Author: Baby Yit Lone

  • Others

    Others

    Others (2025) တစ်စုံတစ်ယောက် မြို့ပြင်က လမ်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ ကားအက်စီးဒင့်တစ်ခုကနေ စတင်ခဲ့တဲ့ ဒီဇာတ်လမ်း အဲ့ဒီကားပေါ်မှာ သေဆုံးသွားတဲ့သူတွေဟာ အမြင်အာရုံမသန်စွမ်းသူတွေဖြစ်နေပြီး သူတို့က ကားမတိုက်ခင်ကတည်းက အသတ်ခံထားရတာဖြစ်ကြောင်း စုံထောက်တစ်ယောက်က စတင်တွေ့ရှိသွားပါတယ်။ တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်မှာလည်း IVF (ဖန်ပြွန်သန္ဓေသား) နည်းပညာနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မထင်မှတ်ထားတဲ့ ရောဂါဆိုးတွေနဲ့ သေဆုံးနေကြပါတယ်။ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲဆိုတာကို ACP Madhav က အသည်းအသန် စုံစမ်းရပါတော့တယ်။ မျှော်လင့်ချက်ပေးရမယ့် ဆေးပညာက ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးတွေဆီ ဦးတည်သွားမလဲ” ဆိုတာကို ဒီဇာတ်ကားမှာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

  • Dear Galileo

    Dear Galileo

    Dear Galileo (2009) ဒီဇာတ်လမ်းကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘဝအရှုံးတွေကြားကနေ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားတဲ့ ချယ်ရီ နဲ့ နွမ်န်အကြောင်းပဲဖြစ်ပါတယ်။ ချယ်ရီ လို့ ခေါ်တဲ့မိန်းကလေးက ရင့်ကျက်ပြီး အရာရာကို လုပ်ရဲတဲ့သတ္တိရှိသလို နွမ်န်ကတော့ ကလေးဆန်ပြီး တစ်ခုခုဆိုကြောက်နေခဲ့ပါတယ်။ ချယ်ရီတစ်ယောက် တက္ကသိုလ်တစ်ခုမှာ အမှားလုပ်ရာကနေ ဆိုင်းငံ့ခံကပြီး နွမ်န်ကတော့ ကောင်လေးနဲ့အဆင်မပြေမှုတွေဖြစ်ပြီး လမ်းခွဲရာမှ နှစ်ဦးသားလမ်းပျောက်နေ ခဲ့ပါတယ်။ တစ်နေ့မှာတော့ ချယ်ရီက အမေရိက သူ့အသိရှိကြောင်း အမေရိကကို သူနဲ့လိုက်မလား နွမ်န်အားမေးရာ နွမ်န်လည်းလမ်းပျောက်နေပြီး လိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် အမေရိကကိုရောက်တော့ တောသူမြို့တက်သလို လမ်းတွေပျောက်နေခဲ့တယ်။ အမေရိကက ထိုင်းစာသောက်ဆိုင်မှာ အလုပ်လုပ်ရင်း သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ရှုစားကြပါဦး။

  • ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး

    ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး

    သိန်းဝင်း တစ်ယောက် ရေမိုးချိုး အဝတ်အစားလဲပြီး ဘောလုံးပွဲကြည့်ဖို့ ဦးချိန်တီရဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ထွက်လာတော့ အချိန်က ညဆယ်နာရီရှိနေပြီ ဖြစ်သည်။ ဒီနေ့က မီးပျက်ရက် ဖြစ်သောကြောင့် တစ်လမ်းလုံး မှောင်မဲနေသည်။ မီးစက်ထွန်းဖို့နေနေသာသာ မီးလာရင်တောင် ထွန်းဖို့ အိမ်ရှေ့မီးတိုင် မရှိသည့် သူ့ရွာထဲက အိမ်တွေ ဒီအချိန်ဆို တစ်ရေးတောင် ရနေလောက်ကြပြီ။ မအိပ်သေးတဲ့ အိမ်တစ်ချို့မှ ဖယောင်းတိုင် မီးရောင်ကလည်း မှိန်ပြပြသာ…..။ လရောင်ကိုပဲ အားကိုးလို့မရတာရယ် အရေးအကြောင်းရယ်မှာ သုံးဖို့ သုံးတောင့်ထိုး ဓာတ်မီးကတော့ မပါမဖြစ်ပေ။ ဒီနေ့ သိပ်ကြိုက်ရသည့် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ပွဲ ရှိတာကြောင့် သိန်းဝင်းတစ်ယောက် တစ်မနက်လုံး ယောက်ယက်ခက်နေတာဖြစ်သည်။ အလုပ်မှာ ဘာလုပ်လုပ် ကပျက်ကချောနှင့် အလွဲလွဲအချော်ချော် ပျာပျာသဲလဲ ဖြစ်နေသည့်သူ့ကို ဝပ်ရှော့ဆရာ ကိုတောကြီးတို့က…

  • People We Meet on Vacation

    People We Meet on Vacation

    People We Meet on Vacation (2026) “နှစ်ပေါင်းများစွာ သူငယ်ချင်းအဖြစ် စည်းမကျော်ဘဲ ခင်လာခဲ့ပြီးမှ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားရင် ဘာဆက်‌တွေဖြစ်မလဲ?” Best-selling ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ “People We Meet on Vacation” ဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Poppy နဲ့ Alex ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပါ။ Poppy က လွတ်လပ်ပေါ့ပါးပြီး ခရီးသွားရတာ ဝါသနာပါသူဖြစ်ပြီး Alex ကတော့ တည်ငြိမ်ပြီး စာအုပ်တွေကြားမှာပဲ ပျော်မွေ့သူပါ။ သူတို့နှစ်ယောက်မှာ ထူးခြားတဲ့ အစဉ်အလာတစ်ခုရှိပါတယ်။ အဲဒါကတော့ နှစ်စဉ် နွေရာသီတိုင်းမှာ အတူတူ ခရီး ထွက်ကြတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ခရီးစဉ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ…

  • Dollhouse

    Dollhouse

    Dollhouse (2025) မိသားစုဝင်တစ်ယောက်လို ချစ်‌ပေးခဲ့တဲ့ အရုပ်တစ်ရုပ်က ဘယ်လို အန္တရာယ်တွေ ယူဆောင်လာမလဲ? ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ တုန်လှုပ်‌ခြောက်ခြားဖို အရမ်းကောင်းတဲ့ ဂျပန်အရုပ်သရဲကား ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆူဇူကီ ရိုရှီ နဲ့ သူမရဲ့ခင်ပွန်း တာဒါဟီကို တိုဟာ ၅ နှစ်အရွယ် သမီးလေး “မေ” ကို ဆုံးရှုးလိုက်ရပြီးနောက် ကြီးမားတဲ့ဝမ်းနည်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရိုရှီတစ်ယောက် ဈေးဟောင်းတစ်ခုကနေ သမီးလေး မေနဲ့ တစ်ပုံစံတည်းတူတဲ့ အရုပ် တစ်ရုပ်ကို တွေ့ရှိခဲ့ပြီး သမီးလေးလိုပဲ ဂရုစိုက်ခဲ့ရာကနေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ရိုရှီနဲ့ တာဒါဟီကိုတို သမီးလေး မိုင် ကို ထပ်မံရရှိချိန်မှာတော့ အဲဒီအရုပ်အပေါ် အာရုံစိုက်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။ မိုင်လေး အသက်…