Author: Baby Yit Lone
-

ပဇီတိုက်ပွဲ မြန်မာစစ်တပ် အထိနာကာ စစ်ကြောင်းပြိုလဲ
AA က ထပ်မံလိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေ ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် မြန်မာစစ်တပ်က အထိနာ အကျအဆုံးများပြီး စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ” မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး ပဇီရွာကို စစ်ကြောင်း ထိုးတာ။ နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်း စစ်ကြောင်း ပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။ အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။ ခုလို နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်…
-

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးဆောက်ထားသော အိမ်သို့ ရွှေ့ပြောင်းထား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သီးသန့်ထောင်သဖွယ် အထူးဆောက် လုပ်ထားသောအိမ်သို့ ပြီးခဲ့သည့် သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ရက်)က အရေးပေါ် ပြောင်းရွှေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယင်းနေအိမ်သည် နေပြည်တော်ရှိ စစ်တပ်နယ်မြေအတွင်း တိုက်ရိုက်တည်ရှိခြင်းမဟုတ်ဘဲ စစ်တပ်မိသားစုများ နေထိုင်ရာမြို့နယ်တွင် တည်ရှိကြောင်း၊ သိသာထင်ရှားသည့် အလွန်မြင့်မားသော ခြံစည်းရိုးများကို ပတ်ပတ်လည်ခတ်ထားကြောင်း သိရသည်။ ထို့အဆောက်အအုံမှာ ဒေါ်အောင်ဆန်းစုကြည် မပြောင်းရွှေ့မီ အရေးပေါ် အမြန်အချောသတ် ဆောက်လုပ်ခဲ့ခြင်းဖြစ် နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောင်းရွှေ့ပြီး နောက်တရက် နှစ်ဆန်းတရက်နေ့ (ဧပြီ ၁၇ ရက်)တွင် သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၂၅…
-

ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်
ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ”ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်”ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။ ဒီထုတ်ပြမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်တဲ့” Proof of Life” လှုပ်ရှားမှု၊ အာဆီယံရဲ့ ဖိအားပေးတောင်းဆိုမှု၊ တရုတ်၊ထိုင်းနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးရာလှုပ်ရှားမှုနောက်ခံများအဖြစ် ရှုမြင်နေကြပါတယ်။ ဒါပေမဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ပုံစံကိုသာ ပြောင်းလဲလိုက်ခြင်းလည်းဖြစ်ပါတယ်။ ရွှေ့ကွက်တခုအဖြစ်ပုံဖော်ခံထားရတဲ့ ဒီအရွေ့က နေပြည်တော်အတွက် နိုင်ငံရေးအရအသိအမှတ်ပြုခံရရေး အကျပ်တည်းတွေကိုလျော့ပါးလာစေဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေလား ဒေါ်အောင်ဆန်းစုကြည်ကို ”နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီ” ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ညမှာ နေပြည်တော်က ကမ္ဘာတဝန်းကို အသံထုတ်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကတော့…
-

မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်
မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော် မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုမေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား…
-

အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်
မိမိနိုင်ငံတွင်း ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် ပြော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်အပေါ် ဝေဖန်မှုတွေ ပိုမို ပြင်းထန်စွာ ပြုလုပ်လာခဲ့ပြီး ၎င်းရဲ့ အီရန်အရေး ချဉ်းကပ်ပုံအပေါ် မှတ်ချက်ပေးခြင်းထက် မိမိနိုင်ငံတွင်း ပြဿနာတွေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲကိုသာ အာရုံစိုက်ဖို့ ပြောကြားလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖရိုင်းဒရစ်မာ့ဇ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အီ ရန်ရဲ့ နူကလီးယား ရည်မှန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မာ့ဇ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ အကွက်ရွှေ့မှုတွေအောက်မှာ အသာစီး အယူခံလိုက်ရတယ်လို့ ဖရိုင်းဒရစ်မာ့ဇ်ရဲ့ မကြာခင်က ပြောကြားချက်အပေါ် ဒေါ်နယ်ထရမ့်က စိတ်အ နှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ “ဂျာမနီဝန်ကြီးချုပ်အနေနဲ့ လုံးဝထိရောက်မှုမရှိတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ…