Author: Baby Yit Lone
-

အရှေ့အလယ်ပိုင်းသို့ စစ်သင်္ဘော ၃ စင်းနှင့် စစ်သား ထောင်ချီ အမေရိကန် စေလွှတ်မည်
ဟော်မုဇ်ရေလက်ကြားကို “ဖွင့်လှစ်ပေးရေး” ၌ ကူညီခြင်း မရှိတဲ့ နေတိုးမဟာမိတ်တွေကို “သူရဲဘောကြောင်သူတွေ” ဟု ပြောထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘောသုံးစင်းနဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထပ်မံ စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။ အီရန်အစိုးရအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့် ပေးလာအောင် ဖိအားပေးရန် အီရန်၏ မဟာဗျူဟာ အရေးပါသော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ခြင်း သို့မဟုတ် ပိတ်ဆို့ရန် အစီအစဉ်ကို အမေရိကန်က စဉ်းစားနေကြောင်းလည်း သိရသည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ စစ်ဗိုလ်ချုပ်များကို ကမ္ဘာလှည့်ခရီးသွားနေရာများ အပါအဝင် ကမ္ဘာ့ မည်သုည့်နေရာမှာမဆို လိုက်လံ “ရှင်းလင်း” မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။ “အခုအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ကမ်းခြေတွေနဲ့ ဖျော်ဖြေရေးစင်တာတွေဟာ…
-

နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး
နေပြည်တော်က ဗိုလ်ချုပ်သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲက လျှို့ဝှက်ဆေးပါတီတွေပေါ့။ စစ်ဗိုလ်ချုပ်တွေကလည်း သူတို့သားသမီးတွေ ရန်ကုန်မန္တလေးမှာဆိုရင် UG နဲ့တိုးမှာစိုးလို့ နေပြည်တော်မှာပဲ ကဲချင်တိုင်းပေးကဲထားရတဲ့ အနေအထားမျိုးပဲ။ ဒီနေရာမှာပဲ ယုန်လေးရဲ့အခန်းကဏ္ဍကရောက်လာတာပဲ။ အောက်ကစာကတော့ ကူးလာတာပါ။ သူက ကျွန်မလို့ရေးထားတာကို ကျုပ်လို့ပြင်ထားတာကလွဲရင် ကျန်တာသူ့အတိုင်းပါပဲ။ ယုန်သခေါရဲ့နောက်ထပ်အလုပ်က တက်သစ်စတွေကို နိုင်ငံရေးအမှုမျိုးတွေနဲ့ အကျပ်ကိုင်ပြီး ၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်တွေမက်လုံးပေးပြီး ဗိုလ်ချုပ်သားတွေနဲ့ ပါတီဆင်နွှဲဖို့ ခေါ်ပေးရတာမျိုးပေါ့။ Miss တွေကိုဆိုရင်လည်း မအလရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါသွားတဲ့စစ်ခွေးတွေနဲ့လုပ်ငန်းရှင်တွေကို အသုံးတော်ခံဖို့ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ်။ အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးပါပဲ။ မြန်မာပြည်မှာ ဂျက်ဖရီအပ်စတိန်းတွေ အများကြီး အဲ့အထဲကမှကျုပ်သိရသလောက်ပြောပြရရင်ယုန်လေးကအဆိုးဆုံးပဲ ။ သူတို့အနုပညာလောကကသူတွေpharချတာတွေ မင်းသမီးမော်ဒယ်တွေခရိုနီတွေစစ်တပ်အကြီးအကဲတွေနဲ့ ဆက်သွယ်ပေးတာတွေ ရန်ကုန်ကခြံဝင်းကြီးတစ်ခုထဲမှာ ပါတီဆိုပြီး အကုန်စုပြီးဆေးဝါးတွေချ ဆိုးရွားတဲ့ Sex ကိစ္စတွေပြုကြ အကုန်လုံးကိုဒီကောင်ကပဲစီမံပေးတာ။ အဲ့အထဲမှာအသက်မပြည့်သေးတဲ့ကလေးမတွေလည်းပါတယ်လို့သိရတယ် ။ သူ့လက်အောက်မှာ…
-

ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး
မန္တလေးဒေသ၊ ညောင်ဦးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၄ ဖွဲ့က ပုဂံညောင်ဦး LOCAL တပ်ပေါင်းစုကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မတ်လ ၁၉ ရက်မှ စတင်ကာ 21 BAGAN PEOLPLE DEFENSE FORCE ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ GARUDA SECRET FORCE (ပုဂံ/ဂဠုန်တပ်) နှင့် TIGER WARRIOR FORCE တို့က ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။ လက်ရှိအချိန်မှာ ပုဂံညောင်ဦး ဒေသမှာ အကြမ်းဖက်စစ်တပ်က ယင်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်းကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်၊ မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့…
-

ဖခင်ဖြစ်သူမှ သားသမီး ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်
ငွေကြေးအခက်အခဲကြောင့် ဖခင် မိမိကိုယ်ကိုသတ်သေမှု၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုတွင် မိသားစုဝင်တစ်ဦး ပါဝင်ပတ်သက်နေ အသက် ၃၀ ကျော်အရွယ် ဖခင်တစ်ဦးနှင့် ၎င်း၏ ကလေးငယ်လေးဦးကို Ulsan၊ Ulju ကောင်တီရှိ ဗီလာတစ်ခုတွင် သေဆုံးလျက်တွေ့ရှိခဲ့ရပြီး မိသားစုသည် မကြာသေးမီက ငွေကြေးအခက်အခဲများနှင့် ရုန်းကန်နေရကြောင်း သတင်းများက အတည်ပြုထားသည်။ Ulju ကောင်တီနှင့် Ulju ရဲစခန်း၏ အဆိုအရ ၁၉ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် မစ္စတာ A (အသက် ၃၄ နှစ်) နှင့် ၎င်း၏ အရွယ်မရောက်သေးသော ကလေးလေးဦး၏ အလောင်းများကို Ulju ကောင်တီ၊ Onsan-eup ရှိ ဗီလာတစ်ခုတွင် ၁၈ ရက်နေ့ ညနေ ၄:၄၈ နာရီခန့်တွင် တွေ့ရှိခဲ့သည်။…
-

ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောငး သိရှိရသည်။ “ရပ်ကွက်…