Author: Baby Yit Lone
-
လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းရန် စစ်ခေါင်းဆောင် ညွှန်ကြား
လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ စီးနင်းမှုကြောင့် နိုင်ငံတော်အခွန်အခတွေ နစ်နာသလို လုံခြုံရေးကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်နေတဲ့အတွက် ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။ မေ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနဲ့ အရပ်ဘက်ဝန်ကြီးဌာနတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကြောင့် နိုင်ငံတော်အခွန်အခ အများကြီးနစ်နာတယ်။ လုံခြုံရေးအတွက် အခက်အခဲရှိတယ်။ ဒါကြောင့် လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရမယ်။ လိုင်စင်နံပါတ်အတုနဲ့ လိုင်စင်အတု လုပ်တဲ့သူတွေကိုလည်း အရေးယူရမယ်” လို့ ပြောဆိုခဲ့တာပါ။ ဒီလိုဖမ်းဆီးရာမှာ အဂတိတရားကင်းဖို့ လိုအပ်ပြီး ပြည်သူလူထုက ယုံကြည်ရတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်သွားဖို့နဲ့ လိုအပ်တဲ့ နေထိုင်စားသောက်ရေးကို နိုင်ငံတော်က ပံ့ပိုးမယ်လို့ ပြောပါတယ်။…
-

-

ဖားကန့်ဒေသ တံတားညီနောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ
ဖားကန့်ဒေသ တံတားညီနောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ ဗန်းမော်တိုက်ပွဲ ပြန်ငြိမ်နေဟုဆို
-

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်
ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး
-
