Author: Baby Yit Lone
-

ပထမဆုံး LGBTတပ်ချုပ်လား?
ရဲဝင်းဦးကိစ္စက မအလယုံတာသိပေမယ့် သူက တိုင်းမှူးအပြီး စရဖညွှန်ချုပ်သာလုပ်လို့ ဘယ်သူကမှ ဒီရာထူးပေးမယ်လို့ မထင်ထားပါဘူး။ သူက လူသတ်တာ၊ ဘောမတာကလွဲလို့ စစ်ရေးအတွေ့အကြုံမရှိပါဘူး။ ဒီရာထူးကို ပေးလို့ရပေမယ့် စစ်မနိုင်နိုင်ပါဘူး။ ဒါကြောင့် မအလက စစ်တိုက်နိုင်သူထက် အမိန့်နာခံသူကိုရွေးတာ ထင်ရှားနေပါတယ်။ နောက်သူက အရက်သမား၊ နှစ်ဖက်ချွန် အမျိုးသမီးငယ်တွေရော လိင်တူပါဆက်ဆံသူပါ။ သူ့ ယခင် ဧရာဝတီတိုင်းထဲက PSO ကောင်လေးနဲ့ ဖြစ်နေတာပါ။ ထူးခြားတာက တရုတ်သမ္မတကို မိတ်ဆက်စဉ်က အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်က ကျော်စွာလင်းဖြစ်ပြီး အားလုံးရှေ့မှာ မိတ်ဆက်ထားတာပါ။ ကျော်စွာလင်းလဲ ရဲဝင်းဦးကို တပ်ချုပ်ပေးရလောက်အောင် ဘာတွေ ဖြစ်ခဲ့လဲ ယခုအထိတော့ မသိသေးပါ။ သိတာက ကျော်စွာလင်းက တပ်ချုပ်ပါ။ ဘာပဲပြောပြော စိန်လွင်ကို သမ္မတပေးလိုက်သလိုပါဘဲ။ တိုင်းပြည်ရော တပ်ပါ ကောင်းဖို့မရှိဘဲ ပြည်သူက…
-

နဂါးပူးကိစ္စ ခံဝန်ကတိထိုး..
ပဲခူးတိုင်း ကဝမြို့နယ် နဂါးပူးကိစ္စ ခံဝန်ကတိထိုး.. ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ တဲစုကျောင်းအတွင်း တည်ထားကိုးကွယ်ပူဇော်အပ်သော နဂါးရုံဘုရား ဘုရားဖွင့်ပွဲတွင် နဂါးရုံဘုရားပေါ်တွင် နဂါးပူးသည့် အမျိူးသမီး သုံးဦးနှင့်ပတ်သက် 27-2-2026 တွင် ကဝမြို့နယ် သံဃနာယကရုံးတွင် ဓမ္မစက် အာဏာစက် သက်ဆိုင်သူများ ရှေ့မှောက်ဝယ် သက်ဆိုင်ပါဝင်သူများအားလုံးအား သြဝါဒခံယူစေ ပြီး ခံဝန်ကတိထိုးစေခဲ့ဟု ကဝ မြို့နယ် သံဃနာယကရုံးမှ သတင်းရရှိ။ အာဏာစက်ဘက်က ပြတ်ပြတ်သားသား မကိုင်တွယ်သရွေ့ ဓမ္မစက်ဘက်ကတော့ ကြီးသောအမှု ငယ်စေ ငယ်သောအမှု ပပျောက်စေ မဖြစ်သေးသောအမှု မဖြစ်ပေါ်စေဆိုတဲ့ ငဲ့ငြှာစိတ်ထား ကိန်းဝပ်လို့သာ ခွင့်လွတ်စမြဲပါပေ။ မှတ်ချက်။ တစ်ချို့ ခွင့်လွှတ်လို့ မသင့်လျှင်တော့…. ခွင့်မလွှတ်သင့်ချေ.. မစိုးရိမ်ဖေးမလက်တွဲ
-

