Author: Baby Yit Lone

  • အိမ်၊ ကား ပိုင်ဆိုင်သမျှ အကုန်သိမ်းခံလိုက်ရတဲ့ “တသသ”

    အိမ်၊ ကား ပိုင်ဆိုင်သမျှ အကုန်သိမ်းခံလိုက်ရတဲ့ “တသသ”

    ကျွန်မကအဆိုတော်လား
    ကျွန်မ မသိ့ဘူး ကျွန်မသီချင်းတွေတောင်
    ကျွန်မ အကုန်မမှတ်မိဘူး

    ကျွန်မက သူဌေးမလား မဟုတ်ဘူး
    မဟုတ်တော့ဘူး
    ကားမရှိ့တော့ဘူး
    အိမ်လည်းမရှိ့တော့ဘူး
    အိမ်မပြန်ရဲဘူး
    ကျွန်မ ဘာအမှားမှလုပ်မထားဘူး
    ဒါပေမယ့်ကျွန်မဘာမှမရှိ့တော့ဘူး

    ကျွန်မအခုပိုင်ဆိုင်တာဆိုလို့
    ကျွန်မ ကျမ္မာနေသေးတယ်
    ခြေလက်တွေအကောင်းကြီးရှိ့သေးတယ်
    ကျန်တာတော့ ကျွန်မဘာမှ့မရှိ့တော့ဘူး
    ဘာဆိုဘာမှမရှိ့တော့ဘူး
    ဘယ်တုံးကမှကျွန်မ ဘာအမှားမှ
    မလုပ်ခဲ့ဘူး

    ကျွန်မ နိုင်ငံရေးသမားလည်းမဟုတ်ဘူး
    ရဲတိုင်းနဲ့မတည့်ဘူး
    ရဲတိုင်းမမုန်းခဲ့ဘူး

    စစ်သားတိုင်းမတည့်ဘူး
    စစ်သားတိုင်းလည်းမမုန်းခဲ့ဘူး

    ကျွန်မ ဂရိုနီးမလုပ်ဘူး
    ကျွန်မ ဘယ်အဖွဲ့လာလာ
    ငါချမ်းသာပီးရောဆိုပီး
    ပေါင်းမစားဘူး
    ကျွန်မ ပုတ်သင်ညိုလိုအရောင်
    မပြောင်းခဲ့ဘူး
    လေလာယာရိမ်းရအောင်ကလည်း
    သစ်ပင်မဟုတ်ဘူး လူလူ

    ကျွန်မလမ်းကိုကျွန်မဖြောင့်ဖြောင့်သွားတယ်
    အမှန်းတရားကိုဖုံးကွယ်ချင်သူတွေက
    ကျွန်မကိုမုန်းကြတယ်

    ပြည်သူတိုင်းကလည်းကျွန်မကိုချစ်မနေဘူး
    ကျွန်မကလည်းပြည်သူတိုင်းကို
    ချစ်ပါလို့မပြောခဲ့ဘူး

    ကျွန်မ ဘယ်တုံးကမှ မြန်မာပြည်ရဲ့ဥပဒေကို
    မချိုးဖောက်ခဲ့ဘူး
    ကျွန်မပြောတဲ့ အမှန်စကားကို
    လက်မခံသူတိုင်းကျွန်မနဲ့မတည့်ဘူး

    ကျွန်မဘဝကိုမြင်ပီး ဝမ်းသာချင်တဲ့
    သူတွေဝမ်းသာနိုင်ကြဘို့
    တင်ပြလိုက်တာပါ

    ပြောကြပါဦးဝ၌လည်တာလို့
    ပြောကြပါဦးဝမ်းသာလိုက်တာတို့

    ကျွန်မအတင်းကိုအားရပါးရပြောနိုင်ဘို့
    အတွက့်
    ကျွန်မ ကျေကျေနပ်နပ်ကြီး
    ကျောပေးထားပါတယ်

    ကျွန်မ မသိ့လိုက်တဲ့
    ကျွန်မဘဝရဲ့ဖြတ်တည်မှုကြီး
    ကျွန်မထက်ကျွန်မ
    အကြောင်းပိုသိ့နေလိုက်ကြပါ

    အမေမွေးတုံးကလည်းဘာမှပါမလာလို့
    ဘာမှမရှိ့လည်း ဘာမှမဖြစ်ဘူးဆိုတာ
    အားလုံးသိ့စေဘို့ တင်ပြလိုက်ရပါတယ်

    ပုံ/တသသ

    သုံကြိမ်မြောက်သိမ်းခံရခြင်းဆိုတော့
    ဘာမှမရှိ့တော့ဘူးအကုန်ပြောင်ပြီပေါ့နော်
    အိမ်နဲ့ခြံကလည်း မသေချာမရေရာပေါ့
    ဝမ်းသာချင်သူတွေဝမ်းသာကြပါစေ

