Author: Baby Yit Lone
-

ထိုင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်း
မြန်မာလုပ်သားများ အလုပ်ထုတ်ခံရမှု မြင့်တက်နေ ထိုင်းနိုင်ငံအတွင်း စီးပွားရေးကျဆင်းမှုနှင့် စက်သုံးဆီပြဿနာများကြောင့် ယခုမတ်လအတွင်း မြန်မာ အလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်းခြင်းနှင့် လူဦးရေ လျော့ချခြင်းများ ပြုလုပ်နေသဖြင့် မြန်မာလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ လက်ရှိတွင် အလုပ်သမားဦးရေ လျော့ချခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူ မြန်မာလုပ်သား အရေအတွက်မှာ ယခုရက်ပိုင်းအတွင်း၌ပင် ၂၀၀ နီးပါး ရှိလာကြောင်း မဟာမိတ်အဖွဲ့ (MHAC) ထံမှ သိရသည်။ အချို့စက်ရုံများမှာ လုပ်သားများကို လုပ်အားခမပေးဘဲ ပိတ်သိမ်းသွားမှုများလည်း ရှိနေသည်။ “လက်ရှိထိုင်းနိုင်ငံထဲမှာ စက်သုံးဆီဂယက်ပဲပြောရမလား ထိုင်းစီးပွားရေးကျတယ်ပဲပြောရမလား ။ ထိုင်းစီးပွားရေးကျတာအပြင် နောက်တစ်ချက်က ထိုင်းလူမျိုးတွေကို နာမည်ခံခိုင်းထားပြီး အပြင်က လာလုပ်တဲ့ တရုတ်လုပ်ငန်းရှင်တွေ များလာတယ်။ အဲ့ဒီစက်ရုံတွေကို…
-

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်
ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန် ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်သွားကြောင်း သိရှိရသည်။ ယနေ့ မွန်းလွဲပိုင်း ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်မှတ်တိုင်အနီး စက်သုံးဆီအရောင်းဆိုင်တွင် အငှားယာဉ်ဖြင့် တေးသံရှင် ပက်ထရစ်တင်ထွန်း (ခေါ်) ဦးတင်ထွန်းက ဝင်ရောက်တန်းစီခဲ့ကြောင်း၊ ယင်းနောက် ဆီတန်းစီရင်း သတိလစ်သွားရာ ဆေးရုံသို့ ပို့ဆောင်နေစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ “သူကြည့်ရတာ သွေးတိုးရှိတယ်ထင်တယ်။ နေကလည်း တအားပူတယ်။ ဆေး ရုံပို့မယ့်အချိန်မှာပဲ ယာဉ်မောင်း ဆုံးသွားပြီ။” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရသူ ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။ သေဆုံးသူ တေးသံရှင်…
-

ကိုစန်းယုရဲ့ အခြေအနေ
ကိုစန်းယုရဲ့ အခြေအနေ ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ကိုစန်းယု ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရပြီးနောက် ညနေ ၆ နာရီခန့်မှာ စက်ရုံရှိ မြန်မာလုပ်သားများက အကိုကြီး ကျနော်တို့ကို ဆေးရုံ လိုက်လာပါပြောလာတယ်၊ အကိုကြီး အားရင် ဆေးရုံကို လိုက်လာပေးပါလားလို့ ပြောလာတာနဲ့ ကျနော်လည်း ဟွာဆောင်မှာ မြန်မာလုပ်သား တဦးရဲ့ ကိစ္စတခုကို ကူညီပေးပြီး ဆေးရုံကို လိုက်သွားခဲ့ပါတယ်။ ဆေးရုံမှာ ရောက်နေတဲ့ စက်ရုံ တာဝန်ရှိသူနဲ့ စကားအသေအခြာ ပြောကြည့်လိုက်တော့မှ ခုနက လက်ထောက် ဆရာဝန်က ပြောလာကြောင်း၊ ကိုစန်းယုက အသက်ပြန် မရှင်နိုင်ကြောင်း အခု အောက်ဆီဂျင်ပေးထားပြီး အသက်ဆက်ထားကြောင်း နက်ဖြန် ဆရာဝန်ကြီးနဲ့…
-

ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ
ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ၍ လမ်းသွားလမ်းလာအပါအဝင် နှစ်ဦးထိခိုက်သွား ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်းတွင် အထပ်မြင့်တိုက်တစ်တိုက်၏ အင်္ဂတေအမိုးပြားပြိုကျရာမှ လမ်းသွားလမ်းလာအပါအဝင် လူနှစ်ဦး ထိခိုက်မိခဲ့သည့်ဖြစ်ရပ်တစ်ခု ယနေ့(မတ်လ ၂၅ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ အဆိုပါ အမိုးအင်္ဂတေပြိုကျသောတိုက်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းအပေါ်ဘက်ခြမ်းတွင်ရှိပြီး မြေညီထပ်တွင်ဖွင့်လှစ်ထားသော ကြက်ကင်ဆိုင်၏ အင်္ဂတေအမိုးအစွန်းပြား ပြိုကျခြင်းလည်းဖြစ်သည်။ ထိုဖြစ်ပွားမှုကြောင့် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးနှင့် ယင်းအနီးမှ ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပတ်ဝန်းကျင်ရှိသူများက ဒဏ်ရာရသူများကို တက္ကစီဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ကူညီပေးခဲ့ကြကြောင်း၊ ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ လင်းလက်လူမှုကူညီရေးအသင်း၊ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ ပါလေရာပရဟိတအသင်း စသည့် အသင်းအဖွဲ့များမှလည်း သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။ Photo – လင်းလက်လူမှုကူညီရေးအသင်း
-

ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း
မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံနေရာအများစု ပျက်စီး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း မီးသတ်အဖွဲ့များနှင့် မီးငြှိမ်းသတ်ရေး ကူညီခဲ့သော ပရဟိတအဖွဲ့တချို့ထံမှ သိရှိရသည်။ ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (C1, C2)၊ မြေဧရိယာ (၃၆၆၂၂.၈၈) စတုရန်းမီတာပေါ်ရှိ Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံမှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊…