တပ်မတော်ပြိုနေပြီလား ဆိုတာကို ဇော်မင်းထွန်းရှင်းလင်း
ဗိုလ်ချုပ် ပြည်သူတွေက ပြောပြောနေတဲ့ တပ်မတော်ပြိုနေပြီ ဆိုတာ တကယ်ရောပြိုနေပြီလို့ ပြောလို့ရပြီလား။
ဟုတ်ပါတယ်။ အဘ အာဏာထိန်းကတည်းက ပြိုနေပါပြီ။
တချို့က CDM လုပ်ကြတယ်။
တချို့က ရန်သူဆီမှာ အညံ့ခံ အလံဖြူထောင်နေကြတယ်။
ဒါဟာ ပြိုကွဲမှု တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါဆို နေပြည်တော်အထိ ပြို့ကွဲလာနိုင်သလား။
ဘယ်လိုကာကွယ်ဖို့ စိတ်ကူးထားကြသလဲ။
နေပြည်တော်အထိ တက်လာကြရင်တော့ ပြေးဖို့ပဲရှိတာပေါ့။
ဘယ်သူက အသေခံပြီး ချမှာလဲ စောက်ရူးတွေမှ မဟုတ်တာ။
ဒါပေမယ့် လွယ်လွယ်နဲ့တော့ မပြိုနိုင်ပါဘူး။
ဘာကြောင့်လွယ်လွယ်နဲ့ မပြိုနိုင်တာလဲ။ ဘာတွေရှိနေလို့လဲ။
တပ်မတော်မှာ ငွေအင်အားတောင့်တယ်။
တပ်မတော်ကို ဝိုင်းရံတဲ့ သစ္စာခံတွေရှိတယ်။
လက်ရွေးစင်တွေကို နေပြည်တော်မှာပဲ အကုန်ချထားတယ်။
တိုင်းပြည်နဲ့ လူထုက ဒီလောက်ဆင်းရဲ မွဲတေ ငတ်ပျက်နေတာ တပ်မတော်က ချမ်းသာတယ်ဆိုတာ ဘယ်ကနေချမ်းသာနေတာလဲ။
မင်းကိုငါပြောပြမယ် တိုင်းပြည်ဆင်းရဲတာက တိုင်းပြည်ဝင်ငွေကို တိုင်းပြည်အတွက် မသုံးလို့ ဆင်းရဲနေတာ။
စစ်အာဏာရှင် နိုင်ငံတိုင်းကို လေ့လာလိုက်ပါ။
တိုင်းပြည် နဲ့ လူထုပဲ ဆင်းရဲလိမ့်မည်။ အာဏာရှိတဲ့ အုပ်ချုပ်သူတွေက ဘယ်တော့မှ မဆင်းရဲဘူး။
တိုင်းပြည်ရဲ့ ဝင်ငွေအားလုံးကို သူတို့က အကုန်ယူနေတာ။
တိုင်းပြည်အတွက် မသုံးလို့ တိုင်းပြည်ဆင်းရဲတာ၊ တိုင်းပြည်ဆင်းရဲမှ လူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလို့ရတာ။
ဥပမာ သူဌေးက ဆင်းရဲသား တစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလို့ရတယ် မဟုတ်လား။
ကျနော်တို့မှာ ငွေအင်အားအများကြီးတောင့်တင်းတယ်။
တပ်မတော် သစ္စာခံတွေကို ခိုင်းစားလို့ရနေသရွေ့ အာဏာထိုင်ခုံက တည်မြဲနေအုံးမှာပဲ။
တိုင်းပြည်ရဲ့ ဝင်ငွေ နဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွါးရေးကို ဦးပိုင်က အကုန်ထိန်းချုပ်ထားတာ။
မလွဲသာ မရှောင်သာ အခြေအနေသာ ရောက်လာရင်တော့ ငါတို့တပည့်တွေကို အကုန်ထားခဲ့ပြီး အဘတို့နဲ့ အတူ နိုင်ငံခြားကို ထွက်ပြေးရုံပေါ့။
စားမကုန် သုံးမကုန် နိုင်ငံခြားဘဏ်မှာ ငွေစုထားတာ အများကြီး။
အစုရှယ်ယာ ဝင်ထားတာလည်း အများကြီးရှိတယ်။
ဒီလောက်ဆို သဘောပေါက်ပြီ မဟုတ်လား ဘောမကျော်စိုးဦး။
တိုင်းပြည်ဆင်းရဲတာ မစိုးရိမ်ဘူးလား။
မစိုးရိမ်ပါဘူး။
ခင်ဗျားအနေနဲ့ သူများဆင်းရဲတာကို စိတ်ပူပင် စိုးရိမ်ဖူးလို့လား။


Leave a Reply