CEIR တို့၊ IMEI တို့ ဆိုတာ ဘာတွေလဲ ဒီကနေ ဘယ်လို ရှောင်တိမ်းနိုင်မလဲ
အာဏာသိမ်းစစ်တပ်က ခု ထုတ်ပြန်တဲ့ ဖုန်းတွေကို မှတ်ပုံတင်ရမဲ့ ကိစ္စက အာဏာရှင်တွေအတွက် အသစ်မဟုတ်ပါ။ သူ့မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်တို့က ဒီစနစ်ကို ကျင့်သုံးနေပြီးသား ဖြစ်ပါတယ်။ ခု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်တဲ့ Central Equipment Identity Register – CEIR ဆိုတာ ဘယ်ဖုန်းမှာမဆို ပါဝင်တဲ့ IMEI (International Mobile Equipment Identity) နံပါတ်တွေကို စနစ်တကျ စုဆောင်းမဲ့ အစီအစဉ်လို့ ကျနော် မြင်ပါတယ်။ ❍ ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI နံပါတ်ဆိုတာ ရှိပါတယ်။ ဂဏန်း ၁၅ လုံး ပါပါတယ်။ သိစရာလည်း မလိုသလို အလွတ် ရထားစရာလည်း မလိုပါ။ ဒါက…
-

IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?
ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ လုံခြုံရေး ဗဟုသုတတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ လူတော်တော်များများ စိုးရိမ်နေကြတဲ့ “ငါ့ဖုန်းရဲ့ IMEI ကို တစ်ယောက်ယောက်က သိသွားရင် ငါ့ဖုန်းကို Hack ပြီး ဒေတာတွေ ခိုးသွားမလား?” ဆိုတဲ့ မေးခွန်းပါ။ အဖြေကို အရင်ပြောရရင် “တိုက်ရိုက် Hack လို့ မရပါဘူး”။ ဒါပေမဲ့… သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ 🔍 ၁။ IMEI ဆိုတာ ဘာလဲ? IMEI ဆိုတာ ဖုန်းတစ်လုံးချင်းစီရဲ့ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” လိုမျိုးပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ် တစ်ခုပဲ ရှိသလို၊ ဖုန်းတစ်လုံးမှာလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော IMEI နံပါတ် ရှိပါတယ်။ ဒါဟာ Hardware (စက်ပစ္စည်း) ကို ခွဲခြားတာဖြစ်ပြီး သင့်ရဲ့…
-

မိုးကုတ်နဲ့ မိုးမိတ် တိုက်ပွဲတွေမှာ NUG လက်အောက်ခံတပ်တွေ နဲ့ အတူ SRA အဖွဲ့ဝင်တပ်တွေပါ ပူးပေါင်းတိုက်ပွဲဝင်
မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ စစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံတပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ကိုင်း PDFက ထုတ်ပြန်ပါတယ်။ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးမှာ မဟာမိတ် တအာင်းတပ်မတော်(TNLA)နဲ့အတူ စစ်ကိုင်း PDF က စစ်ဆင်ရေးတွေလုပ်ခဲ့ပြီး TNLA တပ်က စစ်ကောင်စီထံ မိုးကုတ်နဲ့မိုးမိတ်မြို့ ပြန်ပေးလိုက်ချိန်မှာ MOD အမိန့်နဲ့ လက်အောက်ခံတပ်ရင်း တွေပူးပေါင်းကာ စစ်ဆင်ရေး တွေဆောင်ရွက်နေတာလို့ စစ်ကိုင်းPDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အခု MOD အောက်ကအထူးလှုပ်ရှားတပ်နဲ့ပေါင်းပြီး စစ်ဆင်ရေး တွေဖော် ဆောင် နေပါတယ်။မိုးကုတ်၊မိုးမိတ်ဘက်ပေါ့”လို့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်း PDF ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှစတင်စုဖွဲ့ခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA အဖွဲ့ဝင်ဖြစ်ပြီး MOD လက်အောက်ခံ PDF တွေနဲ့ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာလို့…