Author: Baby Yit Lone

  • မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်တွင် မိတ်လိုက်နေသော အိမ်မွေးဆင်ကို ပိုင်ရှင်က အမြန်ပြီးစီးရန် အလောတကြီးခိုင်းစေသဖြင့် အဆိုပါ ဆင်ထီးမှာ ပိုင်ရှင်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး အနီးနားတဝိုက်ရှိ မော်တော်ကားများကို ဖျက်စီးခဲ့သည်ဟု သိရသည်။

    ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘူရီရမ်ခရိုင်အတွင်းရှိ၊ ဆတစ်မြို့နယ်၊ ထာ့မွမ်ကျေးရွာအုပ်စုတွင်နေထိုင်သော အမျိုးသားတစ်ဦးဖြစ်သူ နိုင်စွန်ဖွန်းက ၎င်းမွေးမြူထားသော ဖက်အူထိုင်းအမည်ရှိ ဆင်ထီးကို အခြားဆင်မတစ်ကောင်နှင့် မိတ်လိုက်ရန် အငှားလိုက်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

    ယင်းသို့ အငှားလိုက်ပြီး ဆင်မနှင့် မိတ်လိုက်ရာတွင် နဘေးမှနေကာ အမြန်ပြီးစီးရန် ဆင်ထီးအား လောဆော်ခဲ့သည်ဟုဆိုသည်။ အဆိုပါခိုင်းစေမှုကို အသက် ၁၉နှစ်အရွယ်ရှိသော ဆင်ထီးမှ စိတ်ရိုင်းဝင်ပြီးနောက် ပိုင်ရှင်ဖြစ်သူ နိုင်စွန်ဖွန်းအား အစွယ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

    ထိုအပြင် လမ်းဘေးတွင် ရပ်ထားသော Isuzu Mu-X ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီးအားအစွယ်ဖြင့်ထိုးလှဲခြင်း၊ လမ်းမတစ်လျှောက်ရှိ လမ်းညွှန်ဆိုင်းဘုတ် ၅ ခုကို ဖျက်ဆီးခဲ့ခြင်းများကြောင့် အနီးတဝိုက်ရှိ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။

    ယင်းနောက် အဆိုပါဆင်ထီးအား ဆူရင်ခရိုင်(Surin)၊ ဆင်စီမံကိန်း(Elephant Kingdom Project)မှ တာဝန်ရှိသူများနှင့် ဆင်ဆရာဝန်များ ရောက်ရှိလာပြီး မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ကာ ၂ နှစ်ရီခန့်အကြာတွင် ဆင်ဦးစီးများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    ဓါတ်ပုံ – โจโฉ

  • ရွှေစာရံ ဒုဋ္ဌဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယနေ့ သုံးရက်အကြာ ပြန်လည်တွေ့ရှိ

    ရွှေစာရံ ဒုဋ္ဌဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယနေ့ သုံးရက်အကြာ ပြန်လည်တွေ့ရှိ

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်အတွင်းသို့ ရေဆင်းချိုးရာမှ ပျောက်ဆုံးခဲ့သည့် သက်တော် ၁၅ နှစ်အရွယ် ကိုရင်တပါး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ယနေ့ ဖေဖော်ဝါရီ ၁၆ရက် ည ၇နာရီကျော် မှတ်တမ်းထုတ်ပြန်ချက်အရ သိရသည်။

    ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Rescue Diver Team Myanmar အဖွဲ့ဝင်များသည်ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းနှင့် ၁၄ ရက်၊ ၁၅ ရက်များတွင် ရေငုပ်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ရှာဖွေမတွေ့ရှိခဲ့ပေ။

    ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းတည့်ချိန်တွင် ဒေသခံ ငါးဖမ်းလှေက တမုတ်ဆိုးကျေးရွာအုပ်စု ရှမ်းရွာကြီးရွာရေဆိပ်အနီး ရေပေါ်တွင် ရုပ်အလောင်းတွေ့ရှိသောကြောင့် ဆယ်ယူပေးပါရန် အကူအညီတောင်းခံမှုကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) အဖွဲ့ဝင်များ သွားရောက် ကူညီပေးခဲ့ပြီး ရေနစ်ခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယင်းကျေးရွာတွင်ပင် မီးသင်္ဂြုဟ်ပေးခဲ့ကြသည်။

  • အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

    အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ

    ဒီည စတင်ပါပြီ 🚨 အလွန့်အလွန်အားကောင်းသည့် စူပါအအေးလှိုင်းကြီး (Super Cold Wave) ဖြတ်သန်းမည့် အထူးဂရုစိုက်ရမည့် ဒေသများ 🥶

    ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညပိုင်းမှ စတင်ကာ မနက်ဖြန် (၁၇) ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံဒေသအချို့ကို အလွန့်အလွန် အားကောင်းသော “စူပါအအေးလှိုင်းကြီး (Super Cold Wave)” ဖြတ်သန်းတိုက်ခတ်မည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာမှ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။

