Author: Baby Yit Lone

  • သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်

    သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်

    စစ်တပ်က သေနတ်လည်းကိုင်မယ် လွတ်တော်လည်းတက်မယ် အစိုးရလည်းလုပ်မယ် ဥပဒေလည်းပြုမယ် သယံဇာတလည်းရောင်းမယ် စီးပွာရေးလည်းလုပ်မယ်။ တကယ်တော့ မင်းအောင်လှိုင် စစ်တပ်ကိုယ်တိုင်က ပြည်သူအားလုံး မဖြစ်မနေ တော်လှန်ရေးထဲ ပါ၀င်လာအောင် စည်းရုံးနှိုးဆော်ပေးနေတာ အကြိမ်းကြိမ်အခါခါပါပဲ ၊ ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူကို ခေတ်ပြောင်းအောင် ခေါင်းတည့်တည့် ပစ်ခဲ့ကြတယ် ၊ ဒီရက်စက်မှု ကြောင့်ပဲလူငယ်တွေ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ချက်ခိုင်မာအောင် စစ်တပ်က တွန်းပို့ပေးလိုက်တာပဲ ၊ လူထုတော်လှန်ရေးကို တန်ပြန်တော်လှန်ဖို့ စစ်တပ်က ပျူစောထီ ပြည်သူစစ်ဖွဲ့တယ် အဲဒါက မဘသ ဘုန်းကြီးတွေနဲ့ စစ်တပ်ဘောမ ကြံဖွတ်တွေပဲလုပ်ကြတာ ကျေးရွာနေပြည်သူတွေအပေါ် အကြမ်းဖက်မှု အနိုင်ကျင့်မှု ရွာလုံးကျွတ် မီးရှို့ဖျက်စီတာတွေ လုပ်ကြတယ် တော်လှန်ရေးပြည်သူတွေက နာကျည်းချက်များ လာလေလေ တော်လှန်ရေးပိုပိုတိုး အားစိုက်တော်လှန်လာလေပဲ ၊ ကျေးရွာတွေမှာ အဲဒီလို…

  • ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု အဆောက်အဦများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စာသင်ကျောင်းသည် ၅ ရက်ကျောင်းပိတ်ထားသည့် အတွက် ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်မှုရှိကြောင်း သိရသည်။ “ဆူးလေကုန်းရွာက စာသင်ကျောင်းနဲ့…

  • ကသာမြို့ရဲ့ မြင်ရက်စရာမရှိသော အနိဋ္ဌာရုံများ

    ကသာမြို့ရဲ့ မြင်ရက်စရာမရှိသော အနိဋ္ဌာရုံများ

    ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေ၊ မီးလောင်ကျွမ်းပြီး အလောင်းပင် ပြန်မရတော့သူများလည်း အမြောက်အမြားရှိနေ စစ်ကိုင်းတိုင်း၊ ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေပြီး မီးလောင်ကျွမ်း၍ အလောင်းပင် ပြန်မရတော့သူများ အမြောက်အမြားရှိနေကြောင်း ကသာမြို့နယ်အခြေစိုက် စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊…

  • စစ်ပွဲကို ‘ချက်ချင်း’ အဆုံးသတ်နိုင်သော်လည်း အီရန်’နာလန်မထူနိုင်အောင်’ ဆက်တိုက်သွားမည်ဟု ထရမ့် ပြော

    စစ်ပွဲကို ‘ချက်ချင်း’ အဆုံးသတ်နိုင်သော်လည်း အီရန်’နာလန်မထူနိုင်အောင်’ ဆက်တိုက်သွားမည်ဟု ထရမ့် ပြော

    အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများကို ‘ယခုချက်ချင်း’ အဆုံးသတ်နိုင်သလို၊ အီရန်၏ စစ်ဘက် ဆိုင်ရာစွမ်းဆောင်ရည်များကို ဆယ်စုနှစ်တခုအတွင်း ပြန်လည်တည်ဆောက်နိုင်စွမ်းမရှိအောင် အမေရိ ကန်က လုပ်ဆောင်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားလိုက်သည်။ သို့သော် ယင်းမှာ “လက်ခံနိုင်ဖွယ်ရှိသော အခြေအနေမျိုး မဟုတ်ကြောင်း” ဒေါ်နယ်ထရမ့်က အမ်အက်စ်နောင်းသတင်းဌာနမှ စတီဖနီ ရူးလ်နှင့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အချိန်၁၅ မိနစ်ခန့်ကြာမြင့်သည့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ထရမ့်က “ကျွန်တော်တို့ အခုချက်ချင်း ထွက်ခွာသွားမယ်ဆိုရင်တောင် အီရန်က ပြန်လည်တည်ဆောက်ဖို့ အနည်းဆုံး ၁၀ နှစ် ကြာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကလည်း ပြန်လည်တည်ဆောက်ကြမှာပဲ” ဟု ဆိုသည်။ “ကျွန်တော်တို့ အဲဒီမှာ ကြာကြာနေမယ်ဆိုရင်တော့ သူတို့ ဘယ်တော့မှ ပြန်မတည်ဆောက်နိုင်တော့ ဘူး”…

  • ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ

    ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ

    ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဒါဇင်ကျော် သေဆုံး ‎ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တပ်အပြောင်းအလဲများ ပြုလုပ်၍ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှစ်ခု နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရသဖြင့် နှစ်ဒါဇင်ကျော် သေဆုံးကာ အထိနာသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့တွင် မင်းပြင်နှင့် သိုင်းချောင်ကျေးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ကလည်း အဆိုပါကျေးရွာများအနီးမှာပင် တိုက်ခိုက်ခံရသဖြင့် တပ်ပျက်ကာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ ‎”ကျောက်ဖြူမြို့ရဲ့ တောင်ဘက် နေရာအစုံမှာ…