Author: Baby Yit Lone

  • The Real Monkey King: Bufashan

    The Real Monkey King: Bufashan

    The Real Monkey King: Bufashan (2025)

    ဒီဇာတ်ကားကတော့ နတ်၊မိစ္ဆာ ဘယ်သူမဆိုရောက်လာတာနဲ့ စွမ်းအားတွေပျောက်ပျယ်သွားပြီ လူ့အသွင်ပြောင်းသွားတဲ့ စွမ်းအားမဲ့တောင်ပေါ်က တည်းခိုဆောင်တစ်ခုမှာ အဓိကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

    လွန်ခဲ့တဲ့နှစ် ၅၀၀ က ကောင်းကင်နန်းတော်ကိုအာခံခဲ့တဲ့အတွက် ဘုရားရှင်ရဲ့တန်ခိုးနဲ့ ချုပ်နှောင်ခံရတဲ့မျောက်ဘုရင်တစ်ပါးရှိခဲ့တယ်။

    သူဟာစွမ်းအားမဲ့တောင်ပေါ်မှာချုပ်နှောင်ခံရပြီး လွတ်မြောက်မယ့်အချိန်ကိုစောင့်နေပါတယ်။

    အဲဒီအချိန်မှာပဲ အနောက်အရပ်ကိုပိဋိကတ်တော်သွားပင့်တဲ့ ထန်စန်းကိုယ်တော်ရဲ့ အစောင့်အရှောက်ဖြစ်ပြီးတော့ သူ့ကိုယ်သူစွန်းဝူခုန်းပါလို့ခံယူနေသူတစ်ယောက်ရှိတယ်။

    စွမ်းအားမဲ့တောင်က အနောက်အရပ်ကိုသွားတဲ့နေရာမှာ ဖြတ်ကိုဖြတ်သွားရမယ့်နေရာဖြစ်တဲ့အတွက်
    ဒီမျောက်ဘုရင်စွန်းဝူခုန်း(၂)ယောက်က မလွဲမသွေထိပ်တိုက်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

    စွန်းဝူခုန်းအတုအစစ်ကြားတိုက်ပွဲအပြင် မသေမျိုးဖြစ်ဖို့အတွက် ထန်စန်းအသားကိုစားရဖို့ စွမ်းအားမဲ့တောင်မှာမိစ္ဆာတွေစုဝေးလာကြတဲ့အခါ…

    အမှန်တရားနဲ့အတုအယောင် ကောင်းခြင်းနဲ့ဆိုးခြင်းကြားက တိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။

  • The Man with No Return

    The Man with No Return

    The Man with No Return (2025)

    ဒီဇာတ်လမ်းကတော့ သုခဘုံလို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးပြန့်နှံ့နေတဲ့မြို့လေးတစ်မြို့ကနေအစပြုပါတယ်။

    ဒီဆေးကြောင့်လူတွေကအိမ်ခြေရာမဲ့ ဆင်းရဲဒုက္ခဘေးရောက်ကြရပါတယ်။

    လျှို့ဝှက်အစောင့်တပ်ကအရာရှိလေးတစ်ယောက်ဖြစ်တဲ့ စုန့်ယင်ဟာ သူ့ရဲ့အစ်ကိုအရင်းလိုချစ်ရတဲ့ ဖန်းထောကိုဆုံးရှုံးလိုက်ရပါတယ်။

    ဖန်းထောမသေခင်မှာချန်ခဲ့တဲ့ တစ်ခုတည်းသောသဲလွန်စက အန်းယွင်ကိုသွားပြီး ယဲ့ချာကိုရှာပါ ဆိုတဲ့စကားတစ်ခွန်းပါပဲ။

    ဒါကြောင့် စုန့်ယင်က ဖန်းထောရဲ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိမြို့အန်းယွင်ကိုပြန်သယ်သွားရင်း အဖြစ်မှန်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။

    ဒီခရီးစဉ်ဟာအစကတည်းက အခက်အခဲတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

    သူ့ရဲ့အထက်အရာရှိလဲဖြစ် မွေးစားအဖေလဲဖြစ်တဲ့ ဝူချန်းက သူ့ကိုမသွားဖို့သတိပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ စုန့်ယင်ဟာ အန်းယွင်မှာ အမှုကိုသွားစုံစမ်းဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။

    စုံစမ်းနေရင်းမှာပဲ ဒီသုခဘုံဆိုတဲ့မူးယစ်ဆေးရဲ့နောက်ကွယ်မှာ မထင်မှတ်ပဲ ရာထူးကြီး အာဏာကြီးတဲ့သူတွေရှိနေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့ အရာရှိငယ်လေးစုန့်ယင်ဟာ ပြည်သူတွေကိုကာကွယ်ဖို့ အတွက် ဆုံးဖြတ်ချက်အကြီးကြီးချရမယ့်အချိန်ကိုရောက်လာပါတော့တယ်။

  • The Butterfly’s Dream

    The Butterfly’s Dream

    The Butterfly’s Dream (2013)

    မင်္ဂလာပါ ပရိတ်ကြီးတို့ရေ

    ဒီတစ်‌ေခါက်မိတ်ဆက်‌ ပေးချင်တဲ့ ကားလေး‌က တော့ The Butterfly’s Dream ဆိုတဲ့

    ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ အရမ်းကို လှပပြီး စိတ်မကောင်းစရာလည်း ကောင်းတဲ့ တူရကီ ရုပ်ရှင်ကားကြီး တစ်ကားပါဗျ။

    ဒီဇာတ်လမ်းက ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ပြည့်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းလေးကို အခြေခံထားပြီး ဇာတ်ကြောင်းကတော့ တီဘီရောဂါ ခံစားနေရတဲ့ ကဗျာဆရာ လူငယ်နှစ်ယောက်ရဲ့ ဘဝအကြောင်းပါပဲ။

    ကမ္ဘာစစ်ကြီး နီးကပ်လာပြီး ဆေးဝါးနည်းပညာတွေ မစုံလင်သေးတဲ့ ကာလမှာ တီဘီရောဂါက မှိုလိုပေါက်အောင် ဖြစ်နေတာပေါ့။

    သူတို့ဟာ ဆင်းရဲဒုက္ခတွေကြားထဲမှာ ရှင်သန်နေရပေမဲ့ ကဗျာတွေကို မြတ်မြတ်နိုးနိုး ရေးစပ်ကြတဲ့ သူတွေပေါ့ဗျာ။

    ဒီလိုနဲ့ ချောမောလှပတဲ့ ရွေဘုံစံ သူဌေးသမီး မိန်းကလေးတစ်ယောက်ကိုလည်း နှစ်ယောက်လုံးက ပြိုင်တူ ချစ်မိသွားကြပြီး အပြိုင်အဆိုင် ကဗျာတွေရေးပြီး လိုက်ကြရာမှ သူတို့ရဲ့ ခင်မင်မှုနဲ့ အချစ်ကို ကဗျာဆန်ဆန်လေး မြင်ရသလို တစ်ဖက်မှာလည်း ခေတ်စနစ်ရဲ့ ရက်စက်မှုကြောင့် သူတို့ဘဝတွေ ဘယ်လိုကြေကွဲခဲ့ရလဲဆိုတာကို ရိုက်ချက်အလှတွေနဲ့ ပြထားတာမို့ ကြည့်ရင်းနဲ့ တကယ်ကို မျက်ရည်ကျရမယ့် ရုပ်ရှင်မျိုးပါပဲခင်ဗျာ။

    ဒီကားမှာ အထူးခြားဆုံးကတော့ မြင်ကွင်းတွေက အရမ်းလှတာရယ် မင်းသား‌ချောနှစ်လက်တို့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေရယ်ပဲ ဖြစ်ပါတယ်။

    ဝေဖန်ရေးသမားတွေကလည်း ဒီကားကို အတော်လေး ချီးကျူးခဲ့ကြပြီး အော်စကာဆုအတွက်တောင် တူရကီနိုင်ငံကိုယ်စားပြု ရွေးချယ်ခံခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တာပါ။

    ကြည့်ပြီးသွားရင် ရင်ထဲမှာ တစ်ခုခုကျန်ရစ်ခဲ့မယ့် အနုပညာဆန်တဲ့ ရုပ်ရှင်ကောင်းတစ်ကားလို့ ပြောလို့ရပါတယ်ဗျာ။

  • စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင်

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။

    အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။

    ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ICJ တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

