Author: Baby Yit Lone
-

အာဏာရှင်တို့ရဲ့ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကို ဘယ်လို ရင်ဆိုင်မလဲ
စစ်ကောင်စီဆိုတဲ့ ရန်သူမှာ ချီးကျူးစရာတခုရှိပါတယ်။ အဲဒါကတော့ သူတို့ အာဏာတည်မြဲဖို့ လုပ်စရာရှိတာကို မြဲမြဲမြံမြံ ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ အကျင့်ပါပဲ။ အခုလည်း မဲလိမ်မဲခိုးပွဲကနေတဆင့် တရားမဝင် အစိုးရတရပ် ဖွဲ့စည်းဖို့ အပူတပြင်းလုပ်နေပါတယ်။ ပေါ်တာဆွဲတာတွေကလည်း နေ့စဉ်ရက်ဆက် တရက်မှမနားဘူး။ အခုလည်း လာပြန်ပြီ နောက်တခု။ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို CEIR (Central Equipment Identity Register) စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှာ စစ်ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်လွတ် မှတ်ပုံတင်ခိုင်းပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ထားရင် ဖုန်းတွေကို…
-

LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီဆိုတဲ့ မျိုးရန်နောင်သိန်း
ကျုပ်ပြောတာရှင်းတယ် LPDF ဆိုတာ တော်လှန်ရေးရဲ့အမှိုက် ဖြစ်သွားပြီ။ ဒီမှာ အပြည့်အစုံရှင်းပြထားတယ်။ ခေါင်းစဉ် လေးခု ၁။ ဒေါ်နယ်ထရမ့်က မင်းအောင်လှိုင်ကိုဖမ်းမလား ၊ ၂။ တာဝန်ံယူ၊ တာဝန်ခံမှုအပြည့်နဲ့ NUG ကို ဘယ်လိုထောက်ပြကြမလဲ။ ၃။ LPDF တွေက တော်လှန်ရေးရဲ့ အမှိုက်ဖြစ်သွားပြီ ၄။ အကြမ်းဖက်စစ်တပ်ကို ဘယ်လို အနိုင်တိုက်ကြမလဲ – ဆွေးနွေးထားတဲ့ ဦးမျိုးရန်နောင်သိန်း Myo Yan Naung Thein (Lived)
-

မန္တလေးမြို့မီး နေအိမ် ၆ လုံး ပြာကျ
မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မနေ့က မတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ နာရီဝက်ကျော်လောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ ကျောက်ပြားကာနဲ့ ထရံကာနေအိမ် စုစုပေါင်း ၆ လုံး၊ CZI-125 အမျိုးအစား ဆိုင်ကယ် ၂စီးနဲ့ နေအိမ်အတွင်းရှိ လူသုံးကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ “မီးကတအား များတယ်။ ကြောက်စရာကြီး။ အိမ်နဲ့နည်းနည်းဝေးသေးတာကို အပူတွေကလာဟပ်တာ။ ထိန်းနိုင်သွားလို့တော်သေးတယ်”လို့ စျေးတန်းရပ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဆိုပါမီးဟာ ဖယောင်းတိုင်မီးပူဇော်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ မီးသတ်ကဆိုပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မီးစလောင်တဲ့နေအိမ်က အသက် ၅၇…
-

မြန်မာမှာ ငွေကြေးဖောင်းပွမှုနဲ့ ကန့်သတ်ချက် တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ UNOCHA ထုတ်ပြန်
မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။ “ပြီးခဲ့တဲ့ ၂နှစ်လောက်က တထောင်တန်ပစ္စည်းတစ်ခုက ဒီနေ့ သုံးထောင် ဖြစ်နေပြီ။တစ်သောင်းတန် တစ်ရွက်က ရှာလို့သာခက်တာ အဲဒါပိုက်ဆံနဲ့ စျေးသွားလို့မရတော့ဘူး”လို့ ရန်ကုန်မြို့နေ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အတော်လေး ဒုက္ခရောက်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကြောင့် လူပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေကို သွားနေကြရပြီး ဘေးဒုက္ခမျိုးစုံနဲ့…
-

အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ဂါထာတော်ကို တပည့်ဒကာ ဒကာမတွေအတွက် ချီးမြှင့်ပေးလာတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ ပါဠိဂါထာတော်ကို တပည့်ဒကာ ဒကာမတွေ ၂၀၂၆ ခုနှစ်မှာ ရွတ်ဖတ်နိုင်ကြစေဖို့ လက်ရေးမူနဲ့ ချီးမြှင့်ပေးခဲ့တဲ့ အဓိပတိဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အဓိပတိဆရာတော်ဘုရာကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ ပါဠိဂါထာတစ်ပုဒ်ကို တပည့်တကာဒကာမတွေအတွက် ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ် ဆရာတော်ကြီးက တပည့်ဒကာတွေကို လက်ရေးမူနဲ့ ချီးမြှင့်ရေးသားပေးခဲ့တာဖြစ်ပြီး ဒီဂါထာကို ကုသိုလ်ကောင်းမှုတခုခုပြုလုပ်ပြီးတိုင်း ရွတ်ဖတ်ပေးရင် အကျိုးထူးတဲ့ ဂါထာလည်းဖြစ်ပါတယ်. ပါဠိတော် – ဣမိနာ ပုညကမ္မေန၊ မာ မေ ဗာလသမာဂမော။ သတံ သမာဂမော ဟောတု၊ ယာဝ နိဗ္ဗာနပတ္တိယာ။ မြန်မာပြန် အဓိပ္ပာယ် – ဤသို့ ပြုလုပ်ရသမျှသော ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့် နိဗ္ဗာန်သို့ မရောက်သေးသရွေ့ ကာလပတ်လုံး လူမိုက်တို့နှင့် ဘယ်ခါမကြုံရပါစေသတည်း ပညာရှိ သူတော်ကောင်းတို့နှင့်သာ အမြဲတစေ ဆုံတွေ့ရပါစေသတည်း…