Author: Baby Yit Lone

  • A Paw Patrol Christmas

    A Paw Patrol Christmas

    A Paw Patrol Christmas (2025) Cartoon ချစ်သူတွေအားလုံးသိကြတဲ့ Paw Patrol ကာတွန်းရုပ်သံဇာတ်လမ်းတွဲရဲ့ နောက်ထပ်ရုပ်ရှင်တစ်ခုထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ရဲ့ခေါင်းစဉ်အတိုင်း ခရစ္စမတ်ပွဲကိုဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ္စမတ်ရာသီကိုရောက်လာတဲ့အချိန်မှာ Paw Patrol အဖွဲ့တို့ နေထိုင်ရာမြို့လေးမှာ ခရစ္စမတ်သစ်ပင်အလှဆင်ပွဲလုပ်ဖို့ဖြစ်လာပါတယ်။ မြို့တော်ဝန်ဂွတ်ဝေးကလည်း သူ့ရဲ့မြို့လေးကိုအလှဆုံးဖြစ်အောင်ဆိုပြီး မြို့တော်ခန်းမရှေ့ရင်ပြင်မှာရှိတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ဖို့လုပ်နေတာပါ။ ဒါပေမဲ့ သစ်ပင်ရဲ့ထိပ်မှာကြယ်ပွင့်ဟာ အရမ်းကြီးတာမလို့ Paw Patrol အဖွဲ့ရဲ့အကူအညီကိုလိုနေပါတယ်။ ဒီလိုနဲ့ပဲ Paw Patrol အဖွဲ့အတွက် အားလပ်ရက် ခရစ္စမတ်တာဝန်ကြီးတစ်ခု ရောက်ရှိလို့လာခဲ့ပါပြီ။

  • Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw

    Diary of A Wimpy Kid: The Last Straw (2025) ဒီဇာတ်ကားလေးကတော့ ဒီဇင်ဘာလ (၅) ရက်နေ့ကမှ ထွက်ထားတဲ့ Animation/Comedy ကားသစ်လေးပါ။ ဒီဇာတ်ကားမှာတော့ Greg တစ်ယောက် သူ့အဖေရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတာကို တွေ့ရမှာပါ။ Greg ရဲ့အဖေ Frank ဟာ သူ့သားရဲ့ အနေအထိုင် အပြုအမူတွေကို ကြည့်ပြီး လုံးဝ ဘဝင်မကျ ဖြစ်နေပါတယ်။ သူ့သားကို ပျော့ညံ့လွန်းတယ်၊ ယောကျာ်းမပီသဘူးလို့ မြင်နေပြီး ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် Greg ကို သတိပေးချက်တစ်ခု ထုတ်လိုက်ပါတော့တယ်။ အဲဒါကတော့ Greg အနေနဲ့ အခုထက်ပိုပြီး ရင့်ကျက်မလာဘူး၊ သတ္တိမရှိလာဘူးဆိုရင် သူ့ကို…

  • Lake Jesup: Bonecrusher’s Revenge

    Lake Jesup: Bonecrusher’s Revenge

    Lake Jesup: Bonecrusher’s Revenge (2025) အခုတခါ ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်ကားမျိူးကိုမှ ဟာသလေးနှော‌ပြီး ရိုက်ထားတဲ့ adventure comedy ကားမျိူးလေးပါ။ ဒီကားမှာဆိုရင် ဘဝမှာအရာရာကို ဆုံးရူံးလိုက်ရသလိုကို ဖြစ်နေတဲ့ Bugga Coggins နဲ့ သူအရင်ကထိန်းကျောင်းခဲ့ရတဲ့ အန္တရာယ်အများဆုံးမိကျောင်းနဲ့ ကြားက တိုက်ပွဲကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ဂျေးဆပ်မြို့မှာ မိကျောင်းအန္တရာယ်ကြောင့် လူတွေသေဆုံးနေကြတာကို မြင်ရမှာပါ။ ထိုအချိန် မြို့တော်ဝန်ကလည်း Bugga Coggins နဲ့ အပေးအယူလုပ်ပါတော့တယ်။ တဖက်မှာလည်း တာဝန်ရှိသူတယောက်ဖြစ်တဲ့ Angus Sullivan ဟာ ဒီကိစ္စကို မျက်ကွယ်ပြုနေပြန်ပါတယ်။ အဲ့ဒီတော့ အဓိက‌ဇာတ်ကောင်ဖြစ်တဲ့ Bubba Coggins ဟာ Bonecrusher ဆိုတဲ့ကောင်နဲ့ ဘယ်လို ရင်ဆိုင်သွားမလဲ သူဘာတွေစတေးရမလဲ နောက်ဆုံးမှာ…

  • Ginger Snaps Back: The Beginning

    Ginger Snaps Back: The Beginning

    Ginger Snaps Back: The Beginning (2004) Ginger Snaps Back: The Beginning ဟာနာမည်ကျော်သမန်းဝံပုလွေရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Ginger Snaps ရဲ့နောက်ဆုံးကားဖြစ်ပြီး ဇာတ်လမ်းကတော့ prequel ဖြစ်သွားပါတယ်။ ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ညီအစ်မကို ဒီဇာတ်ကားမှာတော့ ၁၉ ရာစုကနေဒါရဲ့သားမွေးကုန်သွယ်ရေးခေတ်မှာ တွေ့မြင်ရမှာပါ။ ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ဟာ လူသူမနီးတဲ့တောအုပ်ထဲမှာလှည့်လည်သွားလာရင်း ဘရစ်ဂျစ်တစ်ယောက် ဝက်ဝံထောင်ချောက်ကိုနင်းမိခဲ့ပါတယ်။ အဲ့ဒီမှာ အင်ဒီးယန်းလူငယ်တစ်ယောက်က သူတို့ကိုကယ်တင်ပေးခဲ့ပြီး အနားမှာရှိတဲ့ ခံတပ်တစ်ခုအတွင်းကိုရောက်ရှိသွားရာကနေ အတွင်းမှာရှိနေတဲ့ လူတွေရဲ့စိတ်ဝမ်းကွဲမှု သံသယတွေ၊ အပြင်ကနေ ဝင်လာဖို့လှည့်ပတ်ချောင်းမြောင်းနေတဲ့ သမန်းဝံပုလွေတွေ၊ အထဲမှာရှိနေနှင့်ပြီးသား အသွင်မပြောင်းသေးတဲ့ သူတွေနဲ့ရင်ဆိုင်ရပုံတွေကိုသဲထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။

  • မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏စာရင်း AA ထုတ်ပြန်

    မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏စာရင်း AA ထုတ်ပြန်

    ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုအတွင်း သေဆုံး၊ ဒဏ်ရာရသွားသူများ၏ အမည်၊ အသက်၊ နေရပ်လိပ်စာစသည့် အသေးစိတ်စာရင်းအား အာရက္ခတပ်တော်(AA)က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၇၇ ဦးရှိခဲ့ကြောင်း ယခုစာရင်းတွင် ဖော်ပြထားသည်။