Author: Baby Yit Lone
-

တရုတ်နိုင်ငံက စစ်အာဏာရှင်ကိုအသက်ဆက်ပေးနေကြောင်း သက်သေခံနေသည့် ကြေးနီစီမံကိန်းများ
မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းဒေသတွင် နေထိုင်သော မနှင်းဆီတို့မိသားစုမှာ မိရိုးဖလာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသော မိသားစုတစ်စုဖြစ်သည်။ ပူပြင်းသောဒေသဖြစ်သည့်အလျောက် နေမမြင့်ခင် လယ်ယာလုပ်ငန်းခွင်သို့ ဆင်း၍အလုပ်လုပ်ကြရသည်။ ၂၀၂၁ စစ်အာဏာသိမ်းသည့်နှစ်၊ ဒီဇင်ဘာလ၏ နံနံခင်းတစ်ခုတွင် လယ်သမားဖြစ်သော ခင်ပွန်းဖြစ်သူ လယ်ထဲမဆင်းမီ နံနက်စာအတွက် ထမင်းကြော်ကို မနှင်းဆီ ပြင်ဆင် ပေးခဲ့သေးသည်။ ခင်ပွန်းက လယ်ထဲဆင်းသွားပြီး မကြာမီပင် ရွာအပြင်ဘက်မှ ပေါက်ကွဲသံများကြောင့် အိမ်ကို ကတိုက်ကရိုက် ပြန်ပြေးလာကာ သူတို့သားအမိကို ရွာနှင့်ခပ်ဝေးဝေးဆီသို့သွား၍ စစ်ရှောင်ရန်မှာသည်။ ခင်ပွန်းဖြစ်သူ ကိုနိုင် (အမည်လွှဲ) က အဝတ်အစားလဲကာ ဒုန်းတောရွာထိပ်ဆီ သုတ်ခြေတင်ထွက်သွား သည်။ ဆူညံသော အသံများကြောင့် သူတို့၏ အသက် လေးနှစ် မပြည့်သေးသော သားငယ်လေး ထိတ်လန့်နိုင်သဖြင့် နားထဲဂွမ်းဆို့ပေးထားရန် မနှင်းဆီကို မမေ့မလျော့…
-

တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး
တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး
-

မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က သူနာပြုသင်တန်းကျောင်းမှာ ကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ သြဂုတ် ၁၂ ရက် မနက် ၂ နာရီခန့်က မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ သူနာပြုသင်တန်းကျောင်းက အိမ်သာထဲမှာ ကျောင်းသူတစ်ဦးဟာ မီးလောင်သေဆုံးနေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဒီဇယ်နံ့နဲ့ မီးခိုးနံ့တွေထွက်လာလို့ သိကြတာပြောတယ်”လို့ မိတ္ထီလာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီကျောင်းသူဟာ အသက် ၂၀ခန့်ရှိပြီး ကရင်နီပြည်နယ်ကနေ သင်တန်းလာတက်သူလို့ သိရပါတယ်။ အဲဒီကျောင်းသူဟာ အိိမ်သာအတွင်း တံခါးဂျက်ထိုးပြီး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်း မီးရှိူ့သတ်သေတာလို့ စွပ်စွဲထားကြပြီး ဖြစ်စဥ်အမှန်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ ရုပ်အလောင်းကို မိတ္ထီလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ မနေ့ကလည်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူနဲ့ ကလေး ၃ ဦး တပြိုင်တည်းသေဆုံးခဲ့ပြီး…
-

မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးအသစ်ကို အခု ဩဂုတ်လမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး လုံခြုံရေးဘန်ကာတွေနဲ့ အချုပ်ဆောင်တွေပါ ပါဝင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြောက်ဥက္ကလာပမြို့ခံတယောက်က “ဒီဘက် ရဲစခန်းအသစ်က ၂၀၂၄ လောက်မှ စဆောက်တာ။ အဲဒီတုန်းက ရဲစခန်းလို့ မသိရဘူး။ ပတ်ပတ်လည် အကုန် အုတ်ကြီးဆောက်တာ။ ဒီ ၈ လပိုင်းကမှ အထဲမှာ ရုံးထိုင်နေကြတာ တွေ့တယ်။ ရဲလိုင်းခန်းနဲ့ အချုပ်ခန်းတွေလည်း ပါတယ်။ တရားရုံးအသစ်လည်း ဒီနှစ်ထဲ ပြန်ဖွင့်မယ် ကြားတယ်” လို့ ပြောပါတယ်။ အသစ်ဆောက်လုပ်ထားတဲ့ ခရိုင်ရဲမြေနေရာဟာ ခေမာသီလမ်းမ၊ မြရတနာမှတ်တိုင်နဲ့ နွယ်သာကီ မှတ်တိုင်ကြား နေရာရှိ စစ်မှုထမ်းဟောင်းပိုင် မြေနေရာ ဖြစ်ပါတယ်။ ဘေးကပ်လျက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မီးလောင်ပြီး ပြန်တည်ဆောက်ထားတဲ့ မြောက်ဥက္ကလာ သုံးထပ်တရားရုံးအသစ်…
-

ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို
ရခိုင်တိုက်ပွဲ တနှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်မှ အပြီးသတ် လွတ်မြောက်လုနီးပါး အခြေအနေဖြစ်ကာ အာရက္ခတပ်တော် (AA) ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ရခိုင်ပြည်တခုလုံးကို ရခိုင်ပြည် သူများလက်ထဲသို့ ပြန်ထည့်ပေးမည့်အစီအစဉ်အား ဆက် အကောင်အထည်ဖော်သွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့အတွင်းမှ ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း ဆိုသည်။ ဦးခိုင်သုခက “ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ ကိုးဆယ်ရာနှုန်းကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်ပြီး မိမိတို့ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် ဆက်လက် ချီတက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။ ကျောက်ဖြူအပါအဝင်…