Author: Baby Yit Lone

  • အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်ကိုတိုက်ခိုက်မှု ချက်ချင်းရပ်ရန် တရုတ်နှင့် ရုရှား တိုက်တွန်း

    အီရန်နိုင်ငံအား အမေရိကန်- အစ္စရေး တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း တရုတ်၊ ရုရှားနိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းပြုလုပ်ရန် နှစ်ဖက်စလုံးကို တောင်းဆိုကာ တင်းမာမှုများ ရှောင်ရှားရန်နှင့် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း ယင်းတိုက်ခိုက်မှုကို “အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ဗြောင်ကျကျရန်လို ကျူးကျော်ခြင်း” ဟု ဝေဖန်ထားသည်။ ထို့ပြင် ဝါရှင်တန်၏ စစ်ရေးအရ အကျပ်ကိုင်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများမှ သွေဖည်နေကြောင်း ဆင်ဟွာက ဆိုသည်။ ရုရှားနိုင်ငံကလည်း အဆိုပါ တိုက်ခိုက်မှုအပေါ် ကြိုတင်ကြံစည်ထားသော အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ်…

  • အီရန်စစ်ပွဲရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ

    အီရန်စစ်ပွဲရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ

    ဒေါက်တာ Zaw Naing မေးတဲ့ မေးခွန်းရဲ့အဖြေအနေနဲ့ အမေရိကန်+အစ္စရေးနဲ့ အီရန်ရဲ့ စစ်ပွဲအနေဖြင့် မြန်မာနိုင်ငံအပေါ်သက်ရောက်လာနိုင်ချေများကို ကျနော်တစ်ဦးထဲရဲ့ အမြင်အရ သုံးသပ်ကြည့်ရရင်- (၁) စက်သုံးဆီစျေးနှုန်း မြန်မာနိုင်ငံဟာ စက်သုံးဆီကို ပြည်ပကနေ အဓိက တင်သွင်းနေရတာကြောင့် ကမ္ဘာ့ရေနံစျေး တက်တာနဲ့အမျှ ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။ (၂) ကုန်စျေးနှုန်း စက်သုံးဆီစျေးတက်ရင် သယ်ယူပို့ဆောင်ရေးစရိတ် တက်လာပြီး၊ နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း စျေးနှုန်းတွေကိုပါ သက်ရာက်မှု ရှိလာနိုင်ပါတယ်။ (၃) အလုပ်သမားများ၏ ဘေးအန္တရာယ် အရှေ့အလယ်ပိုင်းနိုင်ငံတွေ (ဥပမာ – ယူအေအီး၊ ကာတာ၊ ကူဝိတ်) မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ထောင်ပေါင်းများစွာ ရှိပါတယ်။ စစ်ပွဲဧရိယာ ကျယ်ပြန့်လာရင် သူတို့ရဲ့ လုံခြုံရေး စိုးရိမ်ရသလို၊ အလုပ်အကိုင်တွေ ရပ်နားရတဲ့အတွက်…

  • ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်ခက်ခဲလာပြီး ဘဏ်တစ်ခု လျှင် တစ်ကြိမ်ထုတ်ယူပါက ကျပ်သိန်း ၃၀ ခန့်သာ အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အတွက် အသေးစား လုပ်ငန်းရှင်များနှင့် အများပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ လကုန်ရက်နှင့် တိုက်ဆိုင်နေသည့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေသားထုတ်ယူရာ၌ ယခင်ကထက် ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။ “ဒီတစ်ပတ် ငွေထုတ်ရတာ ပိုခက်လာတယ်။ ဘဏ်ထဲမှာ အပ်ငွေမရှိလို့ အများကြီး မထုတ်ပေးနိုင်ဘူးလို့ ဘဏ်က ပြောတာပဲ။ ဘဏ်မန်နေဂျာနဲ့ ရင်းနှီးတဲ့ လုပ်ငန်းအကောင့်ဆိုရင်တောင် ကျပ်သိန်း ၅၀ လောက်ပဲ တစ်ခါထုတ်ပေးတယ်” ဟု ရန်ကုန်မြို့ခံ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ လက်ရှိတွင် ဘဏ်များက ငွေသားကို ကျပ်သိန်း ၂၀ မှ ၃၀…

  • ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်

    ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်

    အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် အုပ်ချုပ်ရေးကောင်စီအသစ်ဖွဲ့စည်းပြီး အစ္စရေးနှင့် အမေရိကန်ကို လက်စားချေမည်ဟုဆို အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားပြီးနောက် အီရန်နိုင်ငံတွင် အရေးပေါ် အုပ်ချုပ်ရေးကောင်စီ (Governing Council) တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အီရန်အခြေခံဥပဒေအရ အမြင့်ဆုံးခေါင်းဆောင်သစ် တစ်ဦးကို ပြန်လည်ရွေးချယ်ခြင်းမပြုမီအထိ နိုင်ငံကို ဦးဆောင်ရန် လူ ၃ ဦးပါဝင်သော အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကောင်စီတွင် လက်ရှိ အီရန်သမ္မတ Masoud Pezeshkian၊ တရားသူကြီးချုပ် Gholamhossein Mohseni Ejei၊ စောင့်ကြည့်ရေးကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦး (Expediency Council မှ ရွေးချယ်သူ)…

  • ဗန်းမော်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

    စစ်တပ်က လေယာဉ်၊ဒရုန်းနဲ့ အပြင်းအထန် တိုက်ခိုက်ဟု KIA ပြော ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၈ရက် ညသတင်းဖော်ပြချက်မှာ အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ ဗန်းမော်မြို့မှာ လတ်တလော စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်ဖွဲ့များခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးပါတယ်။ နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာကို လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။ KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁ နှစ် သုံးလခန့်ကြာပြီဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံပမ်းအချို့ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။…