    သာမန်အအေးလှိုင်းအဆင့်မှ “စူပါအအေးလှိုင်း” အဆင့်သို့ ရုတ်တရက် အားကောင်းလာခြင်းဖြစ်ပြီး အောက်ပါဒေသများတွင် နေထိုင်သူများ အထူးဂရုစိုက်ကြရန် လိုအပ်ပါသည်။

    ⚠️ အဓိက သတိပြုရမည့် ဒေသများ (Core Affected Areas)

    အအေးလှိုင်းဒဏ် အပြင်းထန်ဆုံး ခံစားရနိုင်သည့် ဒေသများမှာ –

    နေပြည်တော်

    မကွေးတိုင်း

    ပဲခူးတိုင်း (အနောက်ပိုင်း)

    ဧရာဝတီတိုင်း (မြောက်ပိုင်း)

    မန္တလေးတိုင်း (အောက်ပိုင်း)

    ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့်

    ကယားပြည်နယ် တို့ဖြစ်ပါသည်။

    ❄️ အအေးလှိုင်းဖြတ်သန်းမည့် အခြားဒေသများ

    စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ကရင်ပြည်နယ် (အထက်ပိုင်း) ဒေသများတွင်လည်း အအေးဒဏ် ပိုမိုကဲလာနိုင်ပါသည်။

    ❗️ အကြံပြုချက်

    ဒီတစ်ညနှင့် မနက်ဖြန်မနက်ပိုင်းသည် ရာသီဥတု ရုတ်တရက် ပြောင်းလဲအေးခဲမည့်အချိန်ဖြစ်သောကြောင့် –

    ၁။ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများကို အထူးဂရုစိုက် စောင့်ရှောက်ပေးပါ။

    ၂။ ညဘက်တွင် အနွေးထည် လုံလောက်စွာ ဝတ်ဆင်ပြီး နွေးနွေးထွေးထွေး နေထိုင်ပါ။

    ဒီရက်ပိုင်းကျော်လွန်ပါက သာမန်အအေးလှိုင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။

  • နှလုံးသားကို ဓားနဲ့မွှန်းသလို ခံစားရတဲ့ မြင်ကွင်း…

    နှလုံးသားကို ဓားနဲ့မွှန်းသလို ခံစားရတဲ့ မြင်ကွင်း…

    ​မကြာသေးခင်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းစရာ ယာဉ်မတော်တဆမှုကြောင့် လသားအရွယ် သားငယ်လေးရဲ့ မိခင်ဟာ မထင်မှတ်ဘဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ​အသက်ရှင်နေစဉ်မှာ မိခင်ရဲ့မေတ္တာကို အနည်းငယ်သာ ခံစားခွင့်ရခဲ့တဲ့ သားငယ်လေးဟာ အခုတော့ “မေမေ” လို့တောင် မခေါ်တတ်သေးခင်မှာပဲ မိခင်ရဲ့အသံကို ထာဝရ မကြားရတော့ပါဘူး။ ဒါပေမဲ့ သားနဲ့မိခင်ကြားက သံယောဇဉ်ကတော့ အဆန်းတကြယ်ပါပဲ…။

    ​”အမေကို မတွေ့ရတော့ပေမဲ့ အမေကို သိနေတဲ့ သားငယ်လေး…”

    ​မိခင်ရဲ့ ဓာတ်ပုံလေးကို ရင်ခွင်ထဲပိုက်၊ ဓာတ်ပုံထဲက မိခင်ရဲ့မျက်နှာလေးကို အငမ်းမရ စိုက်ကြည့်ရင်း နမ်းရှိုက်နေတဲ့ အပြစ်ကင်းစင်တဲ့ မြင်ကွင်းက မြင်သူတိုင်းရဲ့ နှလုံးသားကို နာကျင်စေခဲ့ပါတယ်။

    ​ကမ္ဘာကြီးဟာ တစ်ခါတရံမှာ တကယ်ကို ရက်စက်လွန်းလှပါတယ်။ မထင်မှတ်တဲ့ အခိုက်အတန့်လေးတစ်ခုက မိသားစုတစ်စုရဲ့ ဘဝကို ထာဝရ ပြောင်းလဲပစ်ခဲ့ပါပြီ။ မိခင်ဖြစ်သူ ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းပေးရင်း ကျန်ရစ်သူ သားငယ်လေးအတွက်လည်း ရင်ထဲမှာ မကောင်းလွန်းလှပါဘူး။

