Author: Baby Yit Lone
-

လမ်းမှာ ကားတွေ ပိတ်နေလို့ လေယာဉ်မမီဘဲ အသက်ဘေးက လွတ်ခဲ့တဲ့ ကျောင်းသူ
ဘိုမီ ချောင်ဟန်က သူ သိပ်ဒေါသထွက်ရသလို စိတ်လည်း ပင်ပန်းခဲ့ရတယ်လို့ ပြောပါတယ်။ အမ်မာဒါဘတ်လေဆိပ်ကို လာတဲ့လမ်းမှာ ကားတွေက ပြည့်ကျပ်ညပ်နေလို့ လန်ဒန် ဂက်ဝတ် လေဆိပ်ကို သွားမယ့် အဲ အိန္ဒိယလေယာဉ်ကို ၁၀ မိနစ်လောက် သူ နောက်ကျကာ လေယာဉ်ပေါ် မတက်ရဘဲ ကပ်လွဲသွားပါတယ်။ ဗြိတိန်နိုင်ငံ ဘရစ်စတိုးမှာ သူ့ ခင်ပွန်းနဲ့ နေထိုင်ပြီး စီးပွားရေး စီခံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာနေတဲ့ အသက် ၂၈ နှစ်အရွယ် မစ္စ ချောင်ဟန်ဟာ အိန္ဒိယအနောက်ပိုင်းကို ရက်အားရက် ခရီးထွက်ခဲ့တာပါ။ ကြာသပတေးနေ့က သူအိမ်ပြန်ဖို့ စီစဉ်ခဲ့တဲ့ AI 171 လေကြောင်းခရီးစဉ် လေယာဉ်က ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျကာ လေယာဉ်ပေါ်က ခရီးသည်ပေါင်း ၂၄၁ ယောက်…
-

-

ငလျင်သင့်အဆောက်ဦးဖြိုချရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၃ လမ်း၊ ၂၀×၂၁ လမ်းကြားတွင် ယနေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူမှာ ဦးထွန်းဝင်း၊ ၄၄ နှစ်၊ (ဘ)ဦးအောင်မင်း၊ ချောင်းဦးမြို့နယ်နေထိုင်သူဖြစ်ပြီး ၎င်းသည် ငလျင်သင့်မှုကြောင့် ပြိုကျပျက်စီးခဲ့သော မလဲ့လဲ့ဝင်းလှိုင်၏ “နန်းထက်စံ” အမျိုးသမီးဘော်ဒါဆောင် ၅ ထပ်တိုက်အဆောက်အဦး ပြုပြင်လျက်ရှိသည့် အောက်ထပ်(မြေညီထပ်)ရှိ ကွန်ကရစ်ကျောက်တိုင်နှင့် ထုတ်တန်းထောင့်တွင် ကျောက်ပုံးရိုက်ထားသည့် သစ်သားအား ထုတ်တန်းပေါ်မှတက်ပြီး သံတူရွင်းဖြင့် ခွာထုတ်ရာ လျှပ်စစ်ဓါတ်ကြိုးအား ထိုးမိ၍ သံတူရွင်းမှတဆင့် ဓါတ်လိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-

-

မအူစစ်တပ်ဂိတ်အနီး စစ်ယာဉ်တန်းကို မိုင်းဆွဲ (ရုပ်သံ)
မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီး စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး