Author: Baby Yit Lone
-

ရခိုင်မြို့သုံးမြို့ကို စစ်တပ်က ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေကြဲ တိုက်ခိုက်နေဟု AAထုတ်ပြန်
လေကြောင်းရန် အထူးသတိထားဖို့ AA သတိပေး စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့သုံးမြို့ကို ဒီကနေ့ညပိုင်းမှာ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေအပါအဝင် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၂ရက်ည ၉နာရီကစပြီး စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်နဲ့ မြောက်ဦးမြို့နယ်၊ရဲတပ်ရင်း (၃၁)ဝန်းကျင်နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ လေကြောင်းရန် အထူး သတိထားကြဖို့လည်း AA က သတိပေးတိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ Cluster ဗုံးကို အသုံးပြုနေတဲ့အတွက် ဒီဗုံးအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ Cluster ဗုံးနဲ့ လက်နက်တွေ တားဆီးပိတ်ပင်ရေး…
-

ထရမ့်နှင့် ဖုန်းခေါ်စကားပြောလင့်ကစား ကမ္ဘောဒီးယားနှင့် အပစ်ရပ်မှု မရှိသေးဟု ထိုင်းဝန်ကြီးချုပ် ပြော
ကမ္ဘောဒီးယားနှင့် အပစ်ရပ်စဲမှု မရှိသေးဘဲ တိုက်ခိုက်မှုတို့ ဆက်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန် ဝီရာကူးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။ ထိုင်းဝန်ကြီးချုပ် အနုတင်က ၎င်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းဆက်စကားပြောမှုနှင့်ပတ်သက်ပြီး မီဒီယာကို ရှင်းလင်းပြီးနောက် သတင်းထောက်တဦး၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်းလည်း ဖြစ်သည်။ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသည့် ပဋိပက္ခ၌ ထိုင်းသည် ရန်လိုကျူးကျော်သူ မဟုတ်ဘဲ မိမိတို့ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူကို ကာကွယ်ခြင်းသာ ဖြစ်သည်ဟု မိမိအနေဖြင့် ထရမ့်ကို ပြောခဲ့ကြောင်း မစ္စတာ အနုတင်က ပြောသည်။ ထရမ့်က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်းနှင့် ထိုင်းဘက်က စစ်ဆင်ရေးများ ရပ်တန့်ပြီး ယခင်သဘောတူထားသည့် အပစ်ရပ်စဲမှုဆီ ပြန်သွားစေချင်သည်ဟု မိမိကို ထရမ့်က…
-

မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း
ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံး အားလုံးကို မီးရှို့ရှင်းလင်း တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်က ဝင်ရောက် တိုက်ခိုက်ပြီး မဲပေးစက်များ အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေဖြူအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ပြီး ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ထွေ/အုပ်ရုံးနှင့် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးအားလုံးနှင့် မဲပေးစက်များကို PDF တပ်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း…
-

အောင်မင်္ဂလာအဝေးပြေး နောက်ဆက်တွဲ
နာမည်ကြီး အောင်မင်္ဂလာအဝေးပြေး အရေးယူလိုက်တယ်လို့ ကြားသိရပေမယ့် အရေးကြီးနောက်ဆက်တွဲသတင်းတခုကို တင်ပြလိုပါတယ်။ အဓိက တာဝန်ရှိအဖွဲ့စည်းတွေ ..ငွေနောက်လိုက်ကြတဲ့ဖြစ်စဥ်မှာ အဓိက တရားခံတွေဟာ….နှစ်ပေါင်းများစွာ ဝန်းထဲမှာ လည်ပတ် ဖျံကျ လုပ်ကိုင်စားသောက်နေကြပြီး ပါးရည် ဝနေကြတဲ့… ထောင်ထွက်လူမိုက်ခေါင်းဆောင်ဇိုး တွေဖြစ်ကြတဲ့ ဂျပန်ကြီး၊ တာတီးနဲ့ ချစ်သား တို့လိုလူမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။ သူတို့ဟာ… တပည့်..တက္ကစီခေါ်ပွဲစားများစွာ နဲ့ သူတို့ပိုင်ရာ နိုင်စားလို့ရတဲ့ တက္ကစီ အုပ်စုတွေနဲ့ အုပ်စုလိုက်…လူခေါ်ကြပါတယ်။ ဒီအတွက် ဝန်းထဲက စည်ပင်ရဲ စခန်းရဲကစလို့ အုပ်ချုပ်မှုဆိုင်ရာပေါင်းစုံကို ဘီယာ အရက် ကစ ဂေါ်ကြေးငွေ များကို ပေးကြပါတယ်။ ဂျပန်ကြီး၊ချစ်သား နဲ့တာတီးတို့ဟာ သူတို့တပြည့်ပွဲစားအုပ်စုတွေနဲ့ ဝန်းထဲကို မနက်မိုးမလင်းမီကရောက်ကြပြီး ကျသမျှ အဝေးပြေးကားတိုင်း သူ့အပိုင်နေရာနဲ့သူ လူခေါ်ကြပါတယ်။ သူတို့အဖွဲ့ကလွဲပြီး ဘယ်သူမှဝင်ခေါ်လို့မရပါဘူး။ ဒီအချိန်ခေါင်းဆောင်ဖြစ်ကြတဲ့ ဂျပန်ကြီးဟာ…
-
မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance ဖော်ပြ
မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance ဖော်ပြ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိနေတာပါ။ ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း…