Author: Baby Yit Lone

  • စစ်ကိုင်းတိုင်းအတွင်း ၁၀ မြို့နယ်ကို စစ်တပ်က အချိန်ကိုက်စစ်ကြောင်းထိုးနေ

    စစ်ကိုင်းတိုင်းအတွင်း ၁၀ မြို့နယ်ကို စစ်တပ်က အချိန်ကိုက်စစ်ကြောင်းထိုးနေ

    နိုင်ငံ၏ အနောက်မြောက်ပိုင်း တော်လှန်ရေးစိုးမိုးနယ်မြေများပြားသည့် စစ်ကိုင်းတိုင်းအတွင်း သြဂုတ်လဆန်းပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်း သုံးကာ မြို့နယ် ၁၀ ခုထက်မနည်းကို တပြိုင်နက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူတချို့က သုံးသပ်နေကြသည်။ “အခု တကျော့ပြန်စစ်ကြောင်းထိုးတာတွေကို ကြည့်ရင် ကလေး-တမူးဘက် ကနေ ပုလဲဘက်နဲ့ ချင်းတွင်း အရှေ့ဘက်ခြမ်းတွေဆီချည်း။ နေရာတော်တော်များများမှာ ရက်တွေ တစ်ထပ်တည်းလို အချိန်ကိုက် ထိုးတာမျိုးဗျ။ ပြန်ပြီး ဖိအားပေးတဲ့သဘောမျိုး ပြန်ဖြစ်တယ်” ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တစ်ဦးက ဆိုသည်။ အာဏာသိမ်းစစ်တပ်သည် စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မျက်နှာတွင် အရေအတွက် အများအပြား သုံးလာသည်၊ ထိတွေ့တိုက်ပွဲ မရှိသည့်စစ်ကြောင်းအချို့တွင်ပင် လေကြောင်း ပစ်ကူများသုံးလာသည်ဟု ယင်းမာပင်ခရိုင်တွင်းမှ PDF…

  • ဗန်းမော်မြို့တိုက်ပွဲများပြန်လည်ပြင်းထန်နေ

    ဗန်းမော်မြို့တိုက်ပွဲများပြန်လည်ပြင်းထန်နေပြီး အမြောက်တပ်(၃၆၆)တိုက်ပွဲအတွင်း စစ်တပ်မှ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးတို့ သေဆုံးမှုရှိ

  • မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ

    မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ

    မိုးကုတ်မြို့နယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲမှု ကလေး ၂ ဦး၊ ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

  • ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင်  စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး (ရုပ်သံ)

    ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး (ရုပ်သံ)

    ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်အကြားတွင် စစ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

  • ‎လာဘ်စားသည့် ရဲအရာရှိ ၃ ဦး ထောင်မကျစေရန် လာဘ်ထိုးသဖြင့် စစ်ရေးပြင်းထန်သည့်ဒေသများကိုပို့ဆောင်ရန်စီစဉ်

    ‎လာဘ်စားသည့် ရဲအရာရှိ ၃ ဦး ထောင်မကျစေရန် လာဘ်ထိုးသဖြင့် စစ်ရေးပြင်းထန်သည့်ဒေသများကိုပို့ဆောင်ရန်စီစဉ်

    ဧရာဝတီတိုင်း၊ ပုသိမ်ရှိ ရဲအရာရှိသုံးဦးသည် လာဘ်စားမှုဖြင့် ထောင်မကျစေရန် လာဘ်ထိုးခဲ့သည်ကို အထက်အဆင့်များက သိရှိသွားသည့်အတွက် အဆင့်ဆင့် လာဘ်လိုက်ထိုးနေရကြောင်း သိရသည်။ ‎ ‎ပုသိမ်မြို့နယ် တိုင်းရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ချစ်စမ်းမောင်၊ ခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် မြင့်အောင်၊ မြို့နယ်မှူး ရဲရန်အောင်တို့ သုံးဦးကို ရေနံ့သာဂိတ်မှ ရခိုင်သို့တင်ပို့သည့် ကုန်ပစ္စည်းများအတွက် လာဘ်‌ငွေယူမှုဖြင့် စစ်ဆေးခံခဲ့ရကြောင်း သိရသည်။ ‎ ‎ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကစစ်ဆေးခံရပြီးနောက် ပြည်ထဲရေးကို လာဘ်ငွေပေးကာ ရာထူးတစ်ဆင့်ကျဖြင့် မူလနေရာမှမပြောင်းရွှေ့ရရေး ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎ ‎”အမှုစစ်ပြီး ကာကွယ်ရေးဘက်ကလောက် အပြစ်ပေးတာမျိုးမရှိဘူး။ ရာထူးတစ်ဆင့်ချတယ်ပြောတယ်။ လာဘ်ထပ်ပေးတာ ပေါက်ကြားပြီး မီးခဲထိုင်မိနေပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။ ‎ ‎အဆိုပါဖြစ်စဉ်မှာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံပေါက်ကြားသွားကာ လာဘ်စားမှူးတွင်ပါဝင်သည့် ရဲမှူး…