    ကျွန်မရဲ့ကားလေးဘယ်သူစီးနေတယ်ဆိုတာ
    သတင်းရပါတယ်
    စီးပါနော်ကားကိုဖြေးဖြေးမောင်း
    ကျွန်မရဲ့သောကတွေက
    ရှင်တို့မတွက့်အပျော်တွေဖြစ်ပါစေ

    ကျွန်မရဲ့ဆင်းရဲခင်းတွေက
    ရှင်တို့အတွက့်ချမ်းသာခြင်းတွေဖြစ်ပါစေ
    ကျွန်မရဲ့လမ်းပျောက်မှုတွေက
    ရှင်တို့အတွက့်ဖြောင့်သောလမ်းတွေဖြစ်ပါစေ
    ကျွန်မရဲ့မိသားစုတစ်ကွဲစီက
    ရှင်တို့အတွက့်မိသားစုစုံလင်စွာနေရပါစေ

    သုံးကြပါနော် စီးပါကားလည်း
    ကျွန်မရဲ့နောက်ဆုံးလက်ကျန်
    ပိုင်ဆိုင်မှုတွေဖြစ်နေလို့
    ပျော်ရွှင်စွာယူသွားကြပါ
    ကျွန်မရဲ့ပိုင်ဆိုင်မှုတွေနဲ့
    အောင်ပွဲခံကြပါ
    ကျေနပ်ပါတယ်

    နောက်တစ်ခုလည်းထည့်ပေးလိုက်ပါရစေ
    ကျွန်မရဲ့လက်ကျန်ဝ၌ကျွေးတွေ
    ပါယူသွားပေးပါနော်
    မလိုချင်ဘူးဆိုလည်းလမ်းရောက်မှ
    လွှတ်ပစ်ထားခဲ့ပါ

    ဒီသောကအတွက်အိပ့်ယာထဲ
    သုံးရက်လောက်ဘဲလဲကျသွားတယ်
    အခုကျွန်မအဆင်ပြေပါတယ်

    တသသ

  • Starlink အင်တာနက်ကို အီရန်က ကြားဖြတ် နှောင့်ယှက်နိုင်စွမ်း ရှိနေတယ်လို့ ယူဆရ

    Starlink အင်တာနက်ကို အီရန်က ကြားဖြတ် နှောင့်ယှက်နိုင်စွမ်း ရှိနေတယ်လို့ ယူဆရ

    ဆန္ဒပြမှုတွေ အရှိန်မြင့်တက်နေချိန် အတောအတွင်း အီရန်အစိုးရက ပြည်တွင်း အင်တာနက် ကွန်ရက်တွေကို ပိတ်ချထားတဲ့အပြင် Starlink အင်တာနက် ကွန်ရက်တွေကိုပါ နှောင့်ယှက် ပိတ်ဆို့လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

    အီရန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ကစလို့ နိုင်ငံအနှံ့ အစိုးရ ဆန့်ကျင်ရေး အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာပိုင်တွေက အဲဒီ အခြေအနေကို တုံ့ပြန်တဲ့ အစီအမံ တစ်ခုအနေနဲ့ အင်တာနက်နဲ့ ဖုန်းကွန်ရက်တွေကို ပိတ်ချပစ်ခဲ့ပါတယ်။

    ဒါပေမဲ့လည်း ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ Starlink ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက် ကွန်ရက်က အီရန်နိုင်ငံအတွက် ထောက်ပံ့ပေးထားတဲ့အတွက် Starlinkနဲ့ ချိတ်ဆက်နိုင်တဲ့ ပြည်သူတွေဟာ အင်တာနက် ဆက်ပြီး အသုံးပြုလို့ ရနေခဲ့ပါတယ်။

    Starlinkဟာ ဂြိုဟ်တု အခြေပြု အင်တာနက် ဝန်ဆောင်မှု စနစ်တစ်ခု ဖြစ်တာကြောင့် သီအိုရီအရ ကြားဖြတ် ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ပါတယ်။ နောက်တော့ အီရန် အာဏာပိုင်တွေဟာ Starlink ကွန်ရက်ကို ချိတ်ဆက် ဖမ်းယူနိုင်တဲ့ စလောင်းတွေကို လိုက်လံ သိမ်းဆည်းခဲ့သလို အဲဒီ အင်တာနက် ဝန်ဆောင်မှုကို ကြားဖြတ် နှောင့်ယှက်တဲ့ အထောက်အထားတွေလည်း တွေ့လာရပါတယ်။

