Author: Baby Yit Lone

  • ထားဝယ် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ထားဝယ် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ်ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးပေးနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ မေလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးပေးနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် နေအိမ်၌ ရှိနေစဉ် အမည်မသိသေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှု အတွင်း ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် မယားဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏သမီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊

    တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အုပ်ချုပ်ရေးမှူး လင်မယား အလောင်းနှင့် ဒဏ်ရာရရှိသော ၎င်းတို့ သမီးဖြစ်သူကို ထားဝယ်မြို့ဆေးရုံကြီးမှ လူနာတင်ကားများဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

    “မနေ့က ညဘက် ၈ နာရီခန့်လောက်မှာ အမည်မသိတဲ့ သေနတ်သမားတွေက ဆန်းချီရပ်ကွက် မြင့်လွင် နေအိမ်မှာပဲ ဝင်ပစ်တာ။

    အနီးနားပတ်ဝန်းကျင်က ပြောတာတော့ သေနတ်သံ ၇ ချက်ခန့်လောက်ကြားတယ်။

    သူရယ် သူမိန်းမရယ် သူ့သမီးရယ် ပစ်ခံရတာ သူနဲ့သူ့မိန်းမကတော့ သေပြီ။ အလောင်းတွေတော့ ဆန်းချီဘုန်းကြီးကျောင်းမှာထားတယ်။ အသက်တွေကတော့ ၅၀ ကျော်တွေပဲ။

    သူသမီးကတော့ ဝင်လုံးတဲ့အခါမှာ ပစ်ခံရတာ ဒဏ်ရာရသွားတယ် လူနာတင်ကားနဲ့ ထားဝယ်ဆေးရုံကြီးမှာတင်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ထိုပစ်ခတ်မှုအတွင်း သေဆုံးသူ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်သည် ထားဝယ်မြို့ပေါ်ရပ်ကွက်များရှိ လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင် ပါဝင်နေသူဖြစ်ပြီး

    ၎င်း၏ ဇနီးဖြစ်သူမှာလည်း အုပ်ချုပ်ရေးမှူးအရှိန်အဝါဖြင့် ရပ်ကွက်ထဲတွင် ပြည်သူများကို အနိုင်ကျင့် နှိပ်စက်နေကြသူဖြစ်ကြောင်း သိရှိရသည်။

    “ဒီကောင်က တော်တော်ဆိုးတဲ့လူ။ မြို့ပေါ်ရပ်ကွက်ထဲမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓိက ရှာပေးနေတဲ့လူပဲ။

    စစ်ခွေးတွေက လူရှာခိုင်းရင် တက်တက်ကြွကြွနဲ့ လိုက်ရှာပေးတဲ့ စစ်ကောင်စီ လက်ကိုင်တုတ် အကြီးစားပါ။

    လူငယ် ၅၀ လောက်လိုတယ်ဆိုရင် သူပဲဦးစီးပြီး လိုက်ရှာပေးတယ်။ သူက ကျန်တဲ့အုပ်ကြီးတွေထက်ပိုပြီး စစ်ခွေးတွေနဲ့ ကပ်ပါးယပ်ဖား လုပ်တယ်။

    ခရိုင်အုပ်ကြီးတွေနဲ့လည်း တော်တော်ရင်းနှီးပြီး တစ်ခါတလေ ကားတွေတောင် မောင်းပေးတာရှိတယ်။

    သူမိန်းမကလည်း အုပ်ချုပ်ရေးမှူးအရှိန်ဝါနဲ့ တော်တော်လည်းကို ရပ်ကွက်ထဲမှာ ဆိုးနေကြတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်ခွေးတွေရော မြို့ထဲမှာ အင်းအားအများကြီးနဲ့ ကင်းလှည့်စစ်ဆေးတာတွေလုပ်တယ်။

    စစ်ကောင်စီလက်ကိုင်တုတ် အုပ်ကြီးတွေတော့ သတိထားနေဖို့ လိုင်းပေါ်မှာရေးထားတာတွေတော့တွေတယ်။

