Author: Baby Yit Lone
-

စားပြီးမွေးသော တီလေး
“ဘယ်ကပြန်လာတာလဲ မိုးငယ်” “ဈေးက အစ်မရေ။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမွှေးရေတွေ သွားဝယ်တာ။ ညနေစောင်းနေပြီ ဆိုပေမယ့် တော်တော်ပူတယ် အစ်မရယ်” “ဟုတ်တယ် ပူလာပြီ မိုးငယ်ရေ အပြင်ထွက်ရင် ထီးယူသွားမှပါကွယ်” ဘေးအခန်းက အစ်မကြီးကိုပြောရင်း မိုးငယ် တိုက်ခန်းတံခါးသော့ဖွင့်ကာ ဝင်လိုက်လေသည်။ မိုးငယ်ကတို့ တိုက်ခန်းက ၃ လွှာမှာရှိလေသည်။ ကွန်ဒိုနီးနီး အပြင်အဆင် ဝန်ဆောင်မှုများ ထည့်ထားပေးလေသည်။ မိုးငယ်ယောက်ျား လင်းသူက သင်္ဘောသူကြီး (ကပ္ပတိန်) ဖြစ်လေသည်။ မိုးငယ်ရော လင်းသူပါ နယ်မြို့အသီးသီးက ဖြစ်သည်။ မိုးငယ်က ရန်ကုန်မှာ အလုပ်လုပ်ရင်း သင်္ဘောသား လင်းသူနှင့် တွေ့ရှိကာ ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်လေသည်။ သုံးနှစ်လောက် ချစ်သူတွေအဖြစ် တွဲကြရင်း လင်းသူက ပိုက်ဆံစုကာ နေရာထိုင်ခင်း အဆင်ပြေပြီဆိုမှ မိုးငယ်ကို…
-

Pose
Pose (2025) James McAvoy ကြီးရဲ့ Thriller ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စနေတနင်္ဂနွေအားလပ်ရက်မှာ အပန်းဖြေအိမ်တစ်လုံးမှာ နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေဖို့ ကောင်မလေးဖြစ်သူအဆိုတော်ရဲ့ အယ်လ်ဘမ်ကာဗာအတွက် ဓာတ်ပုံရိုက်ဖို့၊ စိတ်ကူးကွန့်မြူးဖို့ထွက်လာတဲ့စုံတွဲတစ်တွဲ၊ သူတို့အပန်းဖြေရမယ့်အိမ်မှာ အိမ်ကြီးရှင်တစ်ဖြစ်လဲ အကျော်ဒေယျဓာတ်ပုံဆရာကြီး သောမတ်စ် (James McAvoy)နဲ့သူ့ကောင်မလေးက ရောက်နှင့်နေပါတယ်။ အဲ့ဒီလိုနဲ့အချင်းချင်း စကားတွေပြောကြ၊ အယူအဆတွေဖလှယ်ကြရင်း ဂုဏ်သိက္ခာတွေ၊ မာနတွေ၊ ခံစားချက်တွေ ပွတ်တိုက်မိကြပုံပါပဲ။ Experimental film ဖြစ်တဲ့အတွက် သမားရိုးကျဇာတ်ကားတွေရဲ့တင်ဆက်ပုံနဲ့တော့ကွဲထွက်နေမှာပါ။ ကင်မရာမြင်ကွင်းတွေရုတ်တရက်ပြောင်းလဲသွားတာမျိုး၊ စကားပြောနောက်ကျတာ၊ အသံထွက်နဲ့မကိုက်တာ၊ ကင်မရာမြင်ကွင်းမှာစကားပြောသူကိုမတွေ့ရတာ၊ ဖိုးကပ်စ်အောက်နေတာမျိုးတွေကစလို့၊နားလည်ရခက်တဲ့ ဇာတ်လမ်းသွား သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ခံစားသက်ဝင်ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
-

