Author: Baby Yit Lone
-

အကြွေးကိစ္စကြောင့် လူငှားပြီး ကိုယ့်အိမ်ကိုယ်ပြန် ဒါး-ပြတိုက်တဲ့မနှင်းနုခိုင်တဲ့..
ပါဝင်သူ ၅ ဦးကို ဖမ်းဆီးပြီး အသုံးပြုသည့်ကားကိုပါ သိမ်းဆည်းရန် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အိမ်တွင်းရေးပြဿနာနဲ့ အကြွေးကိစ္စရပ်များကြောင့် လူငှားပြီး မိမိနေအိမ်ကို ဝင်ရောက်စီးနင်းခိုင်းကာ ရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သူ မနှင်းနုခိုင်နဲ့ ပူးပေါင်းပါဝင်သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်နှစ်ဦးက ပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး ကလေးငယ်တစ်ဦးကို ဖမ်းချုပ်ကာ ရွှေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြောင်း မနှင်းနုခိုင်က ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း လုံခြုံရေးတာဝန်ရှိသူတွေက CCTV မှတစ်ဆင့် ခြေရာခံစစ်ဆေးရာမှာတော့ ဒီဖြစ်စဉ်ဟာ အပြင်လူက ကျူးလွန်တာမဟုတ်ဘဲ မနှင်းနုခိုင် ကိုယ်တိုင်က ငွေကျပ် သိန်း ၂၀ နဲ့ လူငှားပြီး ဇာတ်လမ်းထွင်ခဲ့ခြင်းဖြစ်ကြောင်း…
-

ဆက်လက် မိုက်မဲကြမည့် အကြမ်းဖက်သမား ၄ ဦး
အကြမ်းဖက် စစ်ကောင်စီက ပြည်သူမလိုလားသော ရွေးကောက်ပွဲကို အတင်းအဓမ္မ ကျင်းပခဲ့ပြီးနောက် မတ်လ ၁၆ ရက်နှင့် မတ်လ ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ခေါ်ယူ ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ မှာ ကြံ့ဖွံ့ပါတီ USDP ဥက္ကဋ္ဌ ခင်ရီ ဖြစ်လာပြီး စစ်ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းမှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ အာဏာသိမ်းပြီးနောက် ပြည်သူများကို နေ့စဉ် အကြမ်းဖက်မှု ကျူးလွန်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီး စစ်အရာရှိဟောင်း Jeng Phang နော်တောင်မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၎င်းတို့ ၄ ဦးစလုံးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ထဲက ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည်။…
-

မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားမှုကို ဘာမှမသိဘဲ အနားမှာ ရှိနေခဲ့သည့် ကလေးငယ်
မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားမှုကို ဘာမှမသိဘဲ အနားမှာ ရှိနေခဲ့သည့် ကလေးငယ် 😭😭 ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ ပအိုဝ်းတိုင်းရင်းသူလေး နန်းအေးသိန်း (အသက် ၂၇ နှစ်) ဟာ မနေ့က သူမငှားရမ်းနေထိုင်တဲ့ အခန်းအတွင်းမှာပဲ ရောဂါဝေဒနာကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ရင်နာစရာ အကောင်းဆုံး ဖြစ်ရပ် – သူမ ကွယ်လွန်သွားတဲ့အချိန်မှာ အသက် (၂) နှစ်၊ (၃) နှစ်အရွယ်ရှိတဲ့ သူမရဲ့ သားငယ်လေးဟာ မိခင်ဖြစ်သူ အသက်မရှိတော့တာကို ဘာမှမသိနားမလည်ဘဲ အလောင်းဘေးမှာ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရတာပါ။ ဘာမှမသိသေးတဲ့ ကလေးငယ်လေးရဲ့ အခြေအနေက မြင်တွေ့ရသူတိုင်းကို မျက်ရည်ကျစေခဲ့ပါတယ်။ ဒီသတင်းကို ပအိုဝ်းကူညီမှုအသင်း ကနေတစ်ဆင့် သိရှိရတာဖြစ်ပြီး ဘယ်လိုရောဂါကြောင့် ကွယ်လွန်ရသလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။…
-

ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ
လားရှိုးလို ကွတ်ခိုင်ကို စစ်တပ်ထံ MNDAA ပြန်လွှဲပေးမည်ကို ဒေသခံပြည်သူတွေစိုးရိမ်နေ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်တဲ့ MNDAA အနေနဲ့ လားရှိူမြို့တုန်းကလို အာဏာသိမ်းစစ်ထံမြို့ကိုပြန်မအပ်ဘဲ ဒေသခံပြည်သူတွေကိုငဲ့ညှာဖို့ မြို့ခံတွေကတောင်းဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းမှာ TNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့က TNLA တပ်စခန်းတွေကို MNDAA ကမတ်လ ၁၄ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ မတ်လ၁၇ရက်မနက်မှာတော့ TNLA က ကွတ်ခိုင်မြို့ကို လက်လွတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူ နှစ်ဘက် အပစ်ရပ်ဖို့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာမြို့ကိုထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ စစ်ကောင်စီထံကို ပြန်လွှဲပေးမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ “လားရှိုးလိုမျိုး အများ မမျှော်လင့်ထားသလိုစကစဆီ ပြန်ထိုးအပ်မှာပဲ စိုးရိမ်တာ။ စကစ က ဒီမြို့လေးက ပြည်သူတချို့ကိုအငြိုးအတေးထားတာတွေရှိတယ်။ လူကို ဖမ်းဆီးလို့မရရင် ပိုင်ဆိုင်မှုကို ချိတ်ပိတ်လိုက်တာတို့၊ မိသားစု၀င်တွေကို…
-

ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို
စစ်ကော်မရှင် ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို အမေရိကန်နိုင်ငံသား ခံယူထားသည့် အွန်လိုင်းဆယ်လီ သမီးဆိုး (ခေါ်) မသက်ကိုကို သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရရာမှ ယခုအခါ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်ပြည် ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ မိသားစုနှင့်အတူ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားမှုအရသိရသည်။ ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတ ထရမ့်၏ အထူးအမိန့်ဖြင့် ဝါရှင်တန်ဒီစီရှိ အစိုးရအဖွဲ့၊ ကောင်စစ်ဝန်ရုံးများနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့က တက်ကြွစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သမီးဆိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ “အမေရိကန်အစိုးရအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဂရုစိုက်မှုတွေသာမရှိရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်မရဲ့ အသက်သခင်ကျေးဇူးရှင်တွေပါပဲ” ဟု…