Author: Baby Yit Lone
-

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ
ရှမ်းပြည်နယ် – မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က မိုးကုတ်ဆေးရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ထိခိုက်သေဆုံးတာမျိုးတော့ အတိအကျ မသိဘူး။ ၆ လုံးချတယ်လို့လည်း ပြောတယ်။ အခုမနက်လည်း ညောင်သုံးပင်နားနဲ့ အုန်းကိုင်းရွာသစ်ဘက်မှာ ပစ်ခက်တဲ့ အသံကြားတယ် အတိအကျတော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အလားတူ ယနေ့ (ဒီဇင်ဘာလ…
-
ဆုံကုန်းအမြောက်တပ်ကို အင်အား ၆၀၀ ခန့် ပို့
စစ်မှုထမ်းသစ်များ ထွက်မပြေးနိုင်ရန် စောင့်ကြည့် အဖွဲ့ကိုပါ စီစဉ်ထား ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ နတ်ရေကန်ဗျူဟာကို စစ်ကူပို့ရန်အတွက် အင်အား ၆၀၀ ခန့်ရှိ စစ်ကော်မရှင်ယာဉ်တန်းကို ပဒါန်းရှိဆုံကုန်းအမြောက် တပ်အတွင်း စုစည်းခိုင်းထားကြောင်း သိရသည်။ အင်အားအပြည့်ပါသော စစ်ယာဉ်တန်း ၂၈ စီးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က မကွေး တံတားကိုဖြတ်ပြီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်းသို့ ဝင်ရောက်သွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ရိက္ခာသယ်လာတဲ့ယာဉ်တွေကိုပါ ဇင်ပြွန်းဘက်ကို ဆက်တိုက်ပို့တယ်။ ယာဉ်တန်းတွေ ထွက်လာ ချိန်ဆိုရင် အမြောက်တပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ ဆက် တိုက်ပစ်ပေးနေတယ်။ တပ်သားသစ်တွေ ထွက်ပြေးတာများလို့ စောင့်ကြည့်အဖွဲ့တွေကိုပါ လွှတ်ထားတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ပြောသည်။ စစ်ယာဉ်တန်းများအတွင်း လိုက်ပါလာသည့် တပ်ဖွဲ့ဝင်အများစုသည်…
-

ယူကရိန်းအရေး ထရန့်နှင့် ဥရောပခေါင်းဆောင်များ ‘ခွန်းကြီး ခွန်းငယ်’ စကားများ
ရုရှား ကျူးကျော်မှုအား မည်သို့အဆုံးသတ်ကြမည်ဆိုခြင်းအပေါ် သဘောထား ကွဲလွဲမှု ပိုမိုကြီးထွားလာနေသည့် နောက်ဆုံး လက္ခဏာအဖြစ် ယူကရိန်းအရေးနှင့်ပတ်သက်ကာ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီခေါင်းဆောင်များ “ခပ်ကြမ်းကြမ်း စကားလုံးများ” ဖြင့် အပြန်အလှန် ပြောဆိုခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား၊ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်တို့နှင့် ဖုန်းခေါ်ဆိုမှုအကြောင်း မေးမြန်းသည်ကို ထရန့်က “ကျွန်တော်တို့ ယူကရိန်းအရေး ဆွေးနွေးရာမှာ စကား လုံးတွေ ကြမ်းကုန်ကြတယ်” ဟု သတင်းထောက်များအား ပြောသည်။ “လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားတာလေးတွေ ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်၊ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ၊ ပြီးတော့ ကျွန်တော်တို့က အစည်း အဝေးမစခင် အချို့ကိစ္စတွေကို သိထားချင်ကြတယ်”…
-

ကြိုက်တော့သမီး ညားတော့အမေ
ဖြစ်ရပ်မှန်အိမ်ထောင်ရေး ဇာတ်လမ်း “ ငါ့ညီ ..မင်း..ငသက်သတင်းကြားပြီးပြီလား..” “ ဘာသတင်းလဲကွ..” “ ငသက် သူ့ဆော်ရဲ့အမေနဲ့ အိမ်ထောင်ကျသွားတဲ့ သတင်းလေ..” “ ဟေ..ဘယ်လိုဘယ်လို..ငါ..နားကြားများလွဲသွားသလားလို့..ငသက် အိမ်ထောင်ကျသွားတာ ဘယ်သူနဲ့..” “ သြော် …မင်းကလဲ …သူဆော်ရဲ့ အမေနဲ့ပါဆို ..” “ ဘယ်လိုတွေ ဖြစ်ကုန်တာလဲကွာ…” “ အဲ့ဒါတော့ ငါလည်း သေချာမသိဘူး…ကာယကံရှင် ငသက်ကိုပဲ မေးမှသိမယ်..” “ ဒါနဲ့ ငသက်ကကော အခု..ဘယ်မှာလဲ…” “ သူ့အိမ်မှာနေမှာပေါ့…သြော် ..သူ့အိမ်ဆိုတာ သူ့မိဘအိမ်ကို ပြောတာမဟုတ်ဘူးနော်..သူ့မိန်းမကြီးအိမ်မှာဆိုလား..အဆောင်ခန်းငှားပြီး သွားနေတယ်ဆိုလား..တခုခုပဲ..သေချာတော့ မသိဘူး…” “ မင်း ငသက်ကို ဖုန်းခေါ်ပြီး..ဒီကောင်ဘယ်ရောက်နေလဲ မေးကြည့်လိုက်လေကွာ..” “ ဟ ..မင်းကောင်ငသက်က ဖုန်းမကိုင်ဘူးကွ…ဒီမှာကြည့် ..ငါခေါ်ထားတာ call ၃၀ ပြည့်တော့မယ်…ငါ…
-

The Killer of Swordsmen
The Killer of Swordsmen (2025) သိုင်းရုပ်ရှင်ကား ကောင်းကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ သိုင်းလောကကိုတုန်လှုပ်စေခဲ့တဲ့ “သွေးအေးဓားသမား” ဟန်ယွဲ့ရန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ ထမင်းတစ်နပ်ရဲ့ကျေးဇူးကိုဆပ်ဖို့အတွက် ဖူဟန်မြို့ကို ပြန်လာခဲ့တဲ့အချိန်မှာ ဖူဟန်မြို့ဟာ အာဏာရှင်လူဆိုးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပါတယ်။ ဟန်ယွဲ့ရန်ဟာ သူတို့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ပေမယ့် လူသားတွေရဲ့ အားနည်းမှုနဲ့ ကြောက်ရွံ့မှုတွေက အကြမ်းဖက်မှုထက် ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ထော်လော်နဲ့ သူ့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးက အဆိပ်လူးထားတဲ့ဓားလို သူ့နှလုံးသားကို ထိုးစိုက်နေပြီး ချစ်ခြင်းမေတ္တာနဲ့ သစ္စာဖောက်မှုကြားမှာ သူဟာ စုတ်ပြဲနာကျင်စွာ ရုန်းကန်နေခဲ့ရပါတယ်… အားနည်းတဲ့ ရပ်သူရွာသားတွေက အသက်ရှင်ဖို့အတွက် သူ့ကို သေပေးဖို့ တောင်းဆိုလာတဲ့အခါ…… ကိုယ်နဲ့ စိတ်ချင်းတူ အတွေးတူတယ်လို့ ထင်ထားသူက ကိုယ့်ကို ရန်ငြိုးထားပြီး ကလဲ့စားချေဖို့…