Author: Baby Yit Lone

  • Mango

    Mango

    Mango (2025) Mango ဆိုတဲ့ဇာတ်ကားလေးကတော့ အလုပ်ပဲလုပ်နေပြီးရည်မှန်းချက်ကြီးတဲ့ဒိန်းမတ်သူလေးရဲ့ စပိန်နိုင်ငံက သရက်ခြံမှာ ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးအကြောင်း ရိုက်ကူးထားတဲ့ ဟာသ၊ အချစ်၊ ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဇာတ်လမ်းလေးကတော့ ရည်မှန်းချက်ကြီးတဲ့ ဟိုတယ်မန်နေဂျာ လာကီဟာ သူ့ရဲ့သူဌေး ဂျိုးရဲ့ စေလွှတ်ချက်အရ စပိန်နိုင်ငံ မက်ဂ်လာဂါမြို့ကိုသွားပြီး အဲလက်ဆိုသူ ပိုင်ဆိုင်တဲ့ သရက်ခြံမှာ ဟိုတယ်တည်ဆောက်ဖို့ အဲလက်ခြံကိုဝယ်ယူရန်ညှိနှိုင်းကြိုးပမ်းရမှာဖြစ်ပါတယ်။ ရှားရှားပါးပါးရတဲ့အားလက်ရက်မှာ သမီးဖြစ်သူ အန်းနတ်နဲ့အတူခရီးသွားမယ်လို့ ကတိပေးထားပြီးကာမှ အလုပ်ကိစ္စရှိတဲ့နေရာပဲ လိုက်လာရတဲ့အတွက် အန်းနတ်ကလဲ မကျေမနပ်ဖြစ်နေပါတယ်။ သရက်ခြံကိုရောက်တော့ အဲလက်ကလဲမရောင်းဘူးဆိုပြီးခေါင်းမာနေပြီး သူတို့ရဲ့ ကြားကတင်းမာမှုတွေကနေ မမျှော်လင့်ထားတဲ့ခံစားချက်တွေပေါ်ပေါက်လာပြီး ဘယ်လိုအချစ်ဇာတ်လမ်းတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

  • Tharae The Exorcist

    Tharae The Exorcist

    Tharae The Exorcist (2025) “တစ္ဆေရွာ” လူတိုင်းမှာ ယုံကြည်ရာကိုယ်စီရှိကြသလိုပဲ ဒီထရယ့်ရွာကတော့ ဘိုးဘေးသရဲတွေကို သက်ဝင်ယုံကြည်ကြပါတယ်။ ထရယ့်ရွာမှာ တစ္ဆေဆိုးတကောင်ဟာ လူကိုယ်ထဲဝင်ပူးပြီး ဘေးပတ်ဝန်းကျင်ကသူတွေကို ဖုတ်သဖွယ် လိုက်လံစားသုံးပါတယ်။ ဒါကြောင့် ဖာသာပေါင်လိုက မိစ္ဆာနှင်ဖို့ ဒီရွာကို ရောက်လာပါတော့တယ်။ ဒါပေမယ့် မိစ္ဆာက တော်တော်ကိုမှ အကောင်ကြီးနေပါပြီ။ ရွာခံ နတ်ဆရာမ မယ်တော်ဆိုဖာကလည်း သူ့ရဲ့တတ်ကျွမ်းတဲ့ပညာနဲ့ နှင်ဖို့ကြိုးစားနေတာကြောင့် ဖာသာပေါင်လိုနဲ့ မယ်တော်ဆိုဖာတို ပူးပေါင်းမိခဲ့ရာမှာတော့ ဒီမိစ္ဆာဆိုးကြီးကို နှိမ်နင်းနိုင်သွားပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ သရဲကားကောင်းလေး တကားပါ။

  • နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ

    နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ

    9-12-2025 နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ(သို့)အသက်နှင့်စိန်ခေါ်မှုများကြားက တတိယမြောက်တိုက်ပွဲ ​ကျွန်တော်က မြို့ငယ်လေးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သာမာန်ဆရာဝန်တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ နေ့ရက်တွေဟာ ခွဲစိတ်ခန်းထဲက သံမဏိရနံ့နဲ့ ပြီးဆုံးလေ့ရှိပြီး ဓားသွားအောက်မှာ အသက်ပေါင်းများစွာနဲ့ နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့… မနေ့က ကြုံတွေ့ရတဲ့ အခြေအနေဟာ ကျွန်တော့်ရဲ့ ဆေးပညာသက်တမ်းတစ်လျှောက် အဆိုးရွားဆုံး၊ အကြောက်ရဆုံး စိန်ခေါ်မှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ​ပထမစိန်ခေါ်မှုကမလှုပ်ရှားနိုင်သော ကျောရိုးနှင့် အာရုံကြောများဆိုင်ရာခန္ဓာကိုယ်အောက်ပိုင်း အားနည်းနေတဲ့အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးပါ။ စိုးရိမ်စရာအကောင်းဆုံးကတော့ သူမဟာ အောက်ပိုင်းခြေနှစ်ဖက် မသန်စွမ်းတာ ကြာနေပြီဖြစ်ပြီး၊ ဒီတစ်ကြိမ်က သူမရဲ့ တတိယမြောက် ခွဲစိတ်မွေးဖွားမှု (Cesarean Section) ဖြစ်နေတာပါပဲ။ ​စာတွေ့အရရော၊ လက်တွေ့အရပါ… တတိယအကြိမ် ခွဲစိတ်မှုဟာ အရင်နှစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုမိုအန္တရာယ်များတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အမာရွတ်တွေကြောင့်၊ သွေးကြောနဲ့ ဆီးအိမ်တွေ…

  • မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့်ကုမ္ပဏီများမှ ရင်းနှီးမြှပ်နှံမှုများအား ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

    မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့်ကုမ္ပဏီများမှ ရင်းနှီးမြှပ်နှံမှုများအား ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ပြန်လည်ရုပ်သိမ်း

    ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) သည် အိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်သည့် Bharat Electronics Limited (BEL)၊ Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီး Sumitomo Corporation တို့ရှိ ၄င်း၏ရင်းနှီးမြှပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထိုသို့ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ က စစ်တပ်ဆက်နွှယ်ကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရှိသည့် ရင်းနှီးမြှပ်နှံမှုများ ပြန်လည်ရုပ်သိမ်းမှုအပေါ် ကြိုဆိုကြောင်း Justice For Myanmar (JFM)၊ Swedish Burma Committee (SBC) နှင့် Fair Finance Guide တို့က ယနေ့ညတွင် ထုတ်ပြန်ခဲ့သည်။ JFM အဖွဲ့၏ ထုတ်ပြန်ချက်များအရ BEL နှင့် HAL…

  • ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် ရန်အောင်နဲ့ ကြူကြူလှ အချစ်တော် ခန့်စည်သူတို့ ၀င်ရောက်အရွေးခံမယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က ‌ဒီဇင်ဘာလ ၉ ရက်မှာ ပြောပါတယ်။ ၂၀၂၁ခုနှစ် အာဏာစသိမ်းခါစက ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတက်လုပ်ခဲ့တဲ့ ခန့်စည်သူဟာ ပြည်သူလူထုကန့်ကွက်ခဲ့တာကြောင့် ၇ ရက်နဲ့ ဆင်းပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ “ဒီတစ်ခေါက် ကြူကြူလှ ဝိတ်နဲ့ အကယ်ဒမီများရှင် ပြန်ဝန် အကယ်ဒမီမောင်မောင်အုန်းတို့က ကဝန်းရံတဲ့အတွက် ခန့်စည်သူက ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်နေတယ်”လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ဥက္ကဋ္ဌ နေရာအတွက် ရန်အောင်နဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ ဆိုပါတယ်။ “ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေတာ။ ဥက္ကဋ္ဌနေရာအတွက်။ ဘောမအကြီးစား ရန်အောင် နဲ့ ကြူကြူလှရဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာ”လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလမှာ အကယ်ဒမီ…