Author: Baby Yit Lone

  • ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

    ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

    ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်း‌က အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း ကျပ်…

  • လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် (၅) နယ်မြေ (၁၉)၊ နမ့်ကျန်လမ်းနှင့် လမ်းသွယ်(၂)လမ်း ထောင့် ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ချိန်ရွယ်ပြန်ပေးဆွဲသွားသည့် ကျူးလွန်သူများအနက် (၃) ဦးကို ဖမ်းဆီးရမိပြီး ပြန်ပေးဆွဲခံရသူမှာလည်း ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) ရက်၊ ညနေ (၄) နာရီ (၄၀) မိနစ်ခန့်က Mask တပ်ထားသည့် အမျိုးသား (၄) ဦးသည် CROWN Athalatte (အဖြူရောင်) ယာဉ်ဖြင့် အဆိုပါ နမ့်ကျန်လမ်းရှိ “ကျိန်တက်” ကုန်စုံဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် (၃) ဦးသည် ဆိုင်အတွင်းဝင်ရောက်ကာ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို…

  • အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့် အစ္စရေးတို့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အာဏာရှင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ ယမန်နေ့ အီရန်နိုင်ငံ၊ တဟီရန်မြို့ရှိ နေအိမ်ဝင်းအတွင်း ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အီရန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ခါမေနီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အဆိုပါ ဗုံးကျဲမှုအတွင်း ခါမေနီ၏ သမီး၊ သားမက် နှင့် မြေးဖြစ်သူ တို့ပါ အတူတကွ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို အဓိကပစ်မှတ်ထားသည့် “Operation Epic Fury” (အမေရိကန်) နှင့် “Operation Shield of Judah” (အစ္စရေး) စစ်ဆင်ရေးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။…

  • အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အသားပေး ပြောဆိုသူ ဘလော့ဂါ ဗီဗီချန်းသည် ဒေါ်အောင်ဆန်းစုကြည် ၏ နောက်လိုက်များသည် အရိုင်းအစိုင်းများဟု သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားလိုက်သည်။ ဘလော့ဂါ အဖြစ် လူသိများပြီး အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ရှုံးနိမ့်ခဲ့သည် ဗီဗီချမ်း (ခေါ်) နန်းဆုသဇင်အောင်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ် ၃၁ ရက်နေ့က ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဗီဗီချမ်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မေစုရဲ့ နောက်လိုက်တွေဟာ အရိုင်းအစိုင်းတွေ အများစုဖြစ်ပါတယ်။ ဒါကြောင့် အရိုင်းအစိုင်းတွေ ဝန်းရံတဲ့ ခေါင်းဆောင် မေစု ဖြစ်ပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ အရိုင်းအစိုင်းကင်းစင်တဲ့ လူမှုဝန်းကျင်ကို ထိန်းကျောင်းတည်ဆောက်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်ရလိုပါတယ်”…

  • အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက် အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။…