ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ ကိုယ်ရေးအရာရှိက တပ်ရင်းမှူး ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်(ဗိုလ်စွမ်း)၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ဖြစ်သူ ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်

ဖြစ်စဉ်သည် ယနေ့ ဇွန်လ ၂၆ ရက် မွန်းလွဲ ၂နာရီခန့်တွင် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်မြစ်က ပြောသည်။

“ဒီနေ့အစည်းအဝေးမှာ ပုလဲမြို့နယ်က ရင်းတွေအကုန်ခေါ်တဲ့အချိန်မှာ စကားပြောနေတဲ့အချိန်မှာ အဲ့ဒီကလေး(ပုလဲမောင်ကို သတ်ခဲ့တဲ့သူ)က ပုလဲမောင်ကို သေနတ်နဲ့ပစ်လိုက်တာပေါ့။”ဟု ဖြစ်စဉ်သိရှိသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

အများရှေ့တွင် ပစ်သတ်ခံရသူတပ်ရင်းအမှတ် ၆၏ တပ်ရင်းမှူး ပုလဲမောင်

တပ်ရင်းမှူး ပုလဲမောင်ကို ပစ်သတ်ခဲ့သည့် ရဲဘော်ငဖြိုးအား စစ်ဥပဒေဖြင့် အရေးယူသွားမည်ဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၏ တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က ယနေ့ ( ဇွန် ၂၆ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဆရာ့ကိုလုပ်ကြံရန်လာငှားသူကိုပစ်သတ်သည့် စွမ်းသူမောင်ပီအေ

ထုတ်ပြန်ချက်တွင် ရဲဘော် ငဖြိုး ဆိုသူက ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော် ပုလဲမောင် အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် တပ်ရင်းမှူး ရဲဘော် ပုလဲမောင်သည် အဆိုပါနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားသည်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့သည့် ရဲဘော် ငဖြိုးအား လက်ရှိတွင် လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင် စစ်ဌာန အချုပ်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားရှိပြီး ဖြစ်ကာ၊ ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ပြတ်ပြတ်သားသား ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု NUG ကဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေများကို တိကျစွာ သိရှိနိုင်စေရန်နှင့် မလိုလားအပ်သော နောက်ဆက်တွဲ ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ် ကွင်းဆင်းစစ်ဆေးလျက် ရှိကာ၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်၏ ကျဆုံးမှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *