Author: Baby Yit Lone
-

အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ
အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။ အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။ ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို…
-

ဆေးအိတ်တစ်လုံး၊ စက်ချုပ်သံတစ်ညံညံနဲ့ ယောတပ်တော်ရဲ့ နောက်ကွယ်က ခွန်အားများ
“ပျူနွယ်တောင်သား ဓလေ့အကများနဲ့ ချည်ထည်ရက်ကန်းခတ်သံများ၊ ချည်ထည်ယောပုဆိုးများ ဝတ်ဆင်ကြီးပြင်းခဲ့တဲ့ ကျွန်တော်ယောသားတစ်ယောက်ပါ” ဆိုတဲ့ ယောဒေသခံ အဆိုတော် ကိုတောသားကြီးရဲ့ သီချင်းစာသားက ယောဒေသကို ကွက်ကွက်ကင်းကင်း မြင်ယောင်လာစေပါတယ်။ ယောဒေသဆိုတာက ပုံတောင်ပုံညာတောင်တန်းကြီးနဲ့ ချင်းတောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် ယော လို့ ပြောလိုက်ရင် လူသိနည်းကြပါတယ်။ ယောဒေသမှာ ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ ကျော၊ လောင်းရှည်နဲ့ ထီးလင်းမြို့နယ်တို့ ပါဝင်ပြီး တောင်သား၊ ချင်းပုံ၊ ပျူနဲ့ ဗမာလူမျိုးတွေ စုပေါင်းနေထိုင်ကြပါတယ်။ အဲ့ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် လူသိနည်းပါးပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ယောဒေသမှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ရရာလက်နက်ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အလျှိုလျှို ပေါ်ပေါက်လာကြပါတယ်။…
-

ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရှင်ပြုပွဲလုပ်နေတဲ့နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ မတ်လ ၈ ရက်၊ ဒီနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ အင်အား ၃၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကားတွေနဲ့ ပြန်လည်ဆုတ်ခွာနေချိန် ချင်းတွင်း တံတားအနောက်ဘက်က အောင်ဇေယျကုန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၇ရက်၊ မနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကနီမြို့နယ်၊ နတ်လာပို့တောင်ကျေးရွာက ရှင်ပြုပွဲလုပ်ဆောင်နေတဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး…
-

နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။ နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။ “ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်”…
-

“ကိုယ့်အိမ် ကိုယ့်နိုင်ငံမှာ ကိုယ်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်နေပြီ”
“ကိုယ့်အိမ် ကိုယ့်နိုင်ငံမှာ ကိုယ်က ဧည့်သည်ဖြစ်ပြီး၊ ဧည့်သည်က အိမ်ရှင်ဖြစ်နေတဲ့ ခေတ်ပျက်မြန်မာပြည်” “မှတ်ပုံတင်ထုတ်ပါ… ဘယ်ကလာတာလဲ၊ ဘယ်သွားမှာလဲ” ခရီးတခုသွားဖို့ လမ်းမပေါ်တက်လိုက်တာနဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့ သိက္ခာဟာ စစ်ဆေးမေးမြန်းမှုတွေကြားမှာ အရည်ပျော်ကျသွားရပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေပေါ်မှာ သွားလာနေတာတောင် အမြဲ တမ်း “သံသယ တရား” နဲ့ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျွန်တော်တို့ဟာ ဧည့်သည်ထက်တောင် ပိုပြီး ဧည့်သည် ဆန်နေပါပြီ။ ဒါပေမဲ့ ရင်နာဖို့ကောင်းတာက မြန်မာစကားတောင် မပြောတတ်တဲ့၊ ဘယ်ကလာမှန်းမသိတဲ့ “ကျားဖြန့်” လိုလို လူမျိုးခြားတွေကိုကျတော့ “Welcome” ဆိုတဲ့ ငွေမျက်နှာ အပြုံးနဲ့ လမ်းဖွင့်ပေးနေကြတာ မြင်ရတဲ့အခါ ကိုယ့်မှတ်ပုံတင်ကို ကိုယ်ပြန်ကြည့်ပြီး “ငါကရောတကယ် ပဲ ဒီနိုင်ငံသား ဟုတ်ရဲ့လား” လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ်မိပါတယ်။ “ဒီနေရာလေး…