Author: Baby Yit Lone
-

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားတွေ အထိနာ (ရုပ်သံ)
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်း အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကူစစ်ကြောင်းအား တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ နာရီခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေ ဆုံးကာ အထိနာသွားပြီး ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့မှ CDM ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို အမှတ်-၁စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ-၃၃၊ ဒေါနတပ်ခွဲ-၆၊ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွှတ်မြှောက်ရေးတပ်တော် (DNLA)၊၏ ဒူရကစစ်ကြောင်း၊ DEF၊ Tavoy People Liberation Force(TPLF)နဲ့…
-

-

ပြည်သူများကို နည်းမျိုးစုံ နှိပ်စက်နေသော စစ်တပ် ဒေါက်တိုင် အောင်အောင် ပစ်ခတ်ခံရ
အင်္ဂပူမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံ နှိပ်စက်နေသော စစ်တပ် ဒေါက်တိုင် အောင်အောင် ပစ်ခတ်ခံရပြီး သေဆုံး
-

နစကရုံးက အမိန့်၊ ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများကို ဩဂုတ်လ ၁ ရက်မှစ၍ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာအမှတ်၂/၂၀၂၅ဖြင့် ကြေညာ
နစကရုံးက အမိန့်၊ ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများကို ဩဂုတ်လ ၁ ရက်မှစ၍ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာအမှတ်၂/၂၀၂၅ဖြင့် ကြေညာ
-
