Author: Baby Yit Lone

  • ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ပုသိမ်မြို့ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်းအတွင်း ရန်ဖြစ်ပွားရာ အထိုးခံရသူ အသက် အန္တရာယ်စိုးရိမ်ရ

    ဧရာဝတီတိုင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောင်းသားနှစ်ဦး စကားများရန်ဖြစ်ရာတွင် အထိုးခံရသူ ကျောင်းသားဟောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထိုးခံရနှင့်ရင်းနှီးသူထံမှ သိရသည်။ ဖြစ်စဉ်တွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ ကျောင်းသားဟောင်းသည် ပြင်းထန်သော ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။ ထိုးနှက်ခံရမှုကြောင့် ဦးနှောက်သွေးယိုမှု၊ နှာခေါင်းရိုးကျိုး၊ လည်ပင်းရိုးကျိုး စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ယနေ့အထိ သတိလစ်နေဆဲဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်သူငယ်ချင်းက သူ့ကျောင်းဟောင်းက ကျောင်းမှာအမှတ်စာရင်းသွားထုတ်တယ်။ အဲဒီမှာ တတိယနှစ်ကျောင်း သားရဲ့ ရည်းစားဟောင်းအကြောင်းကို စလိုက်တယ်။ အဲ့ဒါကို စိတ်ဆိုးသွားပြီးတော့ တိုင်နဲ့ခေါင်း ညှပ်ကန်လိုက်တာ။ အသေ သတ်မယ်ဆိုပြီး အောက်ထပ်မှာ ဒုတ်သွားယူလိုက်တော့မှ လူတွေသိကုန်တယ်။ ပုသိမ်ဆေးရုံပို့ကတည်းက…

  • တိုင်းပြည်ဆင်းရဲတာ စိုးရိမ်စရာ မလိုဘူးတဲ့

    တိုင်းပြည်ဆင်းရဲတာ စိုးရိမ်စရာ မလိုဘူးတဲ့

    တပ်မတော်ပြိုနေပြီလား ဆိုတာကို ဇော်မင်းထွန်းရှင်းလင်း ဗိုလ်ချုပ် ပြည်သူတွေက ပြောပြောနေတဲ့ တပ်မတော်ပြိုနေပြီ ဆိုတာ တကယ်ရောပြိုနေပြီလို့ ပြောလို့ရပြီလား။ ဟုတ်ပါတယ်။ အဘ အာဏာထိန်းကတည်းက ပြိုနေပါပြီ။ တချို့က CDM လုပ်ကြတယ်။ တချို့က ရန်သူဆီမှာ အညံ့ခံ အလံဖြူထောင်နေကြတယ်။ ဒါဟာ ပြိုကွဲမှု တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါဆို နေပြည်တော်အထိ ပြို့ကွဲလာနိုင်သလား။ ဘယ်လိုကာကွယ်ဖို့ စိတ်ကူးထားကြသလဲ။ နေပြည်တော်အထိ တက်လာကြရင်တော့ ပြေးဖို့ပဲရှိတာပေါ့။ ဘယ်သူက အသေခံပြီး ချမှာလဲ စောက်ရူးတွေမှ မဟုတ်တာ။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မပြိုနိုင်ပါဘူး။ ဘာကြောင့်လွယ်လွယ်နဲ့ မပြိုနိုင်တာလဲ။ ဘာတွေရှိနေလို့လဲ။ တပ်မတော်မှာ ငွေအင်အားတောင့်တယ်။ တပ်မတော်ကို ဝိုင်းရံတဲ့ သစ္စာခံတွေရှိတယ်။ လက်ရွေးစင်တွေကို နေပြည်တော်မှာပဲ အကုန်ချထားတယ်။ တိုင်းပြည်နဲ့ လူထုက ဒီလောက်ဆင်းရဲ…

  • Murder at the Embassy

    Murder at the Embassy

    Murder at the Embassy (2025) ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့… ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ… လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။

  • ပန်းပုံပြင် Prelude (Teen Diary)

    ပန်းပုံပြင် Prelude (Teen Diary)

    ပန်းပုံပြင် introduction ဆိုလည်း ဟုတ်ပါတယ်။ ဒီအတိုလေးကို ၂၀၁၆ တုန်းက အချစ်တက္ကသိုလ်မှာ ပထမဆုံး ရေးဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန် personal experience လေးပါ။ ဘဝမှာ မဟုတ်တာတွေ စလုပ်တတ်တဲ့ အတွေ့အကြုံလေး အမှတ်တရ။ စရေးတုန်းက Teen diary ကနေ ပန်းပုံပြင် ဇာတ်လမ်းအထိ ဆက်သွားတာ။ နောင် ဘယ်မှာတင်ရမှန်း မသိတော့တာရယ်။ ရှက်ဖို့ကောင်းတယ် ထင်တာရယ် ဟိုဘက်မှာတင်ပြီးသား အပိုင်းတွေ ဖြုတ်ချပြီး အသစ်စလိုက်တယ်။ အခုလည်း ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ ရယ်လည်းရယ်ချင်တယ်။ ရှက်စရာလည်းကောင်းတယ်။ ပိချိလေး အရွယ်ထဲက မဟုတ်မဟတ်တွေ ရေးတတ်ခဲ့တာကိုး ဟိ။ စာဖတ်သူတွေလည်း ရှေ့မျက်နှာနောက်ထား ဖတ်ပေးကြပါနော်။ “ပထမဆုံးသော ဝတ္ထုလေးပါ။ အမှားပါရင် သည်းခံပေးပါ။” ဒါ အဲ့တုန်းက စာဖတ်သူတွေကို အရင်ဆုံးတောင်းပန်ထားတဲ့…

  • Manta Ray

    Manta Ray

    Manta Ray (2018) ဒီဇာတ်ကားလေးကတော့ 2018 မှာထွက်ရှိထားပြီး ပင်လယ်ကမ်းခြေက တံငါသည်တွေရဲ့ အကြောင်းကို ဖော်ကျူးထားတဲ့ကားလေးတစ်ကားပါပဲ။ ဆန်စ်ဟာ ခရုသွားရှာကောက်ရင်း ရွှံ့ထဲမှာ ဒဏ်ရာရပြီးမေ့မျောနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ ဆေးကုဖို့ဆေးခန်းဆီ ခေါ်ဆောင်သွားပေးခဲ့ပါတယ်။ ဆေးကုပေးပြီး ဆန်စ် က အဲဒီလူကို အိမ်ခေါ်သွားခဲ့ပါတယ်။ အိမ်ရောက်တော့ နာမည်နဲ့ နေရပ်လိပ်စာတွေမေးခဲ့ပေမဲ့ သူကတော့ စကားပြန်မပြောခဲ့ပါဘူး။ ကြာလာတော့ အဲ့ဒီလူက ဆွံအနေတဲ့လူဖြစ်မှန်းသိသွားခဲ့တယ်။ အဲ့ဒီလူက အိမ်ယာမဲ့သူဖြစ်ပြီး သွားနေစရာအိမ်မရှိသာကြောင့် ဆန်စ်နဲ့အတူနေဖို့ ဆန်စ်က ပြောလိုက်ပါတယ်။ အတူနေတာကြာလာတော့ နှစ်ယောက်သားအရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှတော့ သူတို့တွေ ဘာတွေရင်ဆိုင်ကြုံတွေရမလဲဆိုတာကတော့…