Communist Pacha Adhava Appa
Communist Pacha Adhava Appa (2025) “စည်းလုံးခြင်းသည် အင်အား” ဒီတစ်ခါမှာတော့ မလေယာလမ် စကားပြော ဟာသ/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ကီရယ်လာက ရွာလေးတစ်ရွာမှာ ဝါဟစ်ဆိုတဲ့ အိမ်ထောင်သည်ဖခင်တစ်ဦးဟာ သူယုံကြည်ရာ အယူအဆတွေကို စွဲမြဲစွာကိုင်ထားတတ်သူပါ ကိုဗစ်ကြောင့် လော့ဒေါင်းချလိုက်တဲ့အခါမှာ သူတိုဘော်ဒါတွေအားလုံး သွားစရာမရှိ၊ ခရစ်ကတ်ကစားကွင်းလေးထဲမှာပဲ သောင်တင်ကြပါတော့တယ် ကိုဗစ်ရဲ့ ရိုက်ခတ်မှုတွေနဲ့အတူ ဖြစ်ပေါ်လာတဲ့ တင်းမာမှုလေးတွေ၊ မိသားစုပဋိပက္ခတွေကြားကနေ ရိုးပင်းကူညီတတ်မှု၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တိုနဲ့အတူ သူတိုဘယ်လိုရှေ့ဆက်ကြမလဲ ပရိသတ်တိုကပဲ ခံစားကြည့်ရှုပေးကြပါဦး
-

A Very Jonas Christmas Movie
A Very Jonas Christmas Movie (2025) Christmas နားလည်း နီးလာပြီဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Christmas ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီး Jonas Brothers တွေ ဦးဆောင်ပါဝင်ထားတဲ့ A Very Jonas Christmas Movie ဆိုတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ နာမည်ကြီး ညီအစ်ကို သုံးယောက် London ကနေ New York ကို အသည်းအသန် ခရီးနှင်ကြပုံကို ရိုက်ပြထားတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ၊ Christmas နေ့မှာ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ အချိန်မီ အတူရှိနေနိုင်ဖို့ပါပဲ။ ဒါပေမဲ့ ဒီခရီးလမ်းက သူတို့ထင်သလို ချောချောမွေ့မွေ့မဖြစ်ဘဲ အလွဲတွေ၊ အခက်အခဲတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့အခါ…
-

Stephen
Stephen (2025) “စိတ္တဇရှင်းတမ်း” အသစ်ထွက်ထားတဲ့ တမီလ်စကားပြော စိတ္တဇ သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယတောင်ပိုင်းရဲ့ မြိုလေးတစ်မြိုမှာ ၈ လအတွင်း ကောင်မလေး ၉ ယောက် အကြောင်းမရှိပျောက်ဆုံးနေပါတယ်။ ရဲတွေဘက်ကလည်း နည်းမျိုးစုံ စုံစမ်းကြပေမဲ့ ဘာသဲလွန်စမှမရကြပါဘူး။ တစ်နေ့မှာတော့ ခပ်ရိုးရိုးပုံစံနဲ့လူတစ်ယောက်က သူတိုရဲ့နယ်မြေခံရဲစခန်းကိုလာပြီး ကောင်မလေး ၉ ယောက်ကို သူ သ-တ်လိုက်တာပါလို ဝန်ခံလာပါတယ်။ တရားခံနာမည်က စတီဖင်ဖြစ်ပြီး သူက ရဲတွေဘာမှမမေးခင် သူ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အကုန်ပြောပြပါတယ်။ သူ့ကို စိတ်ကျန်းမာရေးစစ်ဆေးဖို တရားရုံးက အမိန့်ပေးလာတဲ့အခါမှာတော့ စတီဖန်နဲ့ သူ့ကိုစစ်ဆေးတဲ့ စိတ်ရောဂါဆရာဝန်မလေးတိုရဲ့ စကားဝိုင်းတွေကနေ စတီဖင်ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာတွေ၊ သူ ဒီလို သွေးအေးတဲ့ ကွင်းဆက်လူသ-တ်သမားဘယ်လိုဖြစ်လာလဲဆိုတာတွေ၊ လူ့စိတ်ရဲ့ အမှောင်မိုက်ဆုံးအခြမ်းတွေကို ဒီရုပ်ရှင်ထဲမှာ…