Author: Baby Yit Lone
-

All About My Mother
All About My Mother (1999) လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှမဖြစ်ဖြစ်သလို မိခင်တွေအတွက် သားသမီးဆိုတာကရော? မန်ဝယ်လာဟာ သားဖြစ်သူ အက်စ်တဲဘန်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ရသမျှအလုပ်ကို လုပ်ပြီး ရှာဖွေကျွေးမွေးလာခဲ့တာပါ။ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန်က အရွယ်ရောက်လာတဲ့အခါ စာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးက ပြဇာတ်တွေကို ခုန်မင်ကြပါတယ်။ ဒီလိုနဲ့ အက်စ်တဲဘန်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ ပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့ လက်မှတ်တောင်းဖို့ အက်စ်တဲဘန်တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ်။ ပင်ပန်းလှတဲ့ မန်ဝယ်လာရဲ့ ဘဝမှာ ဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်
-

Fairyland
Fairyland (2025) ဒီကားဟာ ၂၀၂၅ ခုနှစ်တွင် ကျင်းပသော Provincetown အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ “အကောင်းဆုံး ဇာတ်လမ်းရုပ်ရှင်အတွက် ပရိသတ်အနှစ်သက်ဆုံးဆု” (Audience Award for Best Narrative Feature)ဆုကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ၁၉၇၃ ခုနှစ်မှာ ကားမတော်တဆမှုကြောင့် မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အလီရှာ နှင့်သူမ၏လိင်တူချစ်သူဖခင် စတိဗ် တို့ဟာ ဆန်ဖရန်စစ္စကိုမြို့ကိုပြောင်းရွေ့လာခဲ့ကြပါတယ်။ စတိဗ် ဟာ ကဗျာစာရေးဆရာဖြစ်ပြီး သူ့ရဲ့ ဇနီးကွယ်လွန်ပြီးနောက် သူ့ရဲ့ဖြစ်တည်မှုအတိုင်းရှင်သန်ပြီး သူ့ရဲ့သမီးလေးကိုပျိုးထောင်ရင်းလွတ်လပ်ပွင့်လင်းစွာနေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ လူနေမှုပုံစံကြောင့် သူ့သမီးနဲ့သူ့ကြားမှာ ပဋိပက္ခ ဖြစ်ခဲ့ရပြီး အလီရှာဟာ တက္ကသိုလ်တက်ဖို့ နယူးယောက်ကိုထွက်သွားပါတော့တယ်။ အလီရှာဟာ အနုပညာရှင်၊ စာရေးဆရာ တွေနဲ့ပြည့်နှက်နေတဲ့လောကမှာလည်းကျင်လည်ခဲ့ရပုံ သူမ၏ ဖခင်အပါအဝင် အခြားသောပတ်ဝန်းကျင်ကသူတွေကို သေဆုံးစေခဲ့တဲ့ AIDS ရောဂါကိုလည်းမျက်မြင်တွေ့ရှိခဲ့ရပုံတွေ…
-
Aaryan
Aaryan (2025) (စိတ္တဇ စာရေးဆရာ) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းတွေကိုစိတ်ဝင်စားတဲ့ သူတွေအကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစ စတူဒီယိုတစ်ခုမှာ ရှိုးပွဲတစ်ခုလုပ်ဖို့အတွက် နာယာနာနဲ့ ဟာရီတို့သူငယ်ချင်းနှစ်ယောက်ကစီစဉ်နေကြတာဖြစ်ပြီး သူတို့ဖိတ်ခေါ်ထားတဲ့ အထူးဧည့်သည်တော်ကရောက်မလာခဲ့လို့ နှစ်ယောက်သား စကားများနေတာကနေအစီချီထားပါတယ်။ နာယာနာက စိတ်ပျက်လက်ပျက်ဖြစ်နေပေမဲ့ ဟာရီမှာတော့ အရံအစီစဉ်ရှိသေးတာမို့ ရှိုးပွဲကိုတင်ဆက်ဖို့ပဲ ပြေနေခဲ့တာပါ။ နာယာနာက အရံဧည့်သည်ကဘယ်သူလဲလို့မေးလိုက်တဲ့အခါမှာ စကီလေးတွေနဲ့ပတ်ရှုပ်ပြီး နာမည်အဖျက်ခံနေရတဲ့ တက်သစ်စမင်းသားလေး ကိုက်လက်ရှ်ဖြစ်နေတော့ အတော်လေးစိတ်ညစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း ရှိုးပွဲတင်ဆက်ဖို့အချိန်ကလည်း နီးကပ်လာပြီး ရွေးချယ်စရာကလည်းမရှိတော့တာကြောင့် ကိုင်လက်ရှ်နဲ့ပဲ နှစ်ပါးသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ နာယာနာနဲ့ ကိုင်လက်ရှ်တို့ ရှိုးမှာ မေးခွန်းတွေအပြန်အလှန်မေးဖြေကြရင်းနဲ့ ပရိတ်သတ်တွေထဲက တစ်ယောက်က ကိုင်လက်ရှ်ကိုမချေမငံတွေ စပြောရာကနေ ပစ်ခတ်မှုတွေဖြစ်တဲ့အထိဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီလူက စိတ်ဝေဒနာသည် စာရေးဆရာတစ်ယောက်ဖြစ်ပြီး ရှိုးပွဲလာတဲ့လူတွေကို ဓားစာခံအဖြစ် ဖမ်းထားပါတော့တယ်။ ဒီလိုနဲ့ စတူဒီယိုထဲကလူတွေနဲ့ နာယာနာတို့…
-

ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော်သေ
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ခဲယမ်းများစွာ ရရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ထောက်ပို့စစ်ကြောင်းတွေကို တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Shwe Bo Battalion 15 ထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆နာရီလောက်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှာ အင်အား ၁၀၀ ဝန်းကျင်တဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ရွှေဘို တပ်မ (၄၂) ကနေ ဟောင်ဝှစ်ဇာတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့သလို မုံရွာ နမခကနေလည်း…
-

မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကို တိုင်ကြားခံရမှုများအတွက် ဖမ်းဆီးဟုဆို
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူစဉ်က တိုင်ကြားခံထားရသည့်ကိစ္စရပ်များအား ဖြေရှင်းရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှီသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်းဖြစ်သည့် CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်အား တိုင်ကြားခံထားရသည့်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) နေ့လယ်တွင် သင်တောရွာ၌ ဆေးခန်းဖွင့်ထားသည့် ဒေါ်ခင်သူသူလွင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်သူသူလွင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) တွင် ပါဝင်လာခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်…