📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

KIA, KPDF တို့ ဒွမ်လိုက်ပြန်ပြီဟေ့

ရွှေကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှု စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်စီးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဖြူရလမ်းခွဲအရောက်တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြိုတင်စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသဖြင့် ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မနေ့က စစ်ကြောင်းတစ်ကြောင်းလုံး ပျက်သွားတာ။ လက်နက်ခဲယမ်းတွေလည်း ရတယ်။ နောက် ထပ် စစ်ကြောင်းတွေ ထပ်တက်ဖို့ စီစဉ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဩဂုတ်လ ၃ ရက်နေ့က မန္တလေး-ဗန်းမော် လမ်းမကြီးပေါ်၊ ရွှေကူမြို့နှင့် ငါးအိုးကျေးရွာကြားရှိ ရွှေဘုန်းမြင့်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ယာယီခြေကုတ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာခြင်းဖြစ် ကြောင်း သိရသည်။

ရွှေဘုန်းမြင့်ကျေးရွာရှိ ယာယီစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်က ရွှေကူမြို့နယ်အတွင်း အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းများကိုပါ အသုံးပြုနေကြောင်း သိရသည်။

လက်ရှိတွင် ရွှေဘုန်းမြင့်ကျေးရွာအနီးတဝိုက်နှင့် ရွှေကူ-ဗန်းမော် လမ်းကြောင်းတစ်လျှောက်၌ KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး

စစ်ကောင်စီဘက်က နောက်ထပ် စစ်ကြောင်းများ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်