Author: Baby Yit Lone

  • သစ်ချိုပင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    သစ်ချိုပင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

    ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network…

  • စစ်တပ်ဂိတ်တွင် ကားဟွန်းတီးသည်ဆိုပြီး ဝိုင်းရိုက်ခံရသူ ဆေးကုသရင်းသေဆုံး

    စစ်တပ်ဂိတ်တွင် ကားဟွန်းတီးသည်ဆိုပြီး ဝိုင်းရိုက်ခံရသူ ဆေးကုသရင်းသေဆုံး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌တောင်ကြီး-ဟိုပုံး သွား ကားလမ်းပေါ်က စစ်တပ်ဂိတ်မှာ ကားဟွန်းတီးတာကြောင့် ဆိုပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ အမျိုးသားဟာ ဆေးကုနေရင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကွန်ပျူတာကျောင်းနဲ့ နည်းပညာသိပ္ပံကျောင်း နားက စစ်ကောင်စီဂိတ်မှာ ဒီဇင်ဘာ ၁ ရက်ညက ကားဟွန်းတီးလို့ ဆိုပြီး အမျိူသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်ခဲ့ကြတာပါ။ ဒဏ်ရာအပြင်းအထန်ရရှိတာကြောင့် စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေရင်း ဒီဇင်ဘာ ၃ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဂိတ်မှာဟွန်းတီးတာ သူတို့ကိုမလေးမစားလုပ်တာဆိုပြီး ဝိုင်းရိုက်တာ၊ ခေါင်လည်းပေါက်သွားတယ်၊ ကျောရိုးတွေလည်းကျိုးသွားတယ်။ ကားဟွန်းလေးတီးတာကို လူတယောက်သေတဲ့အထိ ရိုက်သတ်သွားတာတော့လွန်လွန်းပါတယ်” လို့ ပြောပါတယ်။ သေဆုံးသူဟာ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ခွန်မောင်ထိပ်ဖြစ်ပြီး သူ့မှာ…

  • ကံကြမ္မာ မျက်လှည့်

    ကံကြမ္မာ မျက်လှည့်

    အောင်အောင်သည် ဆောက်လုပ်ရေး အင်ဂျင်နီယာ ကျောင်းဆင်းခါစ အလုပ်မရှိသေးသူ တစ်ယောက်ဖြစ်ပြီး နွေးနွေးသည် Eco ကျောင်းပြီးခါစ ဖြစ်သည်။ ချစ်သူနှစ်ဦးမှာ အလုပ်မရှိသေးခင် အိမ်မှ သဘောမတူသဖြင့် ခိုးပြေးကြသည်။ ဘယ်သွား၍ ဘယ်လာရမှန်း မသိကြ။ နှစ်ဦးသား ပါလာသော လက်ဝတ်ရတနာများအား ထုခွဲရောင်းချကာ အောင်အောင်၏ သူငယ်ချင်းဖြစ်သူ ဝင်းနိုင်အိမ်သို့ ရောက်ရှိလာကြသည်။ သပ်ရပ်သော နှစ်ထပ်အိမ်လေးသို့ ရောက်သော် “ဝင်းနိုင်ရေ ဝင်းနိုင်” “ဟာ အောင်အောင် အကြောင်းမကြား ဘာမကြားနဲ့” “အေး ငါ မိန်းမ ခိုးပြေးလာလို့။ အဲဒါ ဘယ်သွားရမှန်း မသိတာနဲ့ မင်းဆီမှာ ခဏနေမလို့ကွ။ ဒါ ငါ့ချစ်သူ နွေးနွေးတဲ့” “ဟားးး လန်းလှချည်လား အောင်အောင်ရ။ လာလာ အပေါ်တက်။ ခဏမဟုတ်ဘူး မင်းတို့ ပျော်သလောက်နေ…

  • Jay Kelly

    Jay Kelly

    Jay Kelly (2025) ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်က နာမည်ကြီး မင်းသားကြီးနှစ်လက်ဖြစ်တဲ့ George Clooney (ဂျော့ချ် ကလူးနီ) နဲ့ Adam Sandler (အဒမ် ဆန်းဒလား) တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ-ဒရာမာ (Comedy, Drama) ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီကားက Netflix မှာ ဒီဇင်ဘာ ၅ ရက်နေ့က ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ဂျေ ကယ်လီ (Jay Kelly) အကြောင်းပါ။ သူဟာ သူ့ရဲ့သစ္စာရှိတဲ့ မန်နေဂျာ ရွန် (Ron) နဲ့အတူ ခရီးတစ်ခု ထွက်ခွာလာပါတယ်။ ဒီခရီးစဉ်ဟာ ရိုးရိုးခရီးစဉ်မဟုတ်ဘဲ ကိုယ့်ကိုကိုယ်ကိုပြန်လည်ရှာဖွေတဲ့ (Self-discovery) ခရီးစဉ်ဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ ဂျေ ကယ်လီဟာ…

  • Believe: The Ultimate Battle

    Believe: The Ultimate Battle

    Believe: The Ultimate Battle (2025) အာဂုစ်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဖခင်၊စစ်ပွဲ အစရှိတဲ့အရာတွေကို နားမလည်နိုင်ဘဲ တစ်သက်လုံးကြီးပြင်းလာရသူပါ။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ခံစားခဲ့ရတဲ့ ဒုက္ခတွေ သောကတွေ ဝေဒနာတွေကို အနီးကပ်တွေ့မြင်လာရပြီး ဖခင်ဖြစ်သူရဲ့လုပ်ရပ်တွေကို သဘောမပေါက်နိုင်ခြင်းကတစ်ဖက်၊ အရွဲ့တိုက်လိုခြင်းတွေက တစ်ဖက်နဲ့လူပေလူတေလေးအဖြစ်အရွယ်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးဟာ သူ့ဖခင် သေဆုံးသွားချိန်မှာတော့ ပြောင်းလဲသွားခဲ့ပြီး အဖေ့အတွေးအခေါ်ခံစားချက်တွေ အိမ်မက်တွေကို လက်တွေ့ကျကျသဘောပေါက်နားလည်နိုင်ဖို့ အဖေ့ခြေရာနင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အာဂုစ်ရဲ့ခရီးစဉ်တစ်လျှောက်ကို အနီးကပ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်ကားကို အင်ဒိုနီးရှားစစ်တပ်ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ဆက်စပ်တင်ပြထားပြီး ၁၉၇၅ နဲ့ ၁၉၉၆ ကဖြစ်ရပ်တွေကို နောက်ခံထားပါတယ်။ ဘတ်ဂျက်ကိုကောင်းကောင်းသုံးထားပြီး Production Design အမိုက်စားတွေ၊ ခမ်းနားလှပတဲ့တိုက်ပွဲခန်းတွေကို ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ ဖန်တီးထားတာကို ရှုစားရပါလိမ့်မယ်။