Author: Baby Yit Lone
-

စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ
တိုက်ပွဲပြင်းထန်လာသည့် စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ စစ်တွေတွင် စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့သိမ်းဆည်းခံရသည့် အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများထွက်ပြေးရန် အသင့်အနေအထားရှိကြောင်း သိရသည်။ စစ်တွေမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)၏ ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ဝင်ရောက်သိမ်းယူပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်တပ်အရာရှိပိုင်းနှင့် မိသားစု ဝင်များ ပြောင်းရွှေ့မှုရှိကြောင်း သိရသည်။ “စခန်းတွေ သိမ်းခံရပြီးတဲ့နေ့ပဲ တပ်အရာရှိမိသားစုတွေကို နေပြည်တော်ပို့တယ် ပြောတယ်။ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ သူတို့က ရုတ်ရုတ်သည်းသည်း လုပ်နေတော့လေ” ဟု သတင်းရင်းမြစ်က ပြောသည်။ ကံ့ကော်ကျွန်းရှိ စစ်ကော်မရှင်၏ ဒကစ ကာကင်းစခန်းနှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် AA…
-

ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ
အကြမ်းဖက် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခြိမ်းခြောက်ခေါ်ယူ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခေါ်ယူမှုများ လုပ်ဆောင်ရကြောင်း ဒေသပြည်သူများနှင့် မဲရုံများကို လိုက်လံစောင့်ကြည့်နေသော ကင်းထောက်လူငယ်များက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ အဖြစ် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊…
-

နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်
အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ် အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော်၊ဧလာမြို့အနီးရှိ စစ်တပ်ဂိတ်ကို ပြည်သူတို့၏ တောင်းဆိုမှုအရ လျှပ်တစ်ပြက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၂ဦး ဒဏ်ရာရခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာ နန်းချိုးချောင်း ရေ ကျော်၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၁၁ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။ “ခန့်မှန်း ၁၀မိနစ် ကျော်ကျော်ပါ။ ပြောက်ကျား ဝင်ပစ်တာပါ။ သူတို့ဘက်ကပြန် ပစ်ပါတယ်။ ဒါပေ မဲ့၊ ကျနော်တို့ကကြိုပြီးစီစဉ်ခဲ့နိုင်ပါတယ်။ ၂ ဦးကို နေပြည်တော် ကုတင်၁၀၀၀ကို ပို့တယ်လို့ သိထားပါတယ်။…
-

ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ
ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာတည်ရှိတဲ့ ခရိုင် ၃ ခုက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။ ဒီနေ့ မနက် ၂ နာရီအချိန်မှာပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ အနီးသွားလာတာ မလုပ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားကြောင်း ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာဌာန ISOC ရဲ့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “မကောင်းတဲ့အကြံအစည်ရှိတဲ့အဖွဲ့တွေက ဗုံးထောင်ပြီး တောင်ပိုင်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ ယာလာ၊ ပတ္တာနီနဲ့ နရသီဝပ်ခရိုင်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိုင်းရဲတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ထိုင်းမှာ…
-

ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ
ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြို့ခံနဲ့ စစ်ရေးအရင်းအမြစ်တချို့ဆီကပါ သိရပါတယ်။ အပိုင်း ၂ ရွေးကောက်ပွဲကို ပဲခူးတိုင်းထဲက မင်းလှ၊ ရေတာရှည်အပါအဝင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနဲ့ မိုးညိုစတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်မှာပါ။ “ဗုံးပေါက်တာလား လက်နက်ကြီးလားတော့မပြောတတ်ဘူး။ မနက် ၄ နာရီခွဲလောက်က ပေါက်ကွဲသံကြားခဲ့ရတာပါ။ အခုတော့ မြို့ကပုံမှန်လိုပါပဲ၊ မဲသွားထည့်နေတဲ့သူတွေလည်း ရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့…