    မကြာခင် ရှင်းလင်းခံရမယ်ဆိုတဲ့ သတိပေးတာမျိုးတွေ ခဏခဏတွေ့ရတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်မြို့ပေါ်တွင် အကြမ်းဖက် စစ်သားများက အင်အားအများအပြားဖြင့် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

  • Starlink အပိတ်ခံရသဖြင့် ရုရှား၏ ၂၀၂၆ စစ်ဆင်ရေး အစီအစဉ်များ ထိခိုက်

    Starlink အပိတ်ခံရသဖြင့် ရုရှား၏ ၂၀၂၆ စစ်ဆင်ရေး အစီအစဉ်များ ထိခိုက်

    ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကြောင့် SpaceX ကုမ္ပဏီက ရုရှား၏ Starlink ဂြိုဟ်တုဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ကို ယခုနှစ်ဆန်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကြောင့်၊ ၂၀၂၆ ခုနှစ်တွင်မောင်းသူမဲ့ ရေ ယာဉ်များ (USVs) အသုံးပြု၍ အကြီးစားစစ်ဆင်ရေးတခုပြုလုပ်ရန် ရုရှားက စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ပျက်သွားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။

    ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မောင်းသူမဲ့ရေယာဉ်များ၏ ထိရောက်မှုကို ရုရှားက မြင်တွေ့ပြီး နောက် ယူကရိန်း၏ နည်းပညာကို လျင်မြန်စွာ ပုံတူကူးရန် ကြိုးပမ်းလာခဲ့ကြောင်း ၎င်း၏ ပြောကြားခဲ့ သည်။

    ပြီးခဲ့သည့် နွေရာသီတွင် ရုရှားက လက်တွေ့အသုံးပြုနိုင်သော ရှေ့ပြေးပုံစံများကို တည်ဆောက်နိုင်ခဲ့ပြီး ဩဂုတ်လတွင် ဒါနုမြစ်ဝကျွန်းပေါ်ဒေသရှိ ယူကရိန်းပိုင် ဆင်ဖာရိုပိုသင်္ဘောကို အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည်။ ထို့ပြင် ယူကရိန်းကမ်းရိုးတန်းတလျှောက်ရှိ ပစ်မှတ်များကိုလည်း ရုရှား၏ မောင်းသူမဲ့ ရေယာဉ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်။

    “၂၀၂၆ ခုနှစ်မှာ ရုရှားက မောင်းသူမဲ့ ရေယာဉ်တွေကို အကြီးအကျယ် စတင်အသုံးပြုမဲ့ နှစ်တနှစ်ဖြစ်လာ ဖို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်အစောပိုင်းမှာ Starlink ဆက်သွယ်ရေးစနစ် အပိတ်ခံလိုက် ရတာကြောင့် အဲဒီအစီအစဉ်တွေက ပျက်သွားခဲ့ရပါတယ်” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်က အစီရင်ခံခဲ့သည်။

    ရုရှားက မောင်းသူမဲ့ရေယာဉ်များတွင် ကိုယ်ပိုင်ဆက်သွယ်ရေးစနစ်များ တပ်ဆင်ရန် ကြိုးပမ်းခဲ့သော် လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။

    ရုရှားက အမျိုးမျိုးသော ဆက်သွယ်ရေးစနစ်များကို အသုံးပြုရန် ကြိုးပမ်းခဲ့သော်လည်း နည်းပညာ ဆိုင်ရာအကန့်အသတ်များကြောင့် ယင်းစနစ်အားလုံးမှာ အလုပ်မလုပ်ခြင်း (သို့မဟုတ်) လက်တွေ့ အသုံးမပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

    နောက်ဆုံးတွင် ယူကရိန်းကမ်းလွန်ရှိ မောင်းသူမဲ့ရေယာဉ်များအတွက် Starlink ဂြိုဟ်တုစနစ်သည်သာ တခုတည်းသော လက်တွေ့ကျသည့် ဆက်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့သည်။ သို့သော် ယခုအခါ ရုရှားက ယင်းနည်းပညာကို အသုံးပြုခွင့် မရှိတော့ပေ။

    “ဒါပေမဲ့ ရန်သူကို လျှော့မတွက်ဖို့တော့ အရေးကြီးပါတယ်။ သူတို့ဆီမှာ ဒရုန်းတွေက တည်ဆောက်ပြီး သား ရှိနေတာကြောင့် ဒါတွေကို အသုံးပြုဖို့ အရမ်းကို စိတ်အား ထက်သန်နေကြပါတယ်။ ရှေ့ဆက်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော့်မှာ အကြမ်းဖျင်း အိုင်ဒီယာရှိပါတယ်။ စောင့်ကြည့်ရမှာပါ ပဲ” ဟု ဘက်စခရက်စနော့ဗ်က နိဂုံးချုပ် ပြောကြားခဲ့သည်။

  • ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်

    ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်

    မြင်းခြံအနောက်ဘက်ရှိ ရွှေညောင်ပင်စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူစောထီး ၈ ဦးသေဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုအခိုင်အမာတပ်စွဲထားတဲ့ ရွှေညောင်ပင်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ

    စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်အနောက်ဘက် လေးအိမ်တန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရွှေညောင်ပင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။

    အထက်ပါရွှေညောင်ပင်ဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ နီးပါးက ဘန်ကာတွေအခိုင်အမာနဲ့ အထိုင်ချ တပ်စွဲနေတာဖြစ်ပြီး

    တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပြန်ပြီးခုခံတာကြောင့် မိနစ်၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ဖြစ်ခဲ့ပါသေးတယ်။

    တိုက်ခိုက်မှုအတွင်း ဂိတ်မှာရှိတဲ့ စစ်သားနဲ့ပျူစောထီး ၈ ဦး​သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောပါတယ်။

    ရွှေညောင်ပင်ဂိတ် ဝင်ရောက်တိုက်ခိုက်မှုကို Onemore စစ်ကြောင်းနဲ့ အတူ

    မြင်းခြံခရိုင် တပ်ရင်းအမှတ် (၁)၊

    MGN အညာသား တပ်ဖွဲ့၊

    ထနောင်းမြေစစ်ကြောင်း၊

    အမေ့လက်ရုံးပြောက်ကျားတပ်ဖွဲ့၊

    မိုရှည်ဒါးယမ်း ပြောက်ကျားတပ်ဖွဲ့၊

    ဇေယျာမြေပြောက်ကျားတပ်ဖွဲ့၊

    TFM ပြောက်ကျားတပ်ဖွဲ့၊

    ရေစကြိုတပ်ပေါင်းစုရေစကြိုမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့ နဲ့

    ဗိုလ်စနေ ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိအခြေအနေအရ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်နေတာနဲ့ပက်သက်ပြီးတော့လည်း “စစ်တပ်က စစ်ကြောင်းတွေထိုး ရွာတွေမီးရှို့နေတာဟုတ်ပါတယ်။

    နောက်ပြီး တော်လှန်ရေးဘက်က နယ်မြေ အကုန်ဆုတ်ခွာနေတာတော့မဟုတ်ပါဘူး။ အချို့နယ်တွေကို တော့ခွာစစ် အနေထားနဲ့ပါ” လို့ One More စစ်ကြောင်း-MGN District တာဝန်ခံက ပြောခဲ့ပါတယ်။

  • ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦး

    ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦး

    ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦးက ဖလမ်း-ဟားခါးလမ်း ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးစားနေဟုဆို

    ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လာစေဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုး ကြိုးပမ်းနေတယ်လို့ ဖလမ်းမြို့ရောက် စစ်လော်ဘီ ကျော်စိုးဦးက ပြောကြားလိုက်ပါတယ်။

    နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲံ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အထိ စစ်ကြောင်းတွေ ဆက်လက်တိုးမြှင့်သွားမှာလို့ စစ်လော်ဘီ ကျော်စိုးဦးက ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။

    အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် နယ်စပ်အားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားပါတယ်။

    နိုင်ငံတော် ပိုင်နက်ဟာ ချင်းပြည်နယ် ဖလမ်းမြို့အထိသာ ရှိနေတာမဟုတ်ဘဲ နယ်စပ်မျဉ်းအထိ ရောက်ရှိကြောင်း စစ်လော်ဘီ ကျော်စိုးဦးက ပြောပါတယ်။

    လက်ရှိမှာ ဖလမ်းနဲ့ ဟားခါးမြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လင်းလာစေဖို့ တပ်မတော်စစ်ကြောင်းတွေက အစဉ်တစိုက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

    ကျော်စိုးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီလဆန်းလောက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ အုပ်ဂူကို စော်ကားပြီး ဖြိုချပစ်ဖို့ ပြောဆိုခဲ့လို့ ၎င်းအားဖမ်းဆီးနိုင်ပါက ငွေကျပ်သိန်း ၃၀၀ ဆုချီးမြှင့်မည်ဟု ပြည်သူတဦးဖြစ်တဲ့ MC Tay Zar ကလည်း ဆုကြေးငွေထုတ်ထားပါသေးတယ်။

    စစ်ကောင်စီတပ် ဟာ ဖလမ်းမြို့ရရှိပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်းကို ပြန်လည်စိုးမိုးရေးအတွက် ဆက်လက် စစ်ကြောင်းတွေ ထိုးစစ်ဆင်နေပါတယ်။

    လက်ရှိ ဖလမ်း – ဟားခါး လမ်းပိုင်းမှာ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ အကြား တိုက်ပွဲတွေ ပြင်းထန်ဆဲဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲနဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် ဖလမ်း-ဟားခါး လမ်းပိုင်းရှိ ဒေသခံတွေဟာ ဟားခါးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

  • ဒီစာကို သမ္မတကြီး ဦးဝင်းမြင့် ဖတ်မိပါစေ…

    ဒီစာကို သမ္မတကြီး ဦးဝင်းမြင့် ဖတ်မိပါစေ…

    ဒီစာကို သမ္မတဟောင်း ဦးဝင်းမြင့် ဖတ်မိပါစေ…

    မိသားစုနဲ့အတူ ကျန်းကျန်မာမာနဲ့ အမြန်ဆုံတွေ့ခွင့် အတူနေခွင့်ရလို့ အထူးဝမ်းမြောက်မိတယ်။

    ငါးနှစ်ကျော် မတရား အကျဉ်းချ ၊ ထောင်ချခံမှုအပေါ်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။

    စကစ က ဘယ်အကြောင်းကြောင့် လွှတ်သည်ဖြစ်စေ အပြင်မှာ မိသားစုနဲ့ နေခွင့်ရတာ ထောင်ထဲမှာထက်စာရင် လက်ရှိနိုင်ငံ့အခြေအနေ၊ ပြည်သူလူထုအခြေအနေ၊ ပါတီအခြေအနေကို သုံးသပ်ဖို့ အခွင့်အရေးကောင်းတခုပါပဲ။

    လက်ရှိအခြေအနေမှာ သမ္မတငြိမ်း ဦးထင်ကျော်လို တော့ ရေငုံ နှုတ်ပိတ် နေလို့ မရတော့ဘူးလို့မြင်မိပါတယ်။

    ဦးထင်ကျော်ဟာ ပါတီ supporter၊ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ပါတီ ဥက္ကဋ္ဌ ရဲ့ အားကိုးအားထားရာ ပညာရှင်အနေနဲ့ သမ္မတ ခဏတာ သမ္မတ လုပ်ပေးခဲ့တာပါ။

