မြန်မာရဟန်းတော်များ “ဘွဲ့ဝတ်စုံ”ကို ဂုဏ်ယူစွာ ဝတ်ဆင်နေ​ကြခြင်းအပေါ် အထူးသတိပြု ဆင်ခြင့်သင့်ပါတယ် 😔🙏

​ယနေ့ခေတ် မြန်မာရဟန်းတော်များအကြား ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် “ဘွဲ့ဝတ်စုံ” ဝတ်ဆင်ခြင်းသည် မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သော “အရဟတ္တဓဇ သင်္ကန်းတော်” ထက်ပင် ဂုဏ်ထူးဝိသေသ ပိုနေသယောင် ဖြစ်လာနေခြင်းအပေါ် အထူးသတိပြု ဆင်ခြင်သင့်သည်ဟု ယူဆမိပါသည်။

​၁။ သာသနာ့အောင်လံ နှင့် လောကီအဆောင်အယောင်

သင်္ကန်းတော်သည် ကိလေသာကို ပယ်သတ်ပြီးသား ရဟန္တာအရှင်မြတ်တို့၏ အောင်လံတံခွန် (အရဟတ္တဓဇ) ဖြစ်သည်။ ကာ.မ.ဂု.ဏ်ကို စွန့်ခွာခြင်း၏ ပြယုဒ်ဖြစ်သည်။

သို့သော် ဘွဲ့ဝတ်စုံသည် အနောက်တိုင်း ပညာရေးစနစ်မှ ဆင်းသက်လာသော “ပညာတတ်မြောက်မှု” ပြယုဒ် အဆောင်အယောင်မျှသာ ဖြစ်သည်။

​၂။ အနှစ်သာရ နှင့် အသွင်သဏ္ဌာန်

ဗုဒ္ဓသာသနာသည် တိတ္ထိယများနှင့် မတူအောင် အနှစ်သာရဖြင့် ခွဲခြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ လောကီပညာရေးစနစ်၏ အသွင်သဏ္ဌာန်ကို တုပလာခြင်းမှာ “သာသနာ၏ အသက်သွေးကြောများ ပေါက်ထွက်ကုန်ပြီလား” ဟု တွေးတောစရာ ဖြစ်လာသည်။

​၃။ ရဟန်းနှင့် ပညာရေး

ရဟန်းတစ်ပါးအတွက် အမြင့်ဆုံးဂုဏ်သိက္ခာသည် “သီလ၊ သမာဓိ၊ ပညာ” ကျင့်ကြံမှုအပေါ်တွင်သာ တည်ပါသည်။

သင်္ကန်းတော်ထက် ဘွဲ့ဝတ်စုံကို ပိုမိုခမ်းနားစွာ အလေးပေးလာခြင်းသည် သာသနာ၏ မူရင်းဦးတည်ချက်ကို လွှဲချော်စေနိုင်ပါသည်။

​”မတူအောင် ကျင့်ရမည့် သာသနာကို တမင်တူအောင် တုနေခြင်းသည် အနှစ်သာရကို ထိခိုက်စေနိုင်ပါသည်။”

​ဤအမြင်အပေါ် မိမိတို့၏ ထင်မြင်ယူဆချက်များကိုလည်း ယဉ်ကျေးစွာဖြင့် အပြန်အလှန် ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။🙏🙏🙏


Leave a Reply

Your email address will not be published. Required fields are marked *