Author: Baby Yit Lone
-

-

-

-

နောင်ချိုပြန်ရရန် စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းဖြင့်ထိုးစစ်ဆင်
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာမှာ စစ်ကြောင်းတကြောင်းက လက်ရှိမှာ ရွှေမုဌောကို ကျော်သွားပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဇွန် ၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေအကြား တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်တာမရှိပေမဲ့ ပစ်ခတ်မှုတချို့ကတော့ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “နေ့လယ်အထိတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်မရှိဘူး။ ပစ်ခတ်သံတချို့တော့ ကြားရတာတော့ရှိပါတယ်။ သူတို့ ရွှေမုဌောကိုတော့ ကျော်ပြီ။” ရွှေမုဌောကျေးရွာကို ကျော်ရင်တော့ ကံကြီးကို ရောက်မှာဖြစ်ပြီး အဲဒီမှာတော့ TNLAရော ဓနုတပ်တွေပါရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အင်အားများတယ်လို့ ကံကြီးကို ကျော်နိုင်ဖို့ မလွယ်ဘူးလို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ စစ်ကောင်စီတရပ်ရဲ့ စစ်ကြောင်းနောက်တကြောင်းးကတော့ နောင်လင်ဘက်ကနေ နောင်ချိုကို…