Author: Baby Yit Lone
-

အာကာသအစွန်းမှ လုပ်ကြံမှု- ခါမေနီကို အဆုံးစီရင်ခဲ့သည့် စက္ကန့် ၆၀ စစ်ဆင်ရေး
မကြာသေးမီက ကမ္ဘာ့သတင်းမျက်နှာဖုံးများကို တုန်လှုပ်သွားစေခဲ့သည့် အီရန်အဓိပတိ အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံခံရမှုသည် ရိုးရှင်းသော လေကြောင်းတိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ပါ။ ၎င်းသည် ဆယ်စုနှစ်နှင့်ချီ ကြိုတင်ပြင်ဆင်ခဲ့သော ထောက်လှမ်းရေးစစ်ဆင်ရေး၊ အဆင့်မြင့် ဆိုက်ဘာဟက်ကင်းနည်းပညာ၊ အမေရိကန် CIA ၏ သတင်းအချက်အလက်နှင့် ကမ္ဘာ့လေထုပြင်ပမှ ဝင်ရောက်လာသော ဒုံးကျည်များ ပေါင်းစပ်ထားသည့် ရုပ်ရှင်ဆန်ဆန် စစ်ဆင်ရေးကြီးတစ်ခု ဖြစ်သည်။ ဇာတ်ကွက်ဆင်ခြင်းနှင့် လှည့်စားမှု (The Setup) အီရန်ထောက်လှမ်းရေးများ အလစ်အငိုက်မိသွားစေရန် အစ္စရေးတို့က အဆင့်မြင့်လှည့်စားမှုတစ်ခုကို အသုံးပြုခဲ့သည်။ သောကြာနေ့တွင် အစ္စရေးစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ဌာနချုပ်များမှ ထွက်ခွာကာ ဂျူးလူမျိုးတို့၏ အပန်းဖြေနားရက် (Shabbat) အတွက် အိမ်ပြန်နေကြကြောင်း သက်သေပြရန် ဓာတ်ပုံများရိုက်ကာ လူသိရှင်ကြား ထွက်ခွာပြခဲ့သည်။ ထို့နောက်…
-

ရုရှား စစ်ရေယာဉ်အုပ်စု ရန်ကုန် ရောက်
ရေငုပ် သင်္ဘောများကိုဖျက်ဆီးနိုင်သည့် ပင်လယ်ရေအောက်တိုက်ခိုက်ရေးအဆင့်မြင့်စနစ်များနှင့် လေကြောင်း တိုက်ခိုက်ရေး ဒုံးပျံများပါဝင်သည့် ရုရှားတိုက်ခိုက်ရေး စစ်ရေယာဉ် Sovershenyi၊ Rezkiy သင်္ဘော ၂ စီး၊ အဆိုပါစစ်ရေယာဉ်များကို ဆီထည့်ပေးသည့် အလတ်စား ဆီတင်သင်္ဘော Pechenga တို့ ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသည်ဟု စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ရေယာဉ်များသည် ရုရှားရေတပ် ပစိဖိတ်စစ်ရေယာဉ်စုမှ သင်္ဘောများဖြစ်ပြီး ရုရှား၏ ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်အာရှ ရေပိုင်နက်နှင့် အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်များကို ထိန်းချုပ်ရန်၊ ရုရှားနိုင်ငံ၏ အရှေ့ပိုင်းနယ်နိမိတ်များကို ကာကွယ်ရန်၊ ကမ္ဘာ့သမုဒ္ဒရာများတွင် ရုရှား၏ စစ်အင်အားကိုပြသရန်နှင့် မဟာဗျူဟာမြောက်လက်နက်စနစ်များကို ထိန်းသိမ်းရန် ၁၇၃၁ ခုနှစ် (ရုရှားအင်ပါယာခေတ်) ကတည်းက တည်ထောင်ခဲ့သော ရုရှားဖက်ဒရေးရှင်း ရေတပ်၏…
-

မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်
ရပ်ကွက်များတွင် ကားပိုင်ရှင်စာရင်းနှင့် ကားနံပါတ်များ လိုက်လံကောက်ခံ အကြမ်းဖက်စစ်တပ်က မတ်လ ၇ ရက်နေ့စတင်မည့် စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်အလိုက် စုံရက်နှင့် မရက်သာ ကားမောင်းနှင်ခွင့်ပြုမည့် အမိန့်အတွက် စစ်တပ်၊ရဲ၊ ထွေ/အုပ်ဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီးစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရန် ပုဂ္ဂလိကပိုင် မော် တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊…
-

စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်
စစ်တပ်က ပြည်သူများကို မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံ ရေးအ တွက် ပြည်သူများ လိုက်နာလုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် နည်းလမ်းများကို Myanmar Internet Project က ထုတ်ပြန်သည်။ စစ်ကော်မရှင်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများအပါ အဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက် ပစ္စည်းများ၏မူရင်းအမှတ် အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက် ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည် ဖော်အသုံးပြုရန်ဆောင်ရွက်လာကြောင်း၊ စစ်ကော်မရှင်၏ကြေညာချက်တွင် အခွန်ကောက်ခံရန်နှင့်တရားမဝင် တင်သွင်းမှုများကို တားဆီးရန်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော ပြည်သူများ၏ လုံခြုံရေး အထူး သတိထားရမည်ဖြစ်ကြောင်းMyanmar…
-

စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြောက်ဘက်ရှိ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်က စစ်သင်္ဘောနှင့် လုံခြုံရေးအင်အား တိုးချလိုက်ကြောင်း သိရသည်။ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်မှစကာ AA က အမြန်ရေယာဉ်များဖြင့် လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ”စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းကို တံတားတစ်ခုနဲ့ဆက်သွယ်ထားပြီး အဲဒီ့ ဘီလူးမတံတားကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရင် ရေတပ်နဲ့ စစ်တွေတပ်နယ်က ကုန်းလမ်းခရီး အဆက်အသွယ်ပြတ်သွားမှာ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။ ကမ်းထိုးရေယာဉ်များနှင့် အင်အား၊ ရိက္ခာဖြည့်တင်းသည့် စစ်တပ်သုံး ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကာ ပြီးခဲ့သည့်ရက်ပိုင်းမှ အလောင်းကောက်ယူနိုင်သည့်အတွက်…