Author: Baby Yit Lone

  • တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်

    ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်တွင် စတင်မည် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ်လ ၂၂ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု…

  • နေပြည်တော်အဝင်ဂိတ်မှာ  အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင်ဂိတ်မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်

    နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်၊စစ်အုပ်စုဝင်၇ဦး ထိခိုက်ဟုဆို နေပြည်တော်ကောင်စီနယ်မြေ အဝင် ၊ရေနီမြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး ဂိတ်ကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၇ ဦး ထိခိုက်မှုရှိကြောင်း သိရသည်။ မတ်လ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် နေပြည်တော် ကောင်စီနယ်မြေအဝင်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်ရှိ အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို Anti Jamming FPV(လှိုင်းဖြတ်စက်များ ကျော် ဖြတ်နိုင်သည့်ဒရုန်း) ဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က Jammer(လှိုင်း ဖြတ်စက်) များ၊ Spoofer(လှိုင်း ၊ အချက်အလက်များ အတု‌ထုတ်လွှင့်စက်) များအပြင် လက်နက် ငယ် များနှင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်အား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က…

  • ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

    ဇီးကုန်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဇီးကုန်းနယ်ထိန်းရဲခေါင်းဆောင် သက်မောင်မောင်နှင့်ပျူခေါင်းဆောင် ရဲမင်းအောင်တို့ သေဆုံး ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်မှ စစ်ကြောင်းထွက်လာသော ဆိုင်ကယ် ၁၂ စီးပါ စစ်တပ်စစ်ကြောင်းကို ဘဲအင်းလမ်းဆုံတွင် တော် လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး၊…

  • အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်း

    အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်း

    စစ်ကော်မရှင်က PDF ရာနှင့်ချီ အလင်းဝင်သည်ဟု ဝါဒဖြန့်ရန် စီစဉ်ထားသော်လည်း အရှက်ကွဲသွား၍ ခေတ္တရပ်ဆိုင်းထား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) များအပါအဝင် တအာင်းတပ် (TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များပါ အလင်းဝင်လာသည်ဟု အလွန်အကျွံ ဝါဒဖြန့်ခဲ့ရာတွင် အမှားအယွင်းများစွာ ပေါ်ပေါက်ပြီး အရှက်ကွဲခဲ့ရသဖြင့် နောက်ထပ် အလင်းဝင်ပွဲ အစီအစဉ်များကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။ စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲအတု လွှတ်တော် (ရွေးတုလွှတ်တော်) ခေါ်ယူမည့်အချိန်နှင့် တိုက်ဆိုင်ပြီး စစ်တိုင်းဌာနချုပ်အသီးသီးတွင် တော်လှန်ရေးအဖွဲ့များ အလင်းဝင်လာသည့် သတင်းများ ဆက်တိုက်ထုတ်ပြန်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝါဒဖြန့်မှုများမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲကာ အရှက်ကွဲခဲ့သည့်အတွက် ထုတ်ပြန်ရန် စီစဉ်ထားမှုများကို ပြန်လည်စိစစ်နေကြောင်း တပ်သတင်းရင်းမြစ်များက ဆိုသည်။ “PDF တပ်ဖွဲ့ဝင်…

  • ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်မပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု ထရမ့် ခြိမ်းခြောက်

    ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်မပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု ထရမ့် ခြိမ်းခြောက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “ချေမှုန်းပစ်မည်” ဟု စနေနေ့ (မတ်လ ၂၁ ရက်) တွင် ခြိမ်းခြောက်ပြောကြားလိုက်ပြီး စစ်ပွဲအရှိန် “လျှော့ချတော့မည်” ဟု ပြောကြားခဲ့ပြီး တရက်အကြာတွင်ပင် စစ်ရေးအခြေအနေကို ရုတ်တရက် အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ “အီရန်အနေနဲ့ အခုအချိန်ကစပြီး ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်မှုကင်းကင်းနဲ့ အပြည့်အဝ ပြန်ဖွင့်မပေးဘူးဆိုရင် အမေရိကန်ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးကို အကြီးဆုံးတခုကနေ စပြီးတော့ တိုက်ခိုက်ချေမှုန်းပစ်မှာ ဖြစ်ပါတယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အီရန်၏ တိုက်ခိုက်မှုတခုကြောင့် အစ္စရေး၏ နျူကလီးယားစခန်းနှင့် မလှမ်းမကမ်းတွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးနောက် အီရန်တပ်ဖွဲ့များသည် အရှေ့အလယ်ပိုင်းဒေသကို…