Author: Baby Yit Lone

  • စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု

    စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တဲ့ အားနည်းချက်ပြင်ပြီး စစ်ကောင်စီပြုတ်အောင် တိုက်မယ်လို့ KNDF ခေါင်းဆောင် ကတိပြု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေနဲ့ ပိုကောင်းတဲ့ စစ်ရေးအမြင်တွေနဲ့ စစ်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားခဲ့ပြီး စစ်ကောင်စီပြုတ်အောင် ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၁ရက်မှာပြုလုပ်တဲ့ KNDFကို တော်လှန်ပြည်သူတွေ ဝန်းရံကြဖို့ရည်ရွယ် လုပ်ဆောင်တဲ့ ရတနာအားမာန် စကားဝိုင်း အစီအစဉ်မှာ ဥက္ကဋ္ဌ ခွန်းဘီထူးက အခုလို ရှင်းပြတာပါ။ “ဒီကာလမှာကျနော်တို့ ပြည်သူတွေအားရလောက်အောင် တချို့ စစ်မြေပြင်တွေ ဆက်မသိမ်းနိုင်တာက ကျနော်တို့ရဲ့အားနည်းချက်ဖြစ်ပါတယ်။ ဒီအားနည်းချက်ကို ပြင်ပြီးမှ ပြည်သူတွေလိုလားတဲ့ မြင်လိုတဲ့ စစ်ကောင်စီကို ပြုတ်အောင် ဆက်ပြီးမှ တိုက်ပါ့မယ်”လို့ ခွန်းဘီထူးက ကတိပေးပါတယ်။ ဒါ့အပြင် KNDF တပ်ဖွဲ့စည်းခဲ့တာဟာ…

  • “အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးခဲ့ဖူးလဲ ပြောစမ်းပါဦးလို့ ဆိုခဲ့ရင်”

    “အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးခဲ့ဖူးလဲ ပြောစမ်းပါဦးလို့ ဆိုခဲ့ရင်”

    “အောင်ဆန်းစုကြည် မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးခဲ့ဖူးလဲ ပြောစမ်းပါဦးလို့ ဆိုခဲ့ရင်” ၁။ ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမနီခရီးစဉ်တွင် မြန်မာနိုင်ငံမှ ပေးဆပ်ရမည့် အကြွေးများကို ထက်ဝက်မျှ လျော်ပါးခွင့် ရရှိခဲ့လေသည်။ (သူမ၏ ဂုဏ်သတင်းနှင့် မျက်နှာကြောင့်သာ ဖြစ်ပါ၏။) ၂။ လက်ပံတောင်းတောင် စီမံကိန်းကြီးကို စာချုပ်အသစ် ပြင်ဆင်ချုပ်ဆိုပေးနိုင်ခဲ့သည်။ လက်ပံတောင်းတောင်ရှိ လယ်ပိုင်ရှင်များ မြေယာလျော်ကြေး ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့၏။ (ယခင်က ပညာတတ် စစ်ဗိုလ်ချုပ်ကြီးများ ချုပ်ဆိုခဲ့သော စာချုပ်တွင် နိုင်ငံတော်မှ ၄% သာ ရပိုင်ခွင့်ရှိခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့သော စာချုပ်တွင်မူ နိုင်ငံတော်မှ ၄၀% အထိ ရပိုင်ခွင့် ရရှိသွားခဲ့သည်။ ယနေ့ ဝန်ထမ်းများ လစာတိုးမြှင့် ရရှိနေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရရှိအောင် ဆောင်ရွက်ပေးခဲ့သော ထို ၄၀%…

  • တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်

    စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ အပြီးတိုက်ခိုက်သိမ်းပိုက်၍ စစ်တပ်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့ရှိ တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ်များကို လာမည့်နှစ်လယ်မတိုင်မီ စစ်တပ်က အပြီးတိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလမှစတင်၍ အညာဒေသကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်ကို ထိုးစစ်ဆင်များဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးနှင့် ခြေမြန်တပ်များကို အညာဒေသ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေး စစ်ဆင်ရေး စီမံချက်တွင် ခေါ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။ “အညာဒေသ စစ်ဆင်ရေး စီမံချက်က လာမယ့်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဆုံး…

  • ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

    ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

    ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ် ငွေအဆမတန်တောင်းနေပြီး ဆေးပစ္စည်းတင်ရင် သိမ်းယူတာတွေ ရှိနေ စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မိုးကုတ်- ကျောက်မဲလမ်း မြို့အဝင် မိုင်းတင်းရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပြီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာ ရှိသလို ငွေသိန်းနဲ့ချီတောင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်လို့ ကျောက်မဲမြို့နယ်ထဲ နေထိုင်တဲ့ တအာင်းလူမျိုးတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း ကျောက်မဲမြို့ကနေ ဆေးဝါး တင်လာတဲ့ကားတစ်စီးကိုး မိုင်းတင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ငွေသိန်း ၃၀ တောင်းခံခဲ့တဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆေးကုသွားရင်တောင်တောင်ပေါ်ဒေသကဆင်းလာတဲ့လူဆို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာရှိသလို ကံကောင်းလို့ ဖြတ်ရတဲ့အချိန်လည်း ရှိပါတယ်။…

  • Boys Go to Jupiter

    Boys Go to Jupiter

    Boys Go to Jupiter (2025) ဒီဇာတ်လမ်းလေးကတော့ Animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီထဲမှာ ဘီလီဆိုတဲ့ကောင်လေးတစ်ယောက် ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်ပြီးတော့ လူငယ်တွေလိုပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါပေမဲ့ အသက်၁၆နှစ်ပြည့်ပြီးချိန်ကစလို့ သူဟာ သူ့အစ်မရဲ့ ဂိုထောင်ထဲမှာနေပြီးတော့ အစားအသောက် ပို့တဲ့အလုပ်နဲ့ ပိုက်ဆံရှာပါတော့တယ်။ သူ့အစ်မက ကျောင်းထားထားပေးပေမဲ့ သူကတော့ ကျောင်းမတက်တော့ဘဲ အလုပ်ကိုပဲလုပ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ပစ္စည်းလိုက်ပို့ရင်း ထူးဆန်းတဲ့ သတ္တဝါလေးတစ်ကောင်ကို မတော်တဆ ခေါ်ထားလိုက်မိပါတော့တယ်။ သူမသိတာကတော့ နာမည်ကြီးအချိုရည်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက အဲဒီအကောင်လေးကို အငမ်းမရလိုချင်နေတယ်ဆိုတာပါပဲ။ အဲဒီထူးဆန်းတဲ့ သတ္တဝါလေးက ဘယ်လိုအစွမ်းတွေရှိမလဲ? ဘာဖြစ်လို့ အချိုရည်ကုမ္ပဏီက သူ့ကိုလိုချင်နေတာလဲ?ဆိုတာနဲ့ အဲဒီသတ္တဝါလေးက ဘီလီကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။