  • BC မသိတဲ့ လေးဖြူ မလေးမှာ ထိသွားရရှာပြီ

    BC မသိတဲ့ လေးဖြူ မလေးမှာ ထိသွားရရှာပြီ

    ♦️Boycott လှုပ်ရှားမှု အားကောင်းလာတဲ့ မလေးရှားရောက်မြန်မာနိုင်ငံသားများ

    မနေ့ညက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ပြုလုပ်တဲ့ လေးဖြူ Stage Show ပွဲကတော့ ပွဲစီစဉ်တဲ့ စိုးနိုင်ထွန်းတို့ အုပ်စုကို အရှိုက်ထိုးနှက်နိုင်ခဲ့ပါတယ်။

    ဘာကြောင့်လဲ ဆိုရင် လက်မှတ်တွေ ရောင်းမကုန်ခဲ့တာက ပထမ အောင်မြင်မှု ဖြစ်ပါတယ်။

    ဒုတိယ အောင်မြင်မှုက နေရာဌားရမ်းခ၊ လေးဖြူတို့ကို ဌားရမ်းခ နဲ့ လာရောက်ကြည့်ရှုတဲ့ ပရိတ် သတ် အင်အားကြောင့်ပါ။

    ဒီလို ပွဲမျိုးဟာ ပရိတ်သတ် ၃၀၀၀ လောက်လာမှ အမြတ် ရမှာဖြစ်တဲ့ ပွဲ ဖြစ်ပါတယ်။

    GH Entertainment Page က ပုံရိပ်တွေအရ ပြွတ်သိပ် ကျယ်ပြန့်နေတဲ့ လူပင်လယ်ပုံစံမျိုး မတွေ့ရပဲ ကျိုးတိုးကျဲတဲ လူအင်အားကို သာ တွေ့ရပါတယ်။

    အကျိုးအမြတ် အကျိုးစီးပွားအတွက် စစ်အုပ်စု အလိုကျ လုပ်တဲ့ ဒီပွဲက နေ အတော်ကြီးဆုံးရှုံး သွားစေတာက တော့ အားရစရာ ဖြစ်ခဲ့ပါတယ်။

    လေးဖြူ ရှိုးပွဲ လုပ်မယ်လို့ ကြေညာ စဉ်က တည်းက Page တွေကို ပါ Follow မလုပ်ဖို့ မ၀န်းရံ ဖို့ နှိုးဆော်ခဲ့တာကလည်း အောင်မြင်ခဲ့ပြီး Followers တောင် ၃၀၀ မပြည့်တဲ့ အခြေအနေ မျိုးသာ ရှိခဲ့ပါတယ်။

    မလေးရှားမှာ Boycott Fail မယ်ထင်ခဲ့ပေမဲ့ ဒီတစ်ကြိမ် တော့ နှိုးဆော်ရနပ်ခဲ့ပါတယ်။

    G Fatt ပွဲ မျိုးလို လူမများခဲ့တာကိုလည်း မြန်မာနိုင်ငံသားတွေကို ကျေးဇူးတင်ရပါမယ်။

    Boycott အခြေအနေ အရ အရမ်း အားရ စရာ အခြေအနေ မျိုး မရှိသေးပေမဲ့လဲ လက်မှတ် မ၀ယ်ယူကြတာ အားမပေးကြတာကတော့ တကယ်ကောင်းတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

    အခက်အခဲကြားက လာရောက်ပေးကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားက တော်တော်ဆုံးရှုံးမှုကြီးတာကို မြင်သာပါတယ်။

    Boycott အတွက် လူတွေကြား ဘယ်လောက်ပွဲဆူသွားသလဲ ဆိုတာ မြင်ရတဲ့အချက်လဲ ဖြစ်ပါတယ်။

    မလေးရှားရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့ နောက်နောင်ကို လဲ အခုလို မျိုးပါ၀င်ပေးကြပါ။

    အခုလို ဆုံးရှုံးမှု ပုံစံ မျိုးနဲ့ သာ ဆက်တိုက်ဆုံးရှုံးနေရရင် နောင်ကို စစ်အုပ်စု အောက်ဆွဲ စီးပွားရေး သမားတွေ ပွဲ လာလုပ်ရဲတော့မှာ မဟုတ်ပါဘူး။

    အခုပွဲကိုတက်ရောက်ကြည့်ရှု့တဲ့ သူတွေထဲ ပြေလည် အဆင်ပြေတဲ့သူတွေနဲ့ ဘောမတွေ ၊ရေပေါ်ဆီ တွေသာ များတာ တွေ့ရပါတယ်။

    အဓိက ကတော့ ကျနော်တို့ မြန်မာနိုင်ငံ သား‌တွေ ဘ၀မမေ့ကြဖို့ ပါ ။ဘ၀ မမေ့ရင် ကျနော်တို့ ဘယ်အရာကို မဆို ရင်ဆိုင်နိုင်ဖို့ သတ္တိ လဲ မွေးနိုင်ပါလိမ့်မယ်။

    မလေးရှားရဲ့ Boycott စံနှုန်းကို Turning Point တစ်ခု ဖြစ်အောင်ကြိုးစားပေးနေကြတဲ့ သူတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

    Ye Mon Thet