    သူငြိမ်နေတာ ဘာမှ မဖြစ်ပါ။ တိုက်တွန်းဖို့လည်း မလိုပါ။

    ဦးဝင်းမြင့် ကျတော့ ဦးထင်ကျော်နဲ့ မတူပါ။

    ဒေါ်အောင်ဆန်းစုကြည် မရှိရင် ပါတီကို ပဲ့ကိုင်ရမယ့်သူ။ အများကြီးကွာတယ်။

    အာဏာအသိမ်းခံ ရစဉ်မှာ သမ္မတ ပါ။

    နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးကို စစ်တပ်က ကြက်ငှက်ဖမ်းသလို ဖမ်းခြင်းထဲ ထည့်ခဲ့တာပါ။

    ပြည်တွေ ရင်ထဲတော့ ခုထိ သမ္မတပါပဲ။

    ဒါပေသိ အရှိတရားက တော့ ဘာမှ လုပ်မရတော့ဘူး။

    အားလုံးလွန်သွားခဲ့ပြီ။

    စစ်တပ်က သူလုပ်ချင်ရာ အကုန်လုပ်သွားပြီ။

    ရွေးကောက်ပွဲ အတုလို့ပြောပြော ဘယ်သူမှ အသိအမှတ်မပြုဘူး ပြောပြော တရုတ်နဲ့ နိုင်ငံတချို့က မျက်နှာသာပေးထားတော့ နိုင်ငံတကာမှာ တရားဝင်သေးသေး တရားမဝင်းသေးသေး ခုချိန်မှာတော့ စစ်တပ်က အထိုင်နေရာက မပျက်သေးပါဘူး။

    NUG မှာလည်း သမ္မတ ခန့်ထားတာကို လက်မခံဘူးလို့ အလိုအလျောက်သိထားချက်အရ လက်ရှိ သမ္မတ မဟုတ်တော့လို့ သမ္မတ ဟောင်းလို့ပဲ သုံးလိုက်ပါတယ်။

    အဓိက သမ္မတ ထက် ပါတီမှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် အကြီးဆုံးပုဂ္ဂိုလ်ဟာ ဦးဝင်းမြင့်ပါပဲ။

    ခုချိန်မှာ အပြင်ကိုထိတွေ့ခွင့် ရတဲ့ ပါတီရဲ့ အကြီးဆုံးရာထူးရှိတဲ့ ခေါင်းဆောင် တယောက်ပါ။

    အမ ဘာမှာသွားလဲ။

    အမ သတင်းဘာကြားလဲ နဲ့ ရပ်တန့် နေရမယ့်အခြေအနေတော့ မဟုတ်ပါ။

    ဦဟန်သာမြင့်လို သူတို့ ဘာမှ မသိရဘူး ခုချိန်မှတော့ လူငယ်တွေ လုပ်ချင်ရာ လုပ်ကြပလေ့ဆိုတာမျိုး မချိတင်ခဲ လိပ်တည်းခဲလည်း မကျေနပ်ချက်တွေ ပေါက်ထွက်ပြီး တိုင်းပြည်ဘာဖြစ်ဖြစ်၊ ပါတီဘာဖြစ်ဖြစ် လုပ်လို့မရပါ။

    အနိမ့်ဆုံး ဦးဟံသာမြင့်စာတမ်းကို ပြန်ဖတ်ရမယ်။

    လက်ရှိ ပြည်သူတွေအနေအထား အမှန်သိရမယ်။

    ပြည်သူသာ အဓိက ဆိုပြီး ပြည်သူကို ပုံချ ထမင်းရေပူ လျာလွှဲ စကားမျိုးတော့ မပြောစေချင်တော့ဘူး။

    ပြည်သူက မဲလိုချင်လို့ တောင်းတဲ့အခါ သောင်းသောင်းဖျဖျ ပေးပြီးပြီ။

    ဒီခေါင်းဆောင်တွေက စစ်တပ်ကို ယှဉ်နိုင်မှာပဲ

    ဒီခေါင်းဆောင်တွေ နဲ့ ဒီပါတီကို ထောက်ခံလို့ကတော့ ငါတို့ တိုင်းပြည် အကောင်းဘက်ကို အရွေ့ဖြစ်ပြီ ဆိုပြီး ပုံအောခဲ့ကြပြီးဖြစ်တယ်။