    ယင်းအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အစိုးရလက်ထက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၉ ဒီဇင်ဘာတွင် ICJ သို့ သွားရောက်လျှောက်လဲချက်ပေးခဲ့သည်။

    ယခုကြားနာပွဲသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး အပြီးသတ်အမိန့်ချသည့် အခြေအနေများ ပါဝင်နိုင်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှုအတွင်း အဆုံးအဖြတ် သက်သေနှင့်စစ်ဆေးချက်များ စစ်ဆေးတော့မည်

    မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ထားတဲ့ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်တဲ့ အမှုကို ICJ တရားရုံးမှာ ယခု ဇန်နဝါရီလ ၁၂ ရက်နေ့ စတင် ကြားနာမည်ဖြစ်ပြီး အမှုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် သက်သေနဲ့ စစ်ဆေးချက်တွေကို ကြားနာစစ်ဆေးမှာဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

    စစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က တရားသူကြီးတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ စတင်မယ့် ၃ ပတ်ကြာ ကြားနာစစ်ဆေးမှုတွေအတွင်း အဖြေရှာ ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

    မင်းအောင်လှိုင်ကိုယ်စား ကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က လျှောက်လှဲချက် ပေးကြမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ အမှုကို စတင်တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာ (Gambia) က အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ICJ တရားရုံးမှာ တင်ပြကြမှာ ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၆ရက်နေ့မှ ၂၀ ရက်နေ့ အထိ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း မြန်မာစစ်တပ်က ပြန်လည် ချေပမှာဖြစ်ပါတယ်။

    ICJ ကမ္ဘာ့တရားရုံးက သက်သေတွေကို ကြားနာရန် ၃ ရက်တာ သတ်မှတ်ထားပြီး အဲဒီ ကြားနာမှုက တံခါးပိတ် ကြားနာမှာဖြစ်ပါတယ်။

    ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီအမှုကို တရားရုံးတော်သို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတကာ ဥပဒေပညာရှင်တွေက ဒီအမှုကို အထူးအာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုရဲ့ ဆုံးဖြတ်ချက်တွေက တောင်အာဖရိကနိုင်ငံက အစ္စရေးအပေါ် ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး ICJ မှာ စွဲဆိုထားတဲ့ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို တရားရုံးက ဘယ်လိုကိုင် တွယ်မလဲဆိုတာအတွက် အရိပ်အမြွက် လမ်းစတွေ ပေးနိုင်လို့ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်နဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ဟာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရမှု၊ မီးရှို့မှုနဲ့ လူသတ်မှု စတဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေကို ယူဆောင်လာခဲ့ကြပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ရှိ ၈,၀၀၀ ဧက ကျယ်ဝန်းတဲ့ ယိုယွင်းပျက်စီးနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်း ခန့်ဟာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရပါတယ်။

    ရိုဟင်ဂျာမိခင်တစ်ဦးဖြစ်တဲ့ ဂျနီဖာ ဘေဂမ် (Janifa Begum) က “ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ ဒီကြားနာပွဲမှာ ထင်ဟပ်ပါ့မလားဆိုတာ သိချင်ပါတယ်။ ကျွန်မတို့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကိုပဲ လိုချင်တာပါ” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မည်သည့်နိုင်ငံမဆို မျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ အခြားနိုင်ငံတစ်ခုကို ICJ မှာ တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တရားစွဲခဲ့တာပါ။

    ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သည်ဟိဂ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ကို ကိုယ်တိုင်သွားရောက်ပြီး စစ်တပ်အတွက် ခုခံချေပခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို “အဖြစ်မှန်ကို လွဲမှားပြီး မပြည့်စုံအောင် ဖော်ပြထားတဲ့ ပုံရိပ်” လို့ ပယ်ချခဲ့ပြီး ဒါဟာ “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီအမှုဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

    ၂၀၂၀ ပြည့်နှစ်မှာ ICJ က မြန်မာနိုင်ငံအနေနဲ့ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို တားဆီးဖို့ “မိမိအာဏာအတွင်းရှိသမျှ ဆောင်ရွက်ရန်” ကြားဖြတ်အမိန့် ချမှတ်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေကို မျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

    မြန်မာဘက်က တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ကန့်ကွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာပဲ တရားရုံးက အဲဒီကန့်ကွက်ချက်ကို ပယ်ချခဲ့တာကြောင့် အမှုကို ဆက်လက်စစ်ဆေးဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

    အခုပြုလုပ်မယ့် ကြားနာပွဲတွေဟာ ဇန်နဝါရီ ၃၀ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး အမှုရဲ့ အဓိက အနှစ်သာရပိုင်း​ ကို စစ်ဆေးမှာပါ။ အပြီးသတ် ဆုံးဖြတ်ချက်ထွက်ဖို့ လပေါင်းများစွာ သို့မဟုတ် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

    ICJ အနေနဲ့ တရားရုံးအမိန့်ကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်စွမ်း မရှိပေမဲ့ ဂမ်ဘီယာဘက်က အနိုင်ရရင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားတွေ အကြီးအကျယ် ကျရောက် လာမှာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ဒီတစ်ခေါက် ကြားနာပွဲကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

    ICJ တရားရုံးအပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကလည်း မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနိုင်ငံမှာလည်း Universal Jurisdiction (ကမ္ဘာ့တရားစီရင်ခွင့်) မူအရ ဒီအမှုကို စစ်ဆေးမှုတွေ ရှိနေပါတယ်။

  • ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။

    ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင်‌ ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    “သူက အိမ်အောက်ထပ်က ကုတင်မှာ အိပ်တာပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုး မရှိပါဘူး။ သူ့အိမ်က ရဲစခန်းနဲ့နီးပါတယ်။ ကျနော်တို့ အချိန်မရလို့ သူ့ကိုပဲ အဓိကထားပြီး ရှင်းလင်း ခဲ့တာပါ။ ရဲဘော်တွေအားလုံး ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    သေဆုံးသွားသော စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး လှသောင်းမှာ အကြမ်းဖက်စစ်တပ်မှ ထောက်ပို့ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကာ ဆေးပင်စင်ဖြင့် နုတ်ထွက်၍ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူး လုပ် ဆောင်ခဲ့သူဖြစ်ကြောင်း၊ NLD အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးမှူးရာထူးမှဖြုတ်ခံရပြီး စစ်တပ် က မတရား အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် ခန့်အပ်ခံရပြီးနောက် ပြွန်တန်ဆာပျူစော ထီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းကာ ဧည့်စာရင်း ထောက်ခံစာပြုလုပ်ပေးရာတွင် ငွေတောင်းခံခြင်း၊ စစ် မှုထမ်းကြေး ၂ သောင်း၊ ကင်းကြေး/ချောဆွဲကြေးဟု ခေါင်းစဉ်တပ်ကာ ပျူစောထီးအဖွဲ့အတွက် လ စဉ် တစ်အိမ်လျှင် ၂ ထောင်ကျပ် ကောက်ခံခြင်း၊ ရပ်ကွက်အတွင်း ၎င်းတို့နှင့် မတည့်သူများကို စစ် သား၊ ရဲ များနှင့် ပူးပေါင်းဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းစစ်သားအဖြစ် ရောင်းစားခြင်း တို့ လုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်သည့် တရားမဝင် ရွေးကောက်ပွဲကိုလည်း ၎င်းကိုယ် တိုင် ဦးဆောင်ကာ မဲဆွယ်စည်းရုံးခြင်း၊ ရန်ကုန် – မန္တလေးအမြန်လမ်းဟောင်းကို အသုံးပြုသော ခရီး သွားပြည်သူများထံမှလည်း ဆက်ကြေးကောက်ခံခြင်း၊ တောရွာများမှ ပြွန်တန်ဆာမြို့တွင်းသို့ ဈေးလာဝယ်လာသော လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်နေသူဖြစ်ကြောင်း သိရ သည်။

    ထို့ကြောင့် 9 Star Underground Force – Bago Region တပ်ဖွဲ့က နေအိမ်အတွင်းအထိ ဝင်ရောက် ရှင်းလင်းခဲ့ရခြင်းဖြစ်ပြီး စစ်တပ်အလိုကျ ပြည်သူလူထုကို အနိုင်ကျင့်ကာ ကိုယ်ကျိုးစီးပွားရှာနေသူ များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။