📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်တပ်ဂိတ်တွင် ကားဟွန်းတီးသည်ဆိုပြီး ဝိုင်းရိုက်ခံရသူ ဆေးကုသရင်းသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌တောင်ကြီး-ဟိုပုံး သွား ကားလမ်းပေါ်က စစ်တပ်ဂိတ်မှာ ကားဟွန်းတီးတာကြောင့် ဆိုပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ အမျိုးသားဟာ ဆေးကုနေရင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွန်ပျူတာကျောင်းနဲ့ နည်းပညာသိပ္ပံကျောင်း နားက စစ်ကောင်စီဂိတ်မှာ ဒီဇင်ဘာ ၁ ရက်ညက ကားဟွန်းတီးလို့ ဆိုပြီး အမျိူသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်ခဲ့ကြတာပါ။

ဒဏ်ရာအပြင်းအထန်ရရှိတာကြောင့် စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေရင်း ဒီဇင်ဘာ ၃ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဂိတ်မှာဟွန်းတီးတာ သူတို့ကိုမလေးမစားလုပ်တာဆိုပြီး ဝိုင်းရိုက်တာ၊ ခေါင်လည်းပေါက်သွားတယ်၊ ကျောရိုးတွေလည်းကျိုးသွားတယ်။ ကားဟွန်းလေးတီးတာကို လူတယောက်သေတဲ့အထိ ရိုက်သတ်သွားတာတော့လွန်လွန်းပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူဟာ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ခွန်မောင်ထိပ်ဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သားတယောက် ကျန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ခွန်မောင်ထိပ် ကို ဒီဇင်ဘာ ၅ ရက် မနေ့က ပအိုဝ်းဓလေ့အတိုင်း မိသားစုက အလှူပွဲ၊ အမျှဝေပွဲလုပ်ပေးပြီး သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

အဲဒီစစ်ကောင်စီဂိတ်ဟာ လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ ကုန်ကား ခရီးသည်တင်ကားတွေကနေ ငွေညှစ်တာလည်း လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်