    ပြည်သူက non violence ဆိုတာလည်းမသိဘူး။

    violence ဆိုတာလည်း မသိဘူး။

    ပါတီ မူဝါဒ ဆိုတာဘာလဲ ဆိုတာသူတို့မသိဘူး။

    ဒီခေါင်းဆောင်တွေ ချဆိုချ

    ရပ်ဆိုရပ်

    မဲပေးဆိုမဲပေး

    ဆန္ဒပြဆိုပြ

    ချကြမှာပဲ။ ခုတော့ အားလုံးရောထွေးကုန်ပြီဖြစ်တယ်။

    ၉၀ ခုနှစ် ရွေးကောက်ပွဲက စလို့ ယနေ့ ၂၀ ရွေးကောက်ပွဲ အထိ ပြည်သူက တာဝန်ကျေလွန်းတယ်။

    ခု ချိန်ဆိုရင် အဖမ်းခံဖို့ သက်သက် ငါ တို့ ခေါင်းဆောင်တွေကို မဲ ပေးခဲ့ လိုက်ကြသလား စဉ်းစားနေရော့မယ်။

    တိုင်းပြည်ခေါင်းဆောင်က အဲလိုတော့ မဟုတ်ဘူးမြင်မိတယ်။

    ပါတီမူဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို တကယ်လုပ်ခဲ့ကြရဲ့လား…

    ဒါကိုပြန်စဉ်းစားကြရမယ်

    စစ်တပ်က အာဏာသိမ်းမှာကြို သိရက်နဲ့ ပါတီ အရေးပေါ်အစည်းအဝေး လုပ်ခဲ့ကြရဲ့လား…

    ဥပဒေ ကြောင်းအရငါတို့မှန်တယ်…သိမ်းချင်ရင် သိမ်းကွာလို့… ဆုံးဖြတ်ခဲ့ ကြရင်ကော..

    ပါတီက အခြားသူတွေကို plan B, plan C ဘာတွေများ မှာကြားခဲ့ကြသလဲ..

