🚌 ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီးတွင် မတ်လ ၁၉ ရက် နံနက် ၉ နာရီခန့်က ခရီးသည်တင်မှန်လုံယာဉ် နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အသေးစိတ်
တိုက်မိသည့်ယာဉ်များ – ကျုံပျော်မှ ရန်ကုန်သို့မောင်းနှင်လာသော “သူရထွန်း” ခရီးသည်တင်ယာဉ်နှင့် ရန်ကုန်မှ ကြံခင်းသို့မောင်းနှင်လာသည့် “ရတနာ” ခရီးသည်တင်ယာဉ်တို့ ဖြစ်သည်။
ဖြစ်ပွားသည့်နေရာ – ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီး။
ထိခိုက်မှုအခြေအနေ – ယာဉ်နှစ်စီးစလုံး လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။
ကူညီကယ်ဆယ်ရေး
အဆိုပါဖြစ်စဉ်နေရာသို့ လပြည့်ဝန်းပရဟိတအသင်း၊ ဓနုဖြူမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီခဲ့ကြသည်။
ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးထားကြောင်း သိရသည်။
”ကျွန်တော်တို့အသင်းက ကလေးတွေ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရလူနာတွေရှိပါတယ်။ ကျွန်တော်တို့အသင်းက ဒဏ်ရာရတဲ့သူတစ်ဦးကို ဆေးရုံပို့ပေးခဲ့တယ်” ဟု လပြည့်ဝန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ခရီးသွားမိဘပြည်သူများအနေဖြင့်လည်း လမ်းခရီးတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။








Leave a Reply