေ အမိန့်ဖြင့် မွေးကင်းစ ကလေးနှင့်မိခင် သက်ငယ် ၃/၄နှစ်အရွယ် ခလေး (၂)ဦးနှင့် အမျိုးသမီးအပါအဝင် အရပ်သား (၅၉)ဦး အစုလိုက်အပြုံလိုက် သတ်ခဲ့မှု
ခရစ္စတီးကျွန်း လူသတ်မှုတုန်းက ‘သန်းရွှေ’ရဲ့ တိုက်ရိုက်အမိန့်မလို့ လိုက်နာဆောင်ရွက်ဖို့ နှုတ်မိန့် လှမ်းပေးခဲ့တဲ့သူဟာ ဒီနေ့ မသာချမယ့် ယာယီသမ္မတမြင့်ဆွေ ဖြစ်ပါတယ်။
-

မသာမြင့်ဆွေကို နေပူထဲက စောင့်ဆိုင်းနေကြရတဲ့ အရပ်သားများနှင့် ဝန်ထမ်းများ
နေပြည်တော်တွင် မြင့်ဆွေမသာအလောင်း ဖြတ်သန်းမည့် ဆင်သေချောင်းတံတားမှ ဆည်ရေပေးမြောင်းအထိ လမ်းဘေးဝဲယာတစ်လျှောက် ပြည်သူ ၃၀၀၀ ကျော် ကြိုဆိုနှုတ်ဆက်ရမည်ဟုဆိုကာ စစ်တပ်က ကျေးရွာအုပ်စုတစ်ခုလျှင် လူ ၄၀ ဦး ဆင့်ခေါ်
-