    ခု မြေပြင်မှာ ဖြစ်နေတဲ့ အဖွဲ့ အစည်းတွေဟာ ပါတီက ပလန်တွေ အတိုင်း ဖြစ်လာခဲ့တာလား…

    ဖြစ်ချင်ရာ ဖြစ်ကြကွာ…လူထုက မနေဘူး…

    ပြည်သူက သာအဓိက ပဲ ဆိုပြီး ပုံချခဲ့ကြသလား…

    ပြည်သူသာ အဓိက ဆိုရင် ပါတီတွေလည်း မလိုဘူး ခေါင်းဆောင်လည်း မလိုဘူး

    ပြည်သူတွေ သူတို လုပ်ချင်ရာ လုပ်ကြပါလိမ့်မယ်…

    နိုင်ငံရေး လုပ်မယ်ဆိုရင်တော့ နိုင်ငံရေး ဦးဆောင်မှု ဆိုတာ လိုအပ်ပါတယ်…

    အဲဒါ ခေါင်းဆောင်မှု၊ မူဝါဒနဲ့၊ စီမံခန့်ခွဲမှုပဲဖြစ်တယ်။

    ခေါင်းဆောင်မှု နေရာမှာ ငါ ခုထိ ငါးပါးသီလ လုံတယ်ကွ လို့ ကြွေးကြော်လို့ရတယ်၊

    မူဝါဒ ဆိုတာ မယိုင်မလဲ တသတ်မှတ်ထဲ သွားရတယ်၊

    စီမံ ခန်ခွဲမှု ဆိုတာ ဘာ မဖြစ်ရင် ဘယ်လို ဖြေရှင်းမယ် ၊

    ဘယ်လို ရင်ဆိုင်မယ် ဆိုတာ plan a b c အခါတည်း လုပ်ထားမှ ရမယ်။

    နိုင်ငံရေးလုပ်တာ ငါးပါးသီလ လုံရုံလောက်နဲ့ တော့ တိုင်းပြည်မပြောင်းလဲဘူး။

    ဒါ ဆယ်လီ စကားတွေ။

    အဲလိုကြေးဆို ပါမေက္ခချုပ် ဆရာတော် သမ္မတ တက်လုပ်လို့ရနေပြီဖြစ်မှာပေါ့။

    နိုင်ငံ့ ခေါင်းဆောင်ကျတော့ ကိုယ်ကျင့်တရားလည်းလိုတယ်၊ နိုင်ငံရေးအမြင်လည်းလိုတယ်၊

    အရေးပေါ်အခြေအနေမှာ လူထုကို ဘယ်လို လမ်းပြရမလဲ ဆိုတဲ့ အမြော်အမြင်လည်း လိုတယ်။

    လူအများကြိုက်ချင်မှ ကြိုက်နိုင်ပေမယ့်။

    လူအများကောင်းဖို့ အတွက် ရင်းကြရတာ နိုင်ငံရေးသမား ကောင်းတွေပါပဲ။

    နိုင်ငံရေးကို စိတ်မကုန်ဘူး ပြန်လုပ်ချင်သေးတယ်ဆိုရင် ပြည်သူလူထုအတွက် အသံ ထွက်ပေးဖို့လိုပါတယ်။

    အောင်နိုင်ချိန်မှာ မာရည်ကြောရည်ပြောနိုင်တာထက်…

    ပြည်သူရော ပါတီရော နိုင်ငံရော စုန်းစုန်းမြုပ်တော့မယ့် အခြေအနေမှာ လမ်းပြနိုင်တာက ခေါင်းဆောင်ကောင်းပါ…

    ဆုံးဖြတ်ချက်မှားတယ် မှန်တယ်ဆိုတာ လူတွေ ဘယ်လောက် ဒုက္ခရောက်ကုန်ပြီလည်း နဲ့ တိုင်းတာကြည့်ပါ…

    ပြည်သူသာ အဓိက ဆိုရင်တော့ ပါတီ မထောင်တော့နဲ့ ခေါင်းဆောင်မလုပ်တော့နဲ့… အရွေးမခံတော့နဲ့…

    နိုင်ငံရေးမလုပ်တော့နဲ့… ပြည်သူတွေ သူတို့ဘာသာလုပ်ပလေ့စေ… ပစ်ထားလိုက်ပါ…

    အဲ တော့ ငါ့ကို သတ်ချင်သတ် လက်မှတ်ထိုးမပေးနိုင်ဘူး…ဆိုတာ…

    အကျိုးဆက်မှာ…ဘာပြီးရင် ဘာလုပ်ရမယ်လို့…

    ကျော်ထွေးတို့..ဖြူဖြူသင်းတို့ကို မှာကြားခဲ့ပြီးလို့လား…

    ဒါမှ မဟုတ်…ဘာမှ ပြောစရာ မရှိလို့…လုပ်စရာမရှိလို့ နာကြည်းလို့ ခံပြင်းလို့… ပြောလိုက်တာလား…

    ခု ကရော… NUG ရဲ့ သမ္မတလား.. ပါတီရဲ့ ဒုဥက္ကဋ္ဌ ၁ ပဲ လား…

    ဘာပဲဖြစ်ဖြစ်ကျန်းမာပါစေ။

    နိုင်ငံရေး ခေါင်းဆောင်လုပ်မယ်ဆိုရင်တော့ သိပ်တာဝန်မဲ့လွန်းတဲ့ စကားမျိုးတွေ မပြောသင့်ဘူး…

    အဲဒါ လူထုကို

    နှစ်ပြန်ကြော် ကြော်တာနဲ့ အတူတူပဲ…

    နှစ်ပြန်ကြော်ဟာ…

    စားတဲ့သူကသား စားကောင်းတာ

    လူထုက ဒယ်အိုးပူ နှစ်ခါမိတယ်…။

    U Kyaw Myint Oo