Author: Baby Yit Lone

  • ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

    ဆိုက်ဘာဥပဒေကြောင့် မန္တလေးတွင် ဖုန်းစစ်ဆေးမှု ပြန်လုပ်

    ဆိုက်ဘာလုံခြုံရေးဥပဒေ အာဏာတည်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၃၀ ရက်တွင် လက်မှတ်ထိုး ထုတ်ပြန်ပြီးနောက် မန္တလေးမြို့၌ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ၊ ယာဉ်စစ်ပူးပေါင်းအဖွဲ့များသည် လမ်းသွား လမ်းလာလူငယ်၊ လူရွယ်များ၏ ဖုန်းများကို စစ်ဆေးခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ စစ်ဆေးရာတွင် ကား၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးခြင်း ရှိ မရှိအပြင် ဖုန်းအတွင်း၌ Facebook၊ Gmail အကောင့်များ သုံးစွဲမှု ရှိ မရှိ၊ VPN ဆော့ဖ််ဝဲလ် အသုံးပြုခြင်း ရှိ မရှိကို အဓိကထား၍ စစ်ဆေးကြောင်း သိရသည်။ “အဲဒီနေ့က အရင်လိုပဲ လိုင်စင်စစ်မယ်ထင်ပြီး ဆိုင်ကယ် ရပ်ပေးလိုက်တာ၊ အားလုံး ပြည့်စုံတော့ ဖုန်းစစ်မယ် ပြဆိုတော့ ပေးလိုက်တာမှာ VPN…

  • မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မိုးကုတ်ကို စစ်တပ်ဗုံးထပ်ကြဲလို့ သေဆုံးသူ ၁၀ ဦး​ကျော်ထိတိုးလာ

    မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာ​ကြောင့်က​လေးငယ်​အချို့ အပါအဝင် ​သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ​ဒေသခံအချို့က​ပြောပါတယ်။ သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်း ၊ဂေါင်းဦးဘာရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဂေါင်းဦးဘာရပ်ကွက်ဟာ အရမ်းမကြီးသလို လူစည်ကားတဲ့ရပ်ကွက်လည်းမဟုတ်ဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။ “သေတာက ၁၃ဦးပါ။ထိခိုက်တာကမသိရသေးပါဘူး။ ခလေးကောလူကြီးကောအကုန်လုံး၁၃”လို့​ဒေသခံတဦးက​ပြောပါတယ် ။ အခြား​ဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။ ကား​ပေါ်ကပြည်သူ​တွေအပြင် ဗုံးကြဲခံရတဲ့အနားက​နေအိမ်ကပြည်သူ​တွေအများစု​​သေဆုံးထိခိုက်ခဲ့တာလို ​ဒေသခံအချို့က​ပြောပါတယ် ။​ဒဏ်ရာရသူအ​ရေအတွက်ကို​တော့ မသိရ​သေးပါဘူး။ စစ်တပ်က မိုးကုတ်မြို့ကို ဗုံးမကြာခဏကြဲတာ​ကြောင့် ​ဒေသခံ​တွေ ဗုံးခိုကျင်းတူးထား​ပေမယ့် ​လေယာဥ်လာသံမကြားရပဲ ဗုံးကြဲမှသာသိကြတာလို့​ဒေသခံ​တွေက​ပြောပါတယ်။ ဒါအပြင် ဒီက​နေ့ မနက် ဗုံးကြဲခံရချိန်မှာ မိုးရွာ​နေတယ်လို့လည်းသိရပါတယ် ။ “ဗုံးခိုကျင်းတွေအများကြီးလုပ်ထားကြတာ။အခုက လေယာဥ်သံကမကြားရဘူး။လာကျဲတိုင်းအုံးဆိုမှသိရတာ”လို့​ဒေသခံတဦးက​ပြောပါတယ် ။ ဒေသခံအမျိုးသမီးတဦးက​လည်း”ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ…

  • တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ထပ်ဆွေးနွေးဖို့ရှိနေတဲ့ TNLA
  • ပုလောနှင့် ပလတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ခန့်သေဆုံး
  • စစ်ကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်လာချိန် လုံခြုံရေးအထူးတင်းကျပ်၊ လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