Author: Baby Yit Lone
-

ရုပ်ရှင်အစည်းအရုံးဝင်များ၏ ဇာတ်ကားကိုသာ ရိုက်ခွင့်ပြုမည်
ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ တေးသီချင်းတွေကိုသာ လာမယ့် အောက်တိုဘာ ၁ ရက်ကစပြီး ရိုက်ကူးခွင့် ပြုမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေး ကြေညာပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရုပ်ရှင်နဲ့ ဆက်စပ်လုပ်ငန်း လိုင်စင်တွေ လျှောက်ထားတဲ့အခါ ထောက်ခံချက်ပေးတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ရုံတင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို စတာတွေ ရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကူးခွင့်ပေးတာ ဆင်ဆာကြည့်ရှုပေးဖို့ ဆင်ဆာအဖွဲ့ကို ထောက်ခံတင်ပြတာ တွေကိုလည်း နိုင်ငံတော် တည်ဆဲဥပဒေတွေ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင် ရွက်ရတယ်လို့လည်း…
-

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခြင်းကို စစ်အုပ်စု ဆက်တိုက်လုပ်လာ
ဒေါ်အောင်ဆန်းစု၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်အား ဖယ်ရှားခြင်း အစီအစဉ်များကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်လာနေပြီး ယခုရက်ပိုင်းအတွင်း နေပြည်တော်နှင့် ပဲခူးမြို့ရှိ ကြေးရုပ်အချို့ ဖယ် ရှားခံလိုက်ရသည်။ ပဲခူးမြို့လည် လမ်းဆုံတွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်ကော်မရှင်က ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၁၂ နာရီမှ နံနက် ၁ နာရီအတွင်း ဖြိုချဖယ်ရှားသွားခဲ့ကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ် အောက်ခုံကို ဖြိုချဖျက်ဆီးခဲ့ပြီး ရုပ်ထုကို မည်သည့်နေရာသို့ သယ်ဆောင်သွားခဲ့ကြောင်း မသိရှိရသေးပေ။ ယင်း ရုပ်ထုကို ဖယ်ရှားရာတွင် ပဲခူးမြို့ တမြို့လုံး နီးပါးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ပြီး “ခိုးကြောင်ခိုးဝှက်” ဖယ်ရှားသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီလုပ်ရပ်က အတော်ဆိုးတာပဲ၊ ကိုယ်တွေငယ်ငယ်က အားကစားနေ့တို့…
-

-

လစဉ်သုံးပါ အလွတ်မပေးသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ “အညာ” ဖြတ်တောက်ရေး
– မန္တလေးမှတဆင့် အထက်မြန်မာနိုင်ငံသို့ ကုန်စည်ဖြတ်တောက်မှု စစ်အုပ်စုက အပြင်းအထန်လုပ် နေရာ ပါရာစီတမော၊ အမျိုးသမီး လစဉ်သုံးပစ္စည်း ဒိုင်ဘာနှင့် စားအုန်းဆီ တစ်ဗူးပင် လွတ်လပ်စွာ သယ်ဆောင် မရတော့ပေ။ – ကုန်စည်ဖြတ်တောက်မှုမှ အမေရိကန် ဒေါ်လာ သန်း၃၀၀ ကျော် စစ်အုပ်စု ရရှိခဲ့ကာ ငလျင်ကြီး ဖြစ် ပွားခဲ့သည့် မတ်လတွင် ကုန်ဖမ်းဆီးမှု စံချိန်တင်ခဲ့ပြီးနောက် ပိုမိုဖမ်းဆီးရန် ဒုစစ်ခေါင်းဆောင် က ညွန်ကြားခဲ့သည်။ မန္တလေးမှ အထက်မြန်မာပြည်သို့ သွားမည့် ကုန်တင်ကားများသည် မန္တလေးစွယ်တော်ကားဝင်းတွင် တင်းကျပ်စွာ စစ်ဆေးခံနေရသည်။ စစ်ဆေးရေး အဖွဲ့များက ကုန်ပစ္စည်းမှန်သမျှကို နှိုက်ချွတ်ဖောက် စစ်နေပြီး ၎င်းတို့ စိတ်ကျေနပ်မှသာ ဖြတ်သန်းခွင့် လတ်မှတ်ကို ထုတ်ပေးနေသောကြောင့် စွယ်တော် ကားဝင်းအတွင်း ကုန်တင်ကားများ တန်းစီ၍…
-

ရုရှားတပ်ရင်း ၁ ခုလုံးကို ချေမှုန်းခဲ့သည့် ယူကရိန်းအထူးတပ်ဖွဲ့
ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော တီမားအထူးတပ်ဖွဲ့သည် သူရဲကောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။ ယူကရိန်း၏ အကြောက်ရဆုံးအထူးတပ်ဖွဲ့အဖြစ် ကာလရှည်ရပ်တည်နေသည့် အထူးတပ်ဖွဲ့သည် စစ်ပွဲတွင် အရဲရင့်ဆုံး ချေမှုန်းမှုကို စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၊ ဆူမီဒေသတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီ ဖြစ်သည်။ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များသည် ရုရှားရှေ့တန်းစစ်မျက်နှာနှင့်ဝေးရာ ရန်သူ့နေရာများကို စိမ့်ဝင်ထိုးဖောက်ပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဥ် ကွပ်ကဲရေးဌာနများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားတပ်ရင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့သည့်အပြင် ရုရှား၏ထိုးစစ်ကိုလည်း ရပ်တန့်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင် ၃၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့(HUR) က ပြောကြားခဲ့သည်။ လျှို့ဝှက်လှုပ်ရှားလေ့ရှိသော အဆိုပါတပ်ဖွဲ့သည် ၄၁ လကြာ စစ်ပွဲအတွင်း အရှုပ်ထွေးဆုံးနှင့် မှတ်ကျောက်အတင်ထိုက်ဆုံး စစ်ဆင်ရေးအချို့ကို ဆင်နွှဲခဲ့ပြီး ချီးကျူးဂုဏ်ပြုခံနေရကာ ယူကရိန်းတွင် ဒဏ္ဍာရီဆန်ဆန်ဂုဏ်ပုဒ်ကို…