📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရဲဝင်းဦး ငိုချင်းချ

တပ်ချုပ်သစ်ရဲဝင်းဦးလက်ထက် Mi-17 ရဟတ်ယာဉ် ပထမဆုံးအကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခံရမှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ ပျက်စီးသွားသော ရဟတ် ယာဉ်ကို ပြန်လည် သယ်ယူမည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာတွင် စစ်ကူလာပို့သော Mi-17 ရဟတ်ယာဉ်ကို တော် လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးလိုက်မှုအတွက် လုံခြုံရေးပေါ့ လျော့မှု၊ သတင်းပေါက်ကြားမှုများ စိစစ်ရန် စစ်တပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ Mi-17 ရဟတ်ယာဉ် တိုက်ခိုက်ဖျက်ဆီးခံရမှုမှာ ယခုနှစ် မတ်လ ၃၀ ရက်နေ့ တပ်ချုပ်သစ် ဖြစ်လာသော အကြမ်းဖက် ရဲဝင်းဦးလက်ထက်တွင် စစ်တပ်၏ ရဟတ်ယာဉ်ကို ပထဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းလည်းဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူ လာပို့သော အကြမ်းဖက် စစ်တပ် ၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီး ကို တော် လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်တွင် လိုက်ပါသော ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုးမှာ ဒရုန်းဗုံးပေါက်ကွဲစဉ် ရရှိသော ဒဏ်ရာဖြင့် ပွဲ ချင်းပြီး သေဆုံးခဲ့ကာ အခြားစစ်သားများမှာလည်းဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်သော စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

“ရဟတ်ယာဉ် တိုက်ခိုက်ခံရတာက လုံခြုံရေးပေါ့လျော့မှု၊ သတင်းပေါက်ကြားမှုကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြီးတော့ လပခ ဒုတိုင်းမှူး ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ကို နေပြည်တော်စစ်ရုံးက ဖွဲ့စည်းတယ်။ နောက်ပြီး ရဟတ်ယာဉ်ကို ပြန်သယ်ဖို့ ရှိတယ်။ ပြင်ပြီး ပျံသန်းမလား၊ ပြင်မရရင်တော့ ကုန်းကြောင်းက သယ်မလား အဲဒါကတော့ တပ်မတော်(လေ)ဘက်က အဆုံးအဖြတ်ပေးမှာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် စစ်တပ်က မြိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်းများ ထပ်မံထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း နေ့/ည မပြတ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ရုရှားထံမှ ဝယ်ယူနေသော Mi-17 ရဟတ်ယာဉ်များမှာ တစ်စီးလျှင် အနည်း ဆုံး အမေရိကန်ဒေါ်လာ ၈ သန်းမှ အမြင့်ဆုံး ဒေါ်လာ ၁၈ သန်းကျော်အထိ ပေါက်စျေးရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်ကျခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခံရခြင်း နှင့် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းများအပါအဝင် စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း ၁၃ စီးထက်မနည်း ထိမှန်ပျက်စီး ဆုံးရှုံးထားပြီဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ စစ်ကောင်စီရဟတ်ယာဉ် ၁ စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချနိုင်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းပစ်ခတ်မှုများ ပိုမိုအားကောင်းလာခဲ့ရာ ဇန်နဝါရီ ၃ ရက်တွင် ဝိုင်းမော်မြို့နယ် နားဖော့စခန်းအနီး၌ စစ်ကောင်စီ၏ Mi-17 ထောက်ပို့ရဟတ်ယာဉ် ၁ စီးကိုလည်းကောင်း၊ ဇန်နဝါရီ ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တရုတ်လုပ် FTC-2000G တိုက်လေယာဉ် ၁ စီးကိုလည်းကောင်း KIA က ထပ်မံပစ်ချခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၂၉ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်၌ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက Eurocopter AS 365 Dauphin ရဟတ်ယာဉ် (၁) စီးကို ပစ်ချခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့အနီးသို့ စစ်ကူလာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးအနက် Mi-17 ရဟတ်ယာဉ် ၂ စီးကို KIA က ပစ်ခတ်ခဲ့ရာ တစ်စီးမှာ တောတွင်းသို့ ပျက်ကျသွားပြီး ကျန်တစ်စီးမှာ အရေးပေါ်ဆင်းသက်စဉ် ထပ်မံဖျက်ဆီးခြင်း ခံခဲ့ရသည်။

အလားတူ ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း ပုလဲမြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ကောင်စီ၏ တရုတ်လုပ် F-7 တိုက်လေယာဉ် ၁ စီးကို အောင်မြင်စွာ ပစ်ချဖျက်ဆီးနိုင်ခဲ့သည်။

ယခုနောက်ဆုံး မြိုင်မြို့နယ်တွင် Mi-17 ရဟတ်ယာဉ်ကို ပစ်ခတ်ဖျက်ဆီးနိုင်မှုမှာ တော်လှန်ရေးတပ်များက စစ်တပ်၏ ရဟတ်ယာဉ်များကို ပစ်ခတ်ဖျက်ဆီးနိုင်သော နောက်ဆုံး ဖြစ်စဉ်လည်းဖြစ်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်