    ဒါဟာ Starlinkကို နည်းပညာပိုင်းအရ အီရန်က တန်ပြန်နှောင့်ယှက် ပိတ်ဆို့နိုင်တဲ့ ပထမဆုံး အထောက်အထား ဖြစ်နိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။ ပြည်တွင်းမှာ Starlinkကို လျှို့ဝှက် သုံးစွဲနေသူတွေက သူတို့ရဲ့ အင်တာနက် ဒေတာတွေဟာ ၃၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ပျောက်ဆုံးကုန်တာမျိုး ထူးထူးဆန်းဆန်း တွေ့ကြုံနေရကြောင်း ပြောပါတယ်။

    Starlinkဟာ ၂၀၂၂ ကတည်းက အီရန်ပိုင်နက်ထဲမှာ ကွန်ရက် လွှမ်းခြုံထားပြီး စုစုပေါင်း Starlink အင်တာနက် ချိတ်ဆက်ထားတဲ့ စလောင်းပေါင်း တစ်သိန်းလောက် ရှိနေမယ်လို့ ယူဆရပါတယ်။ အီရန်မှာ Starlink သုံးစွဲခွင့်ကို ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားပေမယ့်လည်း သိုသိုသိပ်သိပ် ခိုးသုံးနေသူတွေ ရှိနေကြတာ ဖြစ်ပါတယ်။

    လက်ရှိ ဆန္ဒပြပွဲတွေမှာတော့ အီရန်ဟာ စစ်သုံး ကြားဖြတ်နှောင့်ယှက်ရေး ထိပ်တန်း နည်းပညာတွေကိုပါ အသုံးပြုပြီး Starlink အင်တာနက် ကွန်ရက်ကို တန်ပြန် ဟန့်တားနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။ ယူကရိန်းမှာ Starlinkရဲ့ ကွန်ရက်ကို ရုရှားက နှောင့်ယှက်ခဲ့တဲ့ အီလက်ထရောနစ် စစ်သုံးနည်းပညာမျိုးနဲ့ ဆင်တူနိုင်တယ်လို့ ဆိုပါတယ်။

    အီရန်မှာ ဆန္ဒပြပွဲ ကာလအတွင်း Starlinkသုံးစွဲကြဖို့ ဆော်ဩနေတဲ့ နည်းပညာ အစုအဖွဲ့တွေကတော့ Starlinkရဲ့ မိခင်ကုမ္ပဏီ SpaceXနဲ့ ချိတ်ဆက်ပြီး အခုပြဿနာကို တန်ပြန်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ မြို့တော် တဟီရန်မှာတော့ အီရန်အာဏာပိုင်တွေရဲ့ တန်ပြန် ပိတ်ဆို့နိုင်စွမ်းဟာ ၃၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၁၀ ရာခိုင်နှုန်းထိ ကျဆင်းလာတယ်လို့ သူတို့က မှတ်ချက်ပေးထားပါတယ်။

    ထရမ့်က သူဟာ အီရန်အစိုးရက အင်တာနက် ကွန်ရက်တွေကို ပိတ်ချထားတဲ့အချိန် ပြည်တွင်းမှာ အင်တာနက် ဝန်ဆောင်မှုတွေ ဆက်ပြီး ရရှိနေစေရေး ကူညီပေးဖို့ မတ်စ်ခ်ကို အကူအညီ တောင်းခံနိုင်ခြေ ရှိနေကြောင်း ပြောဆိုထားပါတယ်။

    နည်းပညာပိုင်းအရ Starlinkဟာ သီးခြား စလောင်းကိရိယာတွေ မရှိရင်တောင်မှ မြန်နှုန်းပိုနိမ့်တဲ့ ကွန်ရက်မျိုးနဲ့ သမားရိုးကျ ဖုန်းတွေကို ချိတ်ဆက်နိုင်ကြောင်း သိရှိရပါတယ်။

