Author: Baby Yit Lone
-

ဗန်းမော်သို့ ဦးတည်မည့် စစ်သင်္ဘော ၂၀ ခန့် ဆန်တက်ရန်ပြင်ဆင်
စစ်ကူနှင့် ခဲယမ်းပို့ရန် မန္တလေးဂေါဝိန်ဆိပ်ကမ်းသို့ စစ်ကူယာဉ်တန်းများ ဆက်တိုက်ထွက်ခွာနေ ဗန်းမော်သို့ ဦးတည်မည့် စစ်သင်္ဘော ၂၀ ခန့် ဆန်တက်ရန်ပြင်ဆင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရွေးတုအစိုးရစစ်တပ်စခန်းများသို့ စစ်ကူနှင့် ခဲယမ်းများ ဖြည့်တင်းရန်အတွက် မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်မည့် ဂေါဝိန်ဆိပ်ကမ်းသို့ စစ်သုံးယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများ ဆက်တိုက်သယ်ယူပို့ဆောင်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့တွင် မန္တလေးနန်းတွင်းမှ ခဲယမ်းများ တင်ဆောင်ထားပြီး မိုးကာ အုပ်ထားသည့် စစ်သုံးမော်တော်ယာဉ်ကြီးများသည် ဂေါဝိန်ဆိပ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရသည်။ ထို့အပြင် ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်တွင်လည်း အလားတူ ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသည်ဟု ယူဆရသည့် စစ်သုံးကားကြီး…
-

စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
မိမိနေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ပြီး အုတ်ဖိုဒေသခံတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံး စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ မိမိပိုင်ဆိုင်သည့် နေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ကာ စိတ်ထိခိုက်ပြီး အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၃၁ ရက်က ချောင်းဂွကျေးရွာအတွင်းသို့ အင်အားသုံး ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော်…
-

ဖျက်ချခံလိုက်ရတယ်ဆိုတဲ့ ဟုမ်းသာဆန်း ရဲ့ SS တွေ
Post ကကျွန်တော်ဖျက်တာမဟုတ်ပါဘူးနော် ဘယ်သူတွေက report တွေဝိုင်းထုလည်းမသိဘူး facebooks က remove လုပ်လိုက်လို့ပါ Bullying and harassment နဲ့လုပ်တာဗျ သူကဘဲလုပ်ရတယ်ရှိသေး သူအရင်စပြီးတော့ 🙄 Psychopath 😖 ဖျက်ချခံလိုက်ရတယ်ဆိုတဲ့ ဟုမ်းသာဆန်း ရဲ့ SS တွေ
-

SS တွေ ကိစ္စ ပြန်ရှင်းပြလာတဲ့ လှနုထွန်း
မီဒီယာများ အနေနဲ့ ဟိုတယောက်ကို အင်တာဗျုးတဲ့အခါ လှနုရဲ့ဓာတ်ပုံကို ယူမသုံးဖို့အနူးအညွန့်တောင်းဆိုအပ်ပါတယ်ရှင့် လှနုနဲ့အကြောင်းကို သူ့ကို အင်တာဗျူးမလုပ်ဖို့လည်းတောင်းဆိုပါတယ်ရှင့် သူ့ရဲ့အနုပညာလုပ်ငန်းများပဲ ဗျူးပေးပါနော် March 5 ကစပြီး သူ ညီမငယ်တယောက်နဲ့ ၁၉ လမ်း ဗိုလ်တထောင်ဆိပ်ကမ်းနဲ့ ဗိုလ်ချုပ်ဈေး အလည်ကောင်းလို့ လှနုနဲ့ ပြတ်သွားတယ် သူလေးကလည်း အပျိုအစစ်ဆိုပဲ March 15 နောက်ပိုင်း အိမ်လာမှာစိုးလို့သူ့ကိုရွဲ့ပြီး အဲ့လိုပြောထားတာလေ ပြန်တည့်သွားချိန် သူ့ပြန်ပြောပြပါတယ် နောက်တော့ အဲ့ကောင်မလေးကိုသူလေယာဉ်ခစိုက်ပေးတယ် အတိုးများလို့ လှနုဆီက တစ်သိန်းချေးတယ် အဲ့တာနဲ့ ထပ်ရွဲ့ပြီး အသိတယောက် သူ့ဘာသာအနားယူ ထိုင်နေတာကို လှဲပြီးရိုက်ထားတယ် ဒါပေမယ့် သူ့ကို မပြဖြစ်ပါဘူး အဲ့ညသူ့ဆီအမေရီးကားကလက်ဆောင်တွေ unboxing ကို လှနုအိမ်မှာဖွင့်ကြည့်မယ်တဲ့ vlog ရိုက်ပေးဖို့ လာအကူအညီတောင်းရင်း လှနု ဖုန်းထဲကပုံကို…
-

ထားဝယ် အထက ၁ အခမ်းအနားတွင် ကျောင်းသူ ကျောင်းသား ၂၀ အစုလိုက် မူးမေ့လဲ
ထားဝယ်မြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းသူ၊ ကျောင်းသားများ အစုလိုက် မူးမေ့လဲကျကြောင်း ကျောင်းသားမိဘများ နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ အချို့ထံမှ သိရသည်။ ကျောင်းတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ကျောင်းတက်ချိန် ၉နာရီခန့်ကစပြီး အမှတ် ၁ ပင်မ ကျောင်းဆောင်ရှေ့ ၌ ကျောင်းသူ ၊ ကျောင်းသားများ မတ်တပ်ရပ်ပြီး ကျောင်းကောင်စီ အခမ်းအနားကျင်းပနေရာမှ ကျောင်းသူ၊ ကျောင်းသား နှစ်ဉီစတင်ပြီး မူးမေ့လဲကျကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ တာဝန်ရှိသူ ဦးန်ုင်မျိုးသွင်က ပြောသည်။ ကျန်ရှိသည့် ကျောင်သား ကျောင်းသူအချို့မှာ စာသင်ခန်းအတွင်း သို့ရောက်ရှိချိန် မူးဝေကြောင်း ၎င်းက ဆိုသည်။ “မူးမေ့လဲကျတာမှာ Grade6နဲ့…