ဆရာဆရာမ တွေကျူရှင်မသင်ရဆိုရင်

ဆရာဆရာမ တွေကျူရှင်မသင်ရဆိုရင်

ညီတူညီမျှ
ဆရာဝန်တွေ သူနာပြုတွေလဲ အပြင်ဆေးခန်းမထိုင်နဲ့လေ

ကျူရှင် သင်တာကျောင်းကနေ
ဘာမှယူသင်လို့မရဘူး

ဆေးခန်းဖွင့်ရင်
ဆေးရုံကအစိုးရ ထုတ်ပေးတဲ့ဆေးတွေ ယူလာလို့ရတယ်နော်
သဘောပြောပြတာ
ယူလာတယ်လို့မစွပ်စွဲဘူးနော်

စာသင်ကျောင်းကျ အခမဲ့ပညာရေး ဆိုပြီး
ပေးတဲ့ထောက်ပံ့ကြေးက မလောက်မငှ

ဆေးရုံမှာကျ စရိတ်မျှပေး ကျန်းမာရေးတဲ့
ဘာရောဂါဖြစ်ဖြစ် ဆေးရုံသွားရင်
ဆေးက အပြင်က ဝယ်ရတာများတယ်နော်

စာရင်းလား လုပ်လို့ရတာပဲလေ
ဆရာဆရာမ တွေကိုပဲ တိုက်ခိုက်နေကြလို့

နောက် ဝန်ထမ်းတွေလဲရှိသေးတယ်နော်

လက်ဖက်ရည်ဖိုးဆိုပြီး ငါးထောင်ပေးရင်
စောင့်အောင့်နေတဲ့ဌာနတွေလဲ
အများကြီး

ကြပ်မလား ကြပ်ပါ
ဌာနပေါင်းစုံကို သေသေချာချာကြပ်ပါ

ဆရာဆရာမ ကျမှပဲ မျက်နှာမွဲမို့
ရိုးလို့ အလို့ ငြိမ်ခံနေတဲ့လူများလို့
သီးသန့် တိုက်ခိုက်မနေကြပါနဲ့

နိုင်ငံတိုးတက်ဖို့လုပ်မယ်ဆို
အဖက်ဖက်ကိုကြပ်ပါ
ကျူရှင် လောက်လေးမြင်မနေကြနဲ့

ကျူရှင် သင်ပြီးချမ်းသာတဲ့ လူက
တစ်ရာတစ်ယောက်မရှိဘူး

ဆေးခန်းဖွင့်ပြီး ချမ်းသာတာ
လဝက က တစ်လ သိန်းဘယ်လောက်
ထွေအုပ်က ဘယ်လိုဆိုတာ
ခင်ဗျားတို့ လဲ သိကြပါတယ်

လုပ်ပါ အကုန်လုံးကို တပြိုင်နက်တန်းတူ
ထိန်းချုပ်ပါ

တခြားဌာနတွေကို တိုက်ခိုက်တာမဟုတ်ဘူး
ကျွန်တော် မရေးလဲ သိကြတာပဲလေ

ကျွန်တော်တို့ ပညာရေးကိုပဲ
တိုက်ခိုက်နေကြလို့ ညှော်ပေးတာ

Ayemya Zaw


Comments

Leave a Reply

Your email address will not be published. Required fields are marked *