    ကိုးကား: PC Magazine

  • မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေသတိထားကြပါသင်ခန်းစာယူပါ

    လေးစားအပ်ပါသော ရန်ကုန်က

    ကျတော် မိတ်ဆွေများ အသိများ

    တရားသူကြီးများ ရဲဝန်ထမ်းများခင်ဗျာ

    အောက်ဖော်ပြ ပါ ပုံ တာမွေတွင် နေထိုင်သူ

    နာမည် ဖြိုးသီဟ ခေါ် ပြည့်ဖြိုးကိုကိုကျော်ဆိုသော

    Ots သည့် ကျတော် အသိ မိတ်ဆွေ၏ သမီး ကောင်မလေးတစ်ဉီးနဲ့ ချစ်ကြိုက်ခဲ့ စဥ် လူငယ်သဘာဝ

    Sex ကိစ္စ. Sex. ပုံလေးတွေ ကောင်မလေး ဘက်မှ ပြခဲဘူးပါတယ်

    ယခု ပြတ်ဆဲ ခါမှ အောက်ပါ ots သည့် ပုံတွေကို ပိုက်ဆံ မပေးရင်

    တယ်လီ တွေ မှာ ရောင်းစားမယ် ခြိမ်းခြောက်နေပါတယ်

    မိန်းကလေးချင်း ကိုယ်ချင်းစာနာပါက ဝိုင်းရှယ်ပေးကြ ပါ

    ဒီလို ots တွေ ဇောင်းမကြွမိနိးကလေးတွေကို မထိခိိုက်အောင်

    ဝိုင်းဝန်းကာကွယ်ပေးကြပါ ဗျာ

    အဲမှာ ots ပုံနဲ့ ဖုန်းနံပတ် ပါ 09953682006

    တာမွေမှာနေသူများ အဲ ots ကို တွေ့ပါက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားပေးပါ

    ဒီလို otsတွေကို ဒီလိုမှ မနှိမ်နင်းရင် မိန်းကလေးတွေကို

    ငွေညှစ် လိင် အမြတ်ထုတ် ခြိမ်းခြောက်နေမှာပါ

  • လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ် ရဲစခန်း၊ စရဖ ရုံး၊ မြို့နယ် ထွေ/အုပ်ရုံးနှင့် KBZ ဘဏ်တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် လူနေရပ်ကွက်များအတွင်း ကျည်ကျရောက်ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးမှုရှိကြောင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်သူ အများစုသည် စစ်ဘေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် အစောကြီး လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ လောင်းလုံးမှာက မြို့စောင့်တပ် သဘောမျိုးနဲ့ နေရာ ၄ ခုမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေပဲကျန်တော့တယ်လေ အဲစစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် တိုက်ခိုက်တာ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ပဲကြာတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းထုတာက မွန်းလွဲပိုင်းထိကို ထုနေတုန်းပဲ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ အခုကတော့ ငြိမ်နေပါပြီ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းနှင့် ဒီဇင်ဘာလပိုင်းတို့ကလည်း လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရက်ပေါင်း ၅၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

    ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့သော DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်မှ ရဲဘော်များ။

  • ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ် ပြန်လွှတ်ပေးနောက် နှစ်ဖက် ပြေလည်

    ထိုင်းနိုင်ငံ၊ Samut Prakan ရှိ The One စားသောက်ဆိုင်ရှေ့တွင် ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ် ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးမှာ ထိုင်းရဲထံတွင် အဖမ်းခံလိုက်ပြီး ရန်ဖြစ်သော နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ထိုင်းပါဆယ်ပို့သမားများနှင့် မြန်မာအလုပ် သမားတစ်စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းပါဆယ်ပို့သမားကို တိုက်ခိုက်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးက The One စားသောက်ဆိုင်မန်နေဂျာ အမျိုးသမီးနှင့်အတူ ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ကြောင်း သိရှိရသည်။

    မြန်မာအလုပ်သမား ၆ ဦးက ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်ပေးခဲ့ကြပြီး ၎င်းတို့လုပ်ရပ်အတွက် နောင်တရကြောင်း ပြောဆိုခဲ့ကြောင်း၊ ယင်းအပြင် အထိုးခံခဲ့ရသော ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားနှင့် ထိုင်းပြည်သူများကို ဝန်ချတောင်းပန်ခဲ့ကြောင်း၊ စိတ်တို ဒေါသဖြစ်ပွားပြီး ရန်ဖြစ်မှုအတွက် နောင်တရကြောင်းနှင့် နောက်နောင် ထိုကဲ့သို့သော ဖြစ်ရပ် မဖြစ်စေရန် ဝန်ခံကတိပြုခဲ့ကြောင်း သိရှိရသည်။

    ထိုင်းရဲတပ်ဖွဲ့ ဥပဒေအရ နှစ်ဖက်စလုံးကို ရန်ဖြစ်မှုအတွက် ကနဦးတရားစွဲဆိုကာ ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း၊ မြန်မာအလုပ်သမားများက ထိုင်းပါဆယ်ပို့သမား၏ ဆိုင်ကယ် ပျက်စီးမှုအတွက် လျှော်ကြေးငွေ ဘတ် ၁ သောင်း ပေးရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

    လတ်တလော အခင်းဖြစ်ပွားခဲ့ရာ The One စားသောက်ဆိုင်ကို ထိုင်းပိုင်ရှင်က ပိုင်ဆိုင်ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စိစစ်လျက်ရှိကြောင်း သိရှိရသည်။