Author: Baby Yit Lone

  • ကိုးရီးယားမှာရောက်နေတဲ့ ဒီလူငယ်အတွက် မိဘများမြင်တွေ့နိုင်စေရန်

    ကိုးရီးယားမှာရောက်နေတဲ့ ဒီလူငယ်အတွက် မိဘများမြင်တွေ့နိုင်စေရန်

    မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်

    မြင်းတဲကြီးကျေးရွာနေ ဦးဆန်းမင်း၊ဒေါ်မင်းမင်းဌေး

    တို့၏သား မောင်ကျော်သက် ၂၆နှစ်သည် ကိုးရီးယားတွင်

    အလုပ်လက်မဲ့ဖြစ်ပြီး အရက်စွဲ ဘဝပျက်ကာ

    ရဲဖမ်းခံခဲ့ရသည်။ ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံသား

    အချင်းချင်း အစ်ကိုတစ်ယောက်က ရဲစခန်းက ထုတ်လာပြီး

    နေစရာ စားစရာ ပေးထားပြီး ဆေးပါ ကုသပေး‌နေချိန်မှာ

    ယခုပုံမှာ မြင့်တွေ့ရသည့်အတိုင်း စားသောက်ဆိုင်တွင်

    လာရောက်စားသောက်ကြတဲ့ ဧည့်သည်တွေဆီက

    အရက်တောင်းတောင်းသောက်ပြီး ဆိုင်ထဲမှာ မူးပြီး

    ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည်။

    ကူညီပေးထားတဲ့ အစ်ကို၏ပြောစကားအရ သူ့ရဲ့

    အဆောင်မှာခေါ်ထားပြီး နေစရာစားစရာ စီစဉ်ပေးထား

    သည့်အပြင် ကျန်းမာရေးမကောင်းလို့ ဆေးပါကုသပေး

    ထားပါတယ်။ အရက်ဖျက်လိုက်ရင်လည်း ကျန်းမာရေးက

    ပိုပြီးဆိုးသွားမှာ စိုးရိမ်သည့်အတွက် ညနေဘက်မှာ

    တစ်လုံးပုံမှန် ပေးတိုက်နေသည့်ကြားက ယခုလို

    စားသောက်ဆိုင်ထဲထိလိုက်လာပြီး အရက်တွေတောင်း

    သောက်နေလို့ ရှေ့ဆက်ကူညီပေးဖို့ ဝန််လေးနေသည့်အတွက်

    မောင်ကျော်သက်၏ မိဘဆွေမျိုးများ မြင်တွေ့နိုင်စေရန်

    ရည်ရွယ်ပြီး liveလွင့် အသိပေးခဲ့ပါသည်။

    ဒီပိုစ့်လေးကိုလည်း ဝိုင်းဝန်းရှယ်ပေးသွားကြဖို့

    မေတ္တာရပ်ခံပါတယ်။

    ကျနော်တို့ မြန်မာနိုင်ငံသားတချို့လည်း ကောင်းတဲ့နိုင်ငံ

    ရောက်ရှိခဲ့တာတောင်မှ ကောင်းတဲ့ဘဝတစ်ခု မတည်ဆောက်

    နိုင်ခဲ့ကြဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ရဲ့ကျေးကျွန်ဖြစ်

    နေရပြဖြီး ဘဝတွေပါပျက်ကုန်ကြရပြီ 🥺

  • အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    MV GUO QIANG 8 ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံး

    နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော MV GUO QIANG 8 ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား ၂ ဦးက အင် ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း ရန်ကုန်အခြေစိုက် သင်္ဘောသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    “ဒီဖြစ်ရပ်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သင်္ဘောသား ၂ ဦးလုံးက မတော်တဆမှုပေါ့နော်။

    သင်္ဘော အင်ဂျင်ခန်း၊ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာ (Enclosed Space) တစ်ခုအတွင်း ဝင်ရောက်လုပ်ကိုင်နေစဉ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်တဲ့ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်အခြေစိုက်သင်္ဘောလိုင်းကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

    သေဆုံးသူ ၂ ဦးအနက် ကိုဝင်းထွဋ်ဝင်း (အသက် ၃၉ နှစ်) မှာ အိမ်ထောင်သည် ၁ ဦးဖြစ်ပြီး ဇနီးနှင့်သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကာ အခြားသေဆုံးသူ သင်္ဘောသား ကိုအုပ်စိုးအောင်မှာမူ လူပျိုလူလွတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

    ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်းအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောင်း၊

    ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။

  • ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ ငါးခူ နဲ့ မူးရင် ဘာမှမသိတဲ့ ရှာရှာ

    ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ ငါးခူ နဲ့ မူးရင် ဘာမှမသိတဲ့ ရှာရှာ

    ငယ်စဥ်ကတည်းက ခံစာ:လာရတဲ့ စိ.တ်ဝေဒ.နာ.ကြောင့် အရက်မူ:ရင် အကူညီတွေလျှောက်တောင်းမိတတ်ကြောင်း ရင်ဖွင့်လာတဲ့ ပက်ထရစ်ရှာ 😔💔

    အဲ့လိုကျတော့လည်း စိတ်မကောင်းစရာပဲနော်…

    ငါးခူရုပ်နဲ့ မော်ဒယ်ကို ရထားတော့ ပိုစ့်တွေ တင်လို့မဆုံ: ဖြစ်နေတဲ့ It’s Mint 🥰❤

    နင်တို့တွေ ဘာတတ်နိုင်ကြသေးလဲ?

    ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ ငါးခူ နဲ့ မူးရင် ဘာမှမသိတဲ့ ရှာရှာ လိုက်ဖက်လွန်းနေရော…😍

  • ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦးကို ရဲတပ်ဖွဲ့နဲ့အတူ ချစ်သူဖြစ်သူက နောက်ယောင်ခံလိုက်ကာ ကယ်တင်နိုင်ခဲ့

    ​ဖူးခတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အသက် (၁၇) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တည်းခိုခန်းတစ်ခုသို့ အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားတဲ့ ထိုင်းအမျိုးသား (၂) ဦးကို ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ​📌 ဖြစ်စဉ်အကျဉ်း

    ​ဖြစ်စဉ်မှာ (၁၁) ရက်နေ့ညက ဖူးခတ်မြို့ထဲတွင် အသက် (၂၃) နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ထိုင်းအမျိုးသား (၂) ဦးတို့ ဆိုင်ကယ်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

    ရန်ဖြစ်ပြီးနောက် လမ်းခွဲထွက်လာစဉ် အဆိုပါ ထိုင်းအမျိုးသားနှစ်ဦးက မြန်မာလူငယ်နှင့်အတူရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို သဘောကျသွားပြီး၊ မြန်မာလူငယ် မရှိခိုက်တွင် မိန်းကလေးကို ခြိမ်းခြောက်ကာ ဆိုင်ကယ်ပေါ် အလယ်မှာညှပ်၍ တည်းခိုခန်းတစ်ခုသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

    ​🚔 GPS အကူအညီဖြင့် အချိန်မီကယ်တင်နိုင်ခဲ့

    ​မိန်းကလေး ပျောက်ဆုံးသွားကြောင်း သိရှိပြီးနောက် ချစ်သူဖြစ်သူ မြန်မာလူငယ်က ရဲစခန်းသို့ အမြန်ဆုံး အကြောင်းကြားခဲ့ပြီး မိန်းကလေး၏ ဖုန်းမှ GPS တည်နေရာကို အသုံးပြုကာ ရဲတပ်ဖွဲ့နှင့်အတူ နောက်ယောင်ခံ လိုက်ခဲ့ကြသည်။

    ​တည်းခိုခန်းဝန်ထမ်း၏ ထွက်ဆိုချက်အရ

    ​”မနက်အစောကြီး (၃) နာရီလောက်မှာ ရောက်လာကြတာပါ။ ထိုင်းနှစ်ယောက်က အခန်းမြန်မြန်ရဖို့ အလောတကြီး လုပ်နေကြတယ်။ ကောင်မလေးကတော့ မျက်နှာမကောင်းဘူး၊

    ဒါပေမယ့် အကူအညီတောင်းသံ မကြားရတော့ ကျွန်တော်တို့လည်း သတိမထားမိလိုက်ဘူး” ဟု ဆိုသည်။

    ​⚖️ တရားခံများ၏ ထွက်ဆိုချက်နှင့် ပြစ်ဒဏ်

    ​ဖမ်းဆီးရမိသူ ထိုင်းအမျိုးသားနှစ်ဦးမှာ အသက် (၂၁) နှစ်နှင့် (၂၈) နှစ်တို့ ဖြစ်ကြသည်။

    ၎င်းတို့က “ဘာမှမလုပ်ရသေးဘူး၊ ကောင်မလေးချောလို့ သဘောကျလို့ ခေါ်လာတာ” ဟု ငြင်းဆိုထားသော်လည်း စစ်ဆေးချက်အရ ၎င်းတို့နှစ်ဦးစလုံးသည် မူးယစ်ဆေးဝါး (မြင်းဆေး) သုံးစွဲထားကြောင်း တွေ့ရှိရသည်။

    ​လက်ရှိတွင် ၎င်းတို့အား:

    ​မူးယစ်ဆေးဝါးသုံးစွဲမှု၊ ​အသက်မပြည့်သေးသူကို ခေါ်ယူပေါင်းသင်းရန် ကြံစည်မှု/အဓမ္မခေါ်ဆောင်မှု စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်နိုင်ရန် အမှုဖွင့် အရေးယူထားပါသည်။

    ​ရဲတပ်ဖွဲ့အနေဖြင့် မိန်းကလေးအား မည်သည့်နေရာမှ စတင်ဖမ်းဆီးခေါ်ဆောင်သွားသလဲ (အလုပ်အပြန် သို့မဟုတ် အခြားနေရာ) ဆိုသည်ကို အသေးစိတ် ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။

    ​သတိပေးချက် – မိမိတို့ နီးစပ်ရာ လူငယ်မောင်မယ်များအနေဖြင့် အပြင်သွားလာရာတွင် ဖုန်း GPS ဖွင့်ထားခြင်းနှင့် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို အမြဲဂရုပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

  • နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    ​ဒီနေ့ (၁၀. ၅ .၂၀၂၆) မနက်ပိုင်းမှာ ကိစ္စတစ်ခုနဲ့ “အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီ (ချောက်မြို့)” ရဲ့ စိုက်ကွက် (၁) ဖြစ်တဲ့ ရှစ်မျက်နှာဘုရားကုန်းစိုက်ခင်းထဲ ရောက်ခဲ့ပါတယ်။

    ​စိုက်ခင်းထဲ လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့သြတုန်လှုပ်ပြီး ရင်နာစရာပါပဲ။ ကျွန်တော်တို့ သေချာပြုစုပျိုးထောင်ထားတဲ့ အရွယ်ရောက်ပြီးသား “ရှားပင်” တွေကိုမှ ရွေးပြီး ခုတ်ဖြတ်ခိုးယူသွားကြတာကို တွေ့လိုက်ရပါတယ်။

    ​👋 ခုတ်ယူသွားတဲ့သူတွေကို မေးချင်ပါတယ်…

    ​ခင်ဗျားတို့ တကယ်ကို လူမဆန်လိုက်တာဗျာ။ ကျွန်တော်တို့ မြို့အပူချိန် လျော့ကျဖို့အတွက် ဒီသစ်ပင်တွေကို ၆ နှစ်ကျော်ကြာ အချိန်ပေး၊ လူပင်ပန်းခံပြီး စိုက်ပျိုးခဲ့ကြတာပါ။

    ​သစ်ပင်တစ်ပင် ဖြစ်လာဖို့ ဘယ်လောက် အချိန်ပေးရလဲ ခင်ဗျားတို့ သိလား?

    ​ကျွန်တော်တို့ သွေးချွေးတွေနဲ့ စိုက်နေချိန်မှာ ခင်ဗျားတို့တစ်ခါလောက် ရောက်ဖူးလား?

    ​ခင်ဗျားတို့အတွက်တော့ ဝန်းခြံတိုင် လုပ်ဖို့လောက်ပဲ မြင်မှာပေမဲ့ ဒါဟာ မြို့ရဲ့ အနာဂတ် အေးရိပ်တွေပါဗျာ။

    ​⚖️ သက်ဆိုင်ရာ တာဝန်ရှိသူများသို့…

    ​အများအကျိုးအတွက် စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ခုလို ဖျက်လိုဖျက်စီး လုပ်သွားတဲ့သူတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါတယ်။

    ​မိမိတို့ကိုယ်ကျိုးအတွက် မြို့ရဲ့ အေးရိပ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အားလုံးက ဝိုင်းဝန်း ကန့်ကွက်ပေးကြပါဦးဗျာ။