Author: Baby Yit Lone
-

သာပေါင်းမှာ AA တို့ ဒွမ်ပြီး သိမ်းနေတာကြီးက အားရချက်ဟေ့
သဲဖြူနှင့် သာပေါင်းလေးဘက်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး တပ်စခန်းကုန်းအချို့ကို AA သိမ်းပိုက် ကွန်မန်ဒိုများ ပို့နေသော်လည်း အထိနာ၍ အမိုးအုပ်ကားများဖြင့်ပြန်ခေါ်ရ သာပေါင်းရှိ သဲဖြူနှင့် သာပေါင်းလေးကျေးရွာအနီးဝန်းကျင်တို့တွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများပြားကာ စခန်းကုန်းအချို့ သိမ်းပိုက်ခံလိုက်ရကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ ယခု ဩဂုတ်လဆန်း ဝန်းကျင်မှစ၍ စစ်တပ် တပ်ဖွဲ့များသည် AA စိုးမိုးထားသော နယ်မြေအတွင်းကို တိုးဝင်ရာမှ စတင်ကာ တန်ပြန်တိုက်ခိုက်ခံခဲ့ရပြီး တပ်လန်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် AA ၏ ချေမှုန်းတိုက် ခိုက်မှုများကြောင့် တပ်လန်သွားသော စစ်တပ်သည် ဩဂုတ်…
-

ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီကို သက်သေပြလိုက်တဲ့ ကမာရွတ် Time City ရှေ့ကအမျိုးသား
Time City ရှေ့မှာ ထိုင်နေရင်း ရုတ်တရက် လဲကျပြီး လူငယ်အမျိုးသားတစ်ဦးသေဆုံး လူ့အသက်ဆိုတာ ဘယ်လောက်တောင် ခန့်မှန်းရခက်ပြီး တိုတောင်းလွန်းသလဲဆိုတာကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဖြစ်ရပ်လေးက သက်သေပြနေပါတယ်။ ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့၊ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်ခန့်က ကမာရွတ်မြို့နယ်၊ Time City Office 3 အရှေ့မှာ ထိုင်နေတဲ့ လူငယ်အမျိုးသားတစ်ဦးဟာ ဘယ်သူမှ မထင်မှတ်ထားဘဲ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။ အနီးနား ပတ်ဝန်းကျင်က ပြည်သူတွေက စိုးရိမ်တကြီးနဲ့ “အနာဂတ်အလင်းတန်း ပရဟိတအသင်း” ကို အရေးပေါ် အကူအညီ လှမ်းတောင်းခဲ့ကြပါတယ်။ အသင်းကနေ လူနာတင်ယာဉ်တစ်စီးနဲ့ အချိန်မီ ထွက်ခွာကူညီခဲ့ပေမယ့် ဖြစ်စဉ်နေရာကို ရောက်ရှိလို့…
-

နားကပ်ဖြုတ် ရေကန်ထဲ တွန်းချ T-တ်ခံခဲ့ရတဲ့ ၆ နှစ်သမီးလေး နောက်ဆက်တွဲတွေ ပေါ်လာပြီ
စလော့ ဂိမ်းအကြွေးကြောင့် (၆) နှစ်အရွယ် သမီးငယ်လေး ကြုံလိုက်ရတဲ့ ရင်ကွဲဖွယ် အဖြစ်ဆိုး နောက်ကွယ်က အကြောင်းရင်းပေါ်ပြီ အွန်လိုင်း လောင်းကစားဂိမ်း တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲဆိုတာကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ နောင်ရဲကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ရင်ကွဲဖွယ် အဖြစ်အပျက်လေးက သက်သေပြလိုက်ပါတယ်။ ဒီဖြစ်စဉ်မှာ အသက် (၆) နှစ်အရွယ် KG တန်း ကျောင်းသူလေး မဆောင်းနှင်းဦး ဟာ မထင်မှတ်ထားဘဲ ထာဝရ ထွက်ခွာသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၆) ရက်နေ့ ညနေပိုင်းက သမီးငယ်လေးဟာ သူငယ်ချင်းအိမ်ကို သွားဆော့ရာကနေ အိမ်ပြန်မရောက်လာခဲ့ပါဘူး။ ကလေးငယ်ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ နေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပြီး…
-

KIA, KPDF တို့ ဒွမ်လိုက်ပြန်ပြီဟေ့
ရွှေကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှု စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်စီးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဖြူရလမ်းခွဲအရောက်တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြိုတင်စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသဖြင့် ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။…
-

သွေးအေးအေးနဲ့ ကျောင်းကိုလာခဲ့တဲ့ ကလေး…
သွေးအေးအေးနဲ့ ကျောင်းကိုလာခဲ့တဲ့ ကလေး… ဒီအဖြစ်ဆိုးရဲ့ နောက်ကွယ်က အဖြစ်အပျက် Debsirin Nonthaburi ကျောင်း ပစ်ခတ်မှု ဖြစ်ရပ်ရဲ့ နောက်ကွယ်က အဖြစ်အပျက်ကို ဒီနေ့ ထပ်သိရတော့ရင်ထဲထိအောင် ခံစားရတယ်၊ May ရဲ့ ဘလော့ဂ်ကို ဖတ်နေတဲ့ အားလုံးကိုလည်း ဝမ်းနည်းကြေကွဲစရာ အကြောင်းရင်းကို မျှဝေချင်ပါတယ်။ “သူသိပ်ချစ်တဲ့အဘိုးနဲ့အဘွားကိုအရင်ပစ်ခတ်ခဲ့ပြီးမှ သွေးအေးအေးနဲ့ကျောင်းကိုလာခဲ့တယ်” ဒီစာကြောင်းလေးကို ဖတ်လိုက်ရတာနဲ့ ကျွန်မရဲ့ လက်ချောင်းတွေ တုန်ယင်သွားတယ်။ ဒီဟာ ရုပ်ရှင်ဇာတ်လမ်းမဟုတ်ဘူး၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆင်ခြေဖုံးက Debsirin Nonthaburi ကျောင်းမှာ ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်တစ်ခုမို့ပါ။ ကျောင်းသားတွေရဲ့ မျက်မြင်သက်သေ ပြောပြချက်တွေက ရင်တွင်းကို နာကျင်စေတယ်။ တစ်ယောက်က “အတန်းထဲမှာ စာသင်နေတုန်း သေနတ်သံ ၃